Shwe News

ထီေပါက္လို႔ ေပ်ာ္ေနတဲ့ ပပဝင္းခင္ 🙂 🙂 🤩

မတ္လကို ကံေကာင္းျခင္းေတြနဲ႕ စတင္လိုက္ခဲ့တာေၾကာင့္ ပပဝင္းခင္းတစ္ေယာက္ ေပ်ာ္လို႕ေနပါတယ္။ ပပဝင္းခင္တစ္ေယာက္ ထီေပါက္တယ္လို႕ သိရပါတယ္။

သရုပ္ေဆာင္ ပပဝင္းခင္က မတ္လကို ကံေကာင္းျခင္းေတြနဲ႕ စတင္လိုက္ပါၿပီ။ (၁၀၀၀) တန္ထီ ထုတ္ေဝျခင္း (၁)ႀကိမ္ေျမာက္မွာ ထီေပါက္ခဲ့ၿပီလို႕ သူမက ဆုိပါတယ္။ဆုႀကီးေတြနဲ႕ နည္းနည္းေလးစီပဲ လြဲသြားခဲ့ေပမယ့္ ငါးေသာင္းဆု ေပါက္ခဲ့တယ္လို႕ သူမက ေျပာပါတယ္။

“( ၁ ) ျကိမ္ေျမာက္မွာ ျမတ္စြာဘုရားက 50000ဆု ခ်ီးျမႇင့္တယ္ေလ ။ဆုႀကီးေတြ နည္းနည္းေလးစီလြဲသြားတယ္

အၿမဲ အလႉမျပတ္ လွဴခြင့္ရလို႔ စိတ္ခ်မ္းသာ ၾကည္ႏူးရပါတယ္” ဆုိၿပီး မတ္လ(၁) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။

ပပဝင္းခင္တို႕ မိသားစုဟာ ေက်ာမခင္းဆရာေတာ္ႀကီးေက်ာင္းမွာ တည္ေနတဲ့ ဘုရားႀကီးအတြက္ လိုအပ္တာေတြလည္း လွဴဒါန္းထားတယ္လို႕ ဆုိပါတယ္။

“ပပတို႔မိသားစု ေက်ာမခင္းဆရာေတာ္ႀကီး ပဲခူးေက်ာင္းမွာ ဘုရားတည္ေနတာ ဘုရားမုဒ္တမုဒ္ နဲ႔ အေသာကတံခြန္တိုင္ လွဴထားပါတယ္ .

ခ်စ္ပရိသတ္မ်ား ထပ္တူကုသိုလ္မ်ားရၾကပါေစ အၿမဲ အလွဴမျပတ္ လွဴခြင့္ရပါေစ” ဆုိၿပီး သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာထားတာပါ။

ပပဝင္းခင္က အႏုပညာအလုပ္ေတြ မလုပ္ျဖစ္တာ ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ လက္ရွိမွာ မိသားစုနဲ႔အတူ စီးပြားေရးဘက္ကို ေဇာက္ခ်လုပ္ကိုင္ျဖစ္ေနတာကုိ ေတြ႔ရပါတယ္။ သူမကေတာ့ သရုပ္ေဆာင္ေလာကမွာ ပရိသတ္အားေပးမႈ ရရွိထားသူတစ္ဦးပါ။ အခုခ်ိန္ထိလည္း သူမရဲ႕ပရိသတ္ေတြက ဇာတ္ကားေတြ ျပန္ရိုက္ဖို႔ ေတာင္းဆိုေနတာေတြလည္း ရွိပါတယ္။

အႏုပညာအလုပ္ေတြ မလုပ္ျဖစ္ေတာ့ေပမယ့္လည္း ပရိသတ္ေတြနဲ႕ အဆက္အသြယ္မျပတ္ေအာင္ သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္ကေန အၿမဲတမ္း အဆက္အသြယ္လုပ္ေနတာကိုလည္း ေတြ႕ရပါတယ္။ ပပဝင္းခင္က လူမႈကြန္ယက္ စာမ်က္ႏွာကေန Comment လာေပးသူတုိင္းကုိ စကားျပန္ေျပာေလ့လည္း ရွိပါတယ္။

အသက္ ၃၀ ေက်ာ္ၿပီျဖစ္တဲ့ ပပဝင္းခင္ရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ေကာလာဟလေတြ မရွိသလုိ ပရိသတ္ကုိလည္း ဖြင့္ဟေျပာျပလာတာမ်ဳိး မရွိေသးပါဘူး။

စီးပြားေရး အလုပ္ေတြ၊ ဘာသာေရးအလုပ္ေတြနဲ႔ ေပ်ာ္ရႊင္ေနသူတစ္ေယာက္ ျဖစ္ပါတယ္။ သူမရဲ႕အစ္ကုိျဖစ္သူ သရုပ္ေဆာင္ေက်ာ္ရွိန္းကလည္း မိသားစု စီးပြားေရးေတြမွာ ဝုိင္းဝန္းလုပ္ကုိင္ေနပါတယ္။

Credit: Duwun

  • Unicode

မတ်လကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ခဲ့တာကြောင့် ပပဝင်းခင်းတစ်ယောက် ပျော်လို့နေပါတယ်။ ပပဝင်းခင်တစ်ယောက် ထီပေါက်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ပပဝင်းခင်က မတ်လကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပါပြီ။ (၁၀၀၀) တန်ထီ ထုတ်ဝေခြင်း (၁)ကြိမ်မြောက်မှာ ထီပေါက်ခဲ့ပြီလို့ သူမက ဆိုပါတယ်။ဆုကြီးတွေနဲ့ နည်းနည်းလေးစီပဲ လွဲသွားခဲ့ပေမယ့် ငါးသောင်းဆု ပေါက်ခဲ့တယ်လို့ သူမက ပြောပါတယ်။

“( ၁ ) ကြိမ်မြောက်မှာ မြတ်စွာဘုရားက 50000ဆု ချီးမြှင့်တယ်လေ ။ဆုကြီးတွေ နည်းနည်းလေးစီလွဲသွားတယ်

အမြဲ အလှူမပြတ် လှူခွင့်ရလို့ စိတ်ချမ်းသာ ကြည်နူးရပါတယ်” ဆိုပြီး မတ်လ(၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ပပဝင်းခင်တို့ မိသားစုဟာ ကျောမခင်းဆရာတော်ကြီးကျောင်းမှာ တည်နေတဲ့ ဘုရားကြီးအတွက် လိုအပ်တာတွေလည်း လှူဒါန်းထားတယ်လို့ ဆိုပါတယ်။

“ပပတို့မိသားစု ကျောမခင်းဆရာတော်ကြီး ပဲခူးကျောင်းမှာ ဘုရားတည်နေတာ ဘုရားမုဒ်တမုဒ် နဲ့ အသောကတံခွန်တိုင် လှူထားပါတယ် .

ချစ်ပရိသတ်များ ထပ်တူကုသိုလ်များရကြပါစေ အမြဲ အလှူမပြတ် လှူခွင့်ရပါစေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

ပပဝင်းခင်က အနုပညာအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ လက်ရှိမှာ မိသားစုနဲ့အတူ စီးပွားရေးဘက်ကို ဇောက်ချလုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ သူမကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးပါ။ အခုချိန်ထိလည်း သူမရဲ့ပရိသတ်တွေက ဇာတ်ကားတွေ ပြန်ရိုက်ဖို့ တောင်းဆိုနေတာတွေလည်း ရှိပါတယ်။

အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ အမြဲတမ်း အဆက်အသွယ်လုပ်နေတာကိုလည်း တွေ့ရပါတယ်။ ပပဝင်းခင်က လူမှုကွန်ယက် စာမျက်နှာကနေ Comment လာပေးသူတိုင်းကို စကားပြန်ပြောလေ့လည်း ရှိပါတယ်။

အသက် ၃၀ ကျော်ပြီဖြစ်တဲ့ ပပဝင်းခင်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ကောလာဟလတွေ မရှိသလို ပရိသတ်ကိုလည်း ဖွင့်ဟပြောပြလာတာမျိုး မရှိသေးပါဘူး။

စီးပွားရေး အလုပ်တွေ၊ ဘာသာရေးအလုပ်တွေနဲ့ ပျော်ရွှင်နေသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့အစ်ကိုဖြစ်သူ သရုပ်ဆောင်ကျော်ရှိန်းကလည်း မိသားစု စီးပွားရေးတွေမှာ ဝိုင်းဝန်းလုပ်ကိုင်နေပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment