Shwe News

ပ်ားတူေျမေအာင္း (သုိ႔) အသားစားပ်ားဆိုတာ (ေျခေထာက္အသိမ္းျမန္တဲ့ျမင္းကုိေတာင္ အရိုးက်န္ပဲက်န္ေအာင္စားႏုိင္တယ္တဲ့ဗ်ာ)

၁၉၇၀ ျပည့္ႏွစ္ေလာက္က အာရွနဲ႕ဥေရာပတစ္ခြင္မွာ သတင္းဆိုးနဲ႕ နာမည္ေက်ာ္ၾကားခဲ့တဲ့ ေတာၾကီးပ်ားတူ(ေခၚ) ပ်ားတူေျမေအာင္းေကာင္ေတြဟာ အရမ္းအႏၱရာယ္မ်ားတဲ့ အင္းဆက္ေတြပဲျဖစ္ပါတယ္။သူတုိ႕ရဲ႕အတုပ္ခံခဲ့ရေသာ္၄င္း ၊အကုိက္ခံရခဲ့ရင္၄င္း အသက္အႏၱရာယ္ စိုးရိမ္ရတဲ့အထိျဖစ္ႏုိင္ေခ်ရွိပါတယ္ ။ဒီအင္းဆက္ေတြဘယ္ေလာက္ထိ အႏၱရာယ္မ်ားသလဲဆုိတာကုိ က်ေနာ္တို႔ေလ့လာၾကည့္လိုက္ရေအာင္ ။

၁ – တကယ္ေတာ့ ေတာၾကီးပ်ားတူ(၀ါ) ပ်ားတူေျမေအာင္းေကာင္ေတြဟာ လူေတြထင္ထားသလိုမ်ိဳး ရန္လိုတတ္တဲ့အင္းဆက္ေတြေတာ့မဟုတ္ၾကပါဘူး ။သူတုိ႕ဟာ အျခားအင္းဆက္ေတြလုိပဲ အသိုက္ေဆာက္ေနထိုင္ေလ့ရွိျပီး သူတုိ႕အတြက္ ရန္သူလုိ႕ ယူဆရတဲ့အခါမွသာ ကာကြယ္တဲ့အေနနဲ႕ တုိက္ခိုက္ၾကတာပဲျဖစ္ပါတယ္ ။ေတာၾကီးပ်ားတူအသိုက္နဲ႕ ၂ မီတာ ၃ မီတာအကြာအေဝးအတြင္းဟာ အရမ္းကုိ အႏၱရာယ္မ်ားတဲ့ေနရာတစ္ခုေပါ့ ။ဒါေၾကာင့္တစ္ခ်ိဳ႕ပညာရွင္ေတြဟာ ေတာၾကီးပ်ားတူေတြဟာ အလြန္ရွက္တတ္တဲ့အင္းဆက္ေတြလုိ႕ တင္စားထားၾကေလ့ရွိပါတယ္ ။တိုက္ခိုက္တာမ်ိဳးကုိမလိုလားတဲ့အင္းဆက္ေတြျဖစ္ျပီး လိုအပ္တဲ့အခါမွသာ တိုက္ခိုက္တတ္တဲ့အင္းဆက္ေတြျဖစ္ပါတယ္။

၂ – ပိတုန္းေတြနဲ႕ေတာၾကီးပ်ားတူေတြဟာ မ်ိဳးစိတ္တစ္ခုထဲပါပဲ ။ပ်ားတူေတြကေတာ့ အေရာင္ရင့္ျပီး ၊ အေကာင္ၾကီးမားတဲ့အျပင္ အုပ္စုၾကီးၾကီးမားမားဖြဲ႕ျပီးေနတဲ့ အင္းဆက္ေတြျဖစ္ပါတယ္ ။ပိတုန္း နဲ႕ ပ်ားတူနဲ႕အဓိကကြာျခားတဲ့ အခ်က္ကေတာ့ အရြယ္အစားပါပဲ ။ပ်ားတူဟာ ပိတုန္းထက္ အရြယ္ၾကီးမားျပီးေတာ့ ပိတုန္းေတြလုိ အဝါေရာင္နဲ႕အနက္ေရာင္အစင္းၾကားမဟုတ္ပဲ လိေမၼာ္နီေရာင္အစင္းၾကားရွိေလ့ရွိပါတယ္ ။

၃ – ပ်ားတူေျမေအာင္းလုိ႕ေျပာၾကတဲ့ ပ်ားတူေတြဟာလည္း ေတာၾကီးပ်ားတူေတြပါပဲ ။သူတို႕ဟာမ်ားေသာအားျဖင့္ ေတာင္ပို႕ ၊ သစ္ပင္ထိပ္ဖ်ား ၊ အမိုးေအာက္ ၊ ခံုေအာက္ ၊ အဖီေအာက္ ၊ သစ္ေခါင္းေတြနဲ႕ ေျမၾကီးထဲမွာ အသိုက္ေဆာက္တတ္ၾကပါတယ္ ။တစ္ခါတစ္ေလမွာ ပ်ားတူသိုက္ေတြကုိ စာဘူးေတာင္းအသိုက္လုိတြဲေလာင္းအေနအထားမ်ိဳးနဲ႕လည္းေတြ႕ရတတ္ပါတယ္ ။ ေျမၾကီးထဲမွာ အသိုက္ဖြဲ႔ေနတဲ့ေကာင္ေတြဆို အေကာင္ေရေပါင္း ရာေထာင္ခ်ီပီးရွိတတ္ပါတယ္ ၊ ( ေနာက္ပီး သူတို႔မွာ ကင္းေစာင့္ပ်ားေတြလည္းရွိပါတယ္ သူတို႔ရဲ႕အသိုက္အၿမံဳနားကုိ လူတစ္ေယာက္ (သုိ႔) တိရိစာၦန္တစ္ကာင္ဦးတည္လာေနပီဆိုရင္ ကင္းေစာင့္ပ်ားက တျခားပ်ားေတြကုိ သြားေရာက္သတိေပးထားပါတယ္ ၊ တကယ္လို႔တစံုတေယာက္သာ သူတို႔ေျမတြင္း(သို႔) ေတာင္ပို႔ေပၚေျခေထာက္နင္းမိရင္ေတာ့ ေျခအႏႈတ္အသိမ္းျမန္တဲ့ျမင္းလိုတိရိစာၦန္ေတာင္ေျခေထာက္ျပန္သိမ္းတဲ့အခါမွာ အရုိးပဲပါလာမွာပါ ၊ တစ္ကုိယ္လံုးက်သြားရင္ေတာ့ ေျပာစရာမရွိေတာ့ဘူးေပါ့ဗ်ာ၊ ဒီပ်ားတူေျမေအာင္းေကာင္ေတြက ပ်ားလည္ ေတြလို႔ေျပာရင္လည္းမမွားပါဘူး ။

ဘာလို႔လဲဆိုေတာ့ သူတို႔ဟာ သူတို႔အသိုက္ကုိ ဖ်က္မဲ့သူေတြ သူ႕တို႔ကုိေတြ႕ပီး အသိုက္ေနာက္လိုက္လာမွာစုိးတဲ့အတြက္ မိမိအသိုက္ရွိရာျပန္ရင္ေတာင္မွာ တန္းတန္းမတ္မတ္မျပန္ပဲေကာင္းကင္ေပၚသုိ႔ဟုန္းခနဲ တက္သြားပီး အခ်ိန္ခဏၾကာမွသာ ျပန္ဆင္းလာပီး မိမိအသိုက္သုိ႔ျပန္တတ္ၾကပါတယ္ ) ဒါကေတာ့ စာေရးသူဖတ္ဖူးခဲ့တဲ့စာအုပ္ထဲကျဖည့္စြက္ခ်က္ပါတခ်ိဳ႕လူေတြကေတာ့ အသားစားပ်ားဆိုတာမရွိဘူးလို႔ေျပာၾကပါတယ္ တခ်ိဳ႔ၾကေတာ့လည္း ယံုၾကည္ၾကပါတယ္ ဒီေတာ့ စာဖတ္သူပရိတ္သတ္တို႔လဲ အသားစားပ်ားအေၾကာင္းမိမိတို႔ၾကံဳခဲ့ဖူးတာရွိရင္ ကြန္႔မန္႔မွာမွ်ေ၀သြားခဲ့ပါဦး ။

၄ – ပ်ားတူေတြဟာ ဝတ္မႈန္ကူးျခင္းကုိ ထိန္းခ်ဳပ္ထားတဲ့ အင္းဆက္ေတြလည္းျဖစ္ပါတယ္ ။အထူးျဖင့္မႊားေကာင္လုိ အပင္ဖ်က္မ်ိဳးေတြကို ရွင္းလင္းေပးတဲ့အတြက္ စိုက္ပ်ိဳးေရးလုပ္ငန္းအတြက္ အလြန္အေထာက္အကူျပဳတဲ့အင္းဆက္ေတြဆုိလည္းမမွားပါဘူးပ်ားေတြရဲ႕ အဓိကအစားအေသာက္ကေတာ့ အခ်ိဳဓါတ္ နဲ႕ ပရိုတိန္းဓါတ္ပါပဲ ။သစ္သီးဝလံေတြမွရရွိတဲ့ အခ်ိဳရည္မ်ိဳးကုိစားသံုးေလ့ရွိျပီး သစ္ေစးကိုလည္း ႏွစ္ျခိဳက္စြာ စားသံုးေလ့ရွိၾကပါတယ္ ။ပရိုတိန္းဓါတ္ကိုေတာ့ အျခားအင္းဆက္နဲ႕ သတၱဝါေတြမွရယူပါတယ္ ။ (အျခားအင္းဆက္ေတြနဲ႕ သတၱဝါေတြကုိ စားသံုးျခင္းပဲျဖစ္ပါတယ္)

၅ – ပ်ားတူေတြရဲ႕ အႏွစ္ျခိဳက္ဆံုးစားစရာတစ္ခုကေတာ့ ပ်ားရည္ပါပဲ ။ပ်ားရည္ဟာ သူတုိ႕ရဲ႕ ဘုရင္မအတြက္ အေကာင္းဆံုးပရုိတိန္းဓါတ္ေပးစြမ္းႏုိင္မယ့္အရာတစ္ခုျဖစ္တဲ့အျပင္ အခ်ိဳဓါတ္ပါဝင္မႈအျမင့္မားဆံုးျဖစ္တဲ့အတြက္ေၾကာင့္ပါပဲ ။ပ်ားတူေတြဟာ ပ်ားအံုေတြကုိလည္းအလြယ္တကူဝင္စီးႏုိင္ပါတယ္ ။သာမန္ပ်ားတစ္ေကာင္ရဲ႕အရြယ္အစားထက္ ၅ ဆေလာက္ၾကီးမားတဲ့အျပင္ ပ်ားတူတစ္ေကာင္ဟာ တစ္မိနစ္ကုိ ပ်ားေကာင္ေရ ၄၀ ေလာက္သတ္ျဖတ္ႏုိင္စြမ္းရွိပါတယ္ ။ဒါေပမယ့္ ဂ်ပန္ႏုိင္ငံကပ်ားေတြကေတာ့ သူတုိ႕အံုကုိ ပ်ားတူတစ္ေကာင္လာေထာက္လွမ္းတာနဲ႕ အသုိက္ကုိအေၾကာင္းမၾကားႏုိင္ခင္ ဝိုင္းတုပ္ျပီးအေသသတ္ပစ္လုိက္ၾကပါတယ္ ။အေသသတ္တယ္ဆုိတဲ့ေနရာမွာ ပ်ားတူကုိ ဝိုင္းတုပ္ျပီး သတ္ၾကတာမဟုတ္ပါဘူး ။ပ်ားတူေတြဟာ ပ်ားရဲ႕အဆိပ္ကုိမျဖံဳပါဘူး ။ဒီအတြက္ ဝတ္ရည္ပ်ားေတြဟာ ပ်ားတူေဘးကုိ ဝိုင္းအံုလာျပီးေတာ့ သူတုိ႕ ခႏၶာကိုယ္ကို ျမန္ႏႈန္းတစ္ခုနဲ႕ လႈပ္ခါပစ္ၾကပါတယ္။ ဒီၾကိမ္ႏႈန္းေၾကာင့္ ပ်ားတူရဲ႕ခႏၶာကုိယ္အေပၚသက္ေရာက္ေနတဲ့ အပူခ်ိန္ဟာ ရုတ္ခ်ည္းျမင့္တက္ျပီးေတာ့ ပ်ားတူကို အရွင္လတ္လတ္ေလာင္ကြ်မ္းသြားပါတယ္ ။ဂ်ပန္ႏုိင္ငံက ပ်ားေတြသာ အခုလုိစြမ္းေဆာင္ႏုိင္ျပီး အျခားကမၻာအရပ္ရပ္က ပ်ားေတြကေတာ့ ပ်ားတူေတြရဲ႕လက္ေအာက္မွာ ျပားျပားဝပ္ေနရတုန္းပါ ။ (ပ်ားဖိုက္တာေပါ့ဗ်ာ)

၆ – ပ်ားတူရဲ႕အဆိပ္ဟာ အရမ္းကို အႏၱရာယ္မ်ားပါတယ္ ။ေသေစႏိုင္ေလာက္တဲ့အဆင့္ထိ မျပင္းထန္ေပမယ့္လည္း အခက္မသင့္ရင္ အသက္ဆံုးရွံဳးသြားႏုိင္ပါတယ္ ။ပ်ားတူရဲ႕အဆိပ္ဟာ ၾကြက္သားေတြကုိ ေရာင္ယမ္းေစေလာက္တဲ့အထိပဲ အႏၱရာယ္ရွိတာပါ ။ သူတုိ႕ရဲ႕အဆိပ္ကုိ လူရဲ႕ခႏၶာကုိယ္က အဆိပ္တစ္ခုလုိ႕ မစဥ္းစားေပမယ့္ အေကာင္ၾကီးလြန္းတဲ့အတြက္ အဆိပ္ပမာဏအမ်ားၾကီးထုိးသြင္းတာေၾကာင့္ အႏၱရာယ္ရွိရတာပဲျဖစ္ပါတယ္ ။တကယ္လုိ႕လည္ပင္းကုိပ်ားတူေတြအမ်ားၾကီးအတုပ္ခံရရင္ ေလျပြန္ထိခိုက္ျပီး အသက္အႏၱရာယ္ရွိလာႏုိင္တာေပါ့ ။

၇ – ဒါေပမယ့္ ဂ်ပန္ႏုိင္ငံသားေတြကေတာ့ ပ်ားတူကုိ သိပ္မေၾကာက္တဲ့ပံုပါပဲ ။ဂ်ပန္ႏုိင္ငံက ရြာေတြဟာ ပ်ားတူေတြကုိ အရသာရွိတဲ့ အစားအေသာက္တစ္မ်ိဳးအျဖစ္သတ္မွတ္ျပီး ေၾကာ္ေလွာ္ခ်က္ျပဳတ္စားသံုးၾကေလ့ရွိပါတယ္ ။ သူရဲ႕အရသာက ေတာ္ေတာ္ေကာင္းတယ္ထင္ပါတယ္ထုိ႕အျပင္ ပ်ားတူသားေလာင္းေကာင္ေတြဟာလည္း အခ်ိဳဓါတ္ပါဝင္မႈျမင့္မားျပီး အမိုင္ႏိုအက္ဆစ္ပါဝင္တဲ့အတြက္ ပ်ားတူသားေလာင္းေတြကို အားျဖည့္အခ်ိဳရည္ေဖာ္စပ္တဲ့ေနရာမွာအသံုးျပဳၾကေလ့ရွိပါေသးတယ္ ။တကယ္လုိ႕ သင္ေသာက္ေနတဲ့အားျဖည့္အခ်ိဳရည္ဘူးထဲမွာ ပ်ားတူသားေလာင္းေတြပါေနခဲ့မယ္ဆုိရင္ သင္ဆက္ေသာက္ဦးမလား ။ပ်ားတူေတြနဲ႕ပတ္သတ္ျပီး သင္သိတာေလးေတြရွိရင္လည္းေျပာျပခဲ့ပါဦး ။

Writer_Min Thu ( Daily Hot News )

  • Unicode Version

၁၉၇၀ ပြည့်နှစ်လောက်က အာရှနဲ့ဥရောပတစ်ခွင်မှာ သတင်းဆိုးနဲ့ နာမည်ကျော်ကြားခဲ့တဲ့ တောကြီးပျားတူ(ခေါ်) ပျားတူမြေအောင်းကောင်တွေဟာ အရမ်းအန္တရာယ်များတဲ့ အင်းဆက်တွေပဲဖြစ်ပါတယ်။သူတို့ရဲ့အတုပ်ခံခဲ့ရသော်၎င်း ၊အကိုက်ခံရခဲ့ရင်၎င်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိဖြစ်နိုင်ချေရှိပါတယ် ။ဒီအင်းဆက်တွေဘယ်လောက်ထိ အန္တရာယ်များသလဲဆိုတာကို ကျနော်တို့လေ့လာကြည့်လိုက်ရအောင် ။

၁ – တကယ်တော့ တောကြီးပျားတူ(ဝါ) ပျားတူမြေအောင်းကောင်တွေဟာ လူတွေထင်ထားသလိုမျိုး ရန်လိုတတ်တဲ့အင်းဆက်တွေတော့မဟုတ်ကြပါဘူး ။သူတို့ဟာ အခြားအင်းဆက်တွေလိုပဲ အသိုက်ဆောက်နေထိုင်လေ့ရှိပြီး သူတို့အတွက် ရန်သူလို့ ယူဆရတဲ့အခါမှသာ ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ကြတာပဲဖြစ်ပါတယ် ။တောကြီးပျားတူအသိုက်နဲ့ ၂ မီတာ ၃ မီတာအကွာအဝေးအတွင်းဟာ အရမ်းကို အန္တရာယ်များတဲ့နေရာတစ်ခုပေါ့ ။ဒါကြောင့်တစ်ချို့ပညာရှင်တွေဟာ တောကြီးပျားတူတွေဟာ အလွန်ရှက်တတ်တဲ့အင်းဆက်တွေလို့ တင်စားထားကြလေ့ရှိပါတယ် ။တိုက်ခိုက်တာမျိုးကိုမလိုလားတဲ့အင်းဆက်တွေဖြစ်ပြီး လိုအပ်တဲ့အခါမှသာ တိုက်ခိုက်တတ်တဲ့အင်းဆက်တွေဖြစ်ပါတယ်။

၂ – ပိတုန်းတွေနဲ့တောကြီးပျားတူတွေဟာ မျိုးစိတ်တစ်ခုထဲပါပဲ ။ပျားတူတွေကတော့ အရောင်ရင့်ပြီး ၊ အကောင်ကြီးမားတဲ့အပြင် အုပ်စုကြီးကြီးမားမားဖွဲ့ပြီးနေတဲ့ အင်းဆက်တွေဖြစ်ပါတယ် ။ပိတုန်း နဲ့ ပျားတူနဲ့အဓိကကွာခြားတဲ့ အချက်ကတော့ အရွယ်အစားပါပဲ ။ပျားတူဟာ ပိတုန်းထက် အရွယ်ကြီးမားပြီးတော့ ပိတုန်းတွေလို အဝါရောင်နဲ့အနက်ရောင်အစင်းကြားမဟုတ်ပဲ လိမ္မော်နီရောင်အစင်းကြားရှိလေ့ရှိပါတယ် ။

၃ – ပျားတူမြေအောင်းလို့ပြောကြတဲ့ ပျားတူတွေဟာလည်း တောကြီးပျားတူတွေပါပဲ ။သူတို့ဟာများသောအားဖြင့် တောင်ပို့ ၊ သစ်ပင်ထိပ်ဖျား ၊ အမိုးအောက် ၊ ခုံအောက် ၊ အဖီအောက် ၊ သစ်ခေါင်းတွေနဲ့ မြေကြီးထဲမှာ အသိုက်ဆောက်တတ်ကြပါတယ် ။တစ်ခါတစ်လေမှာ ပျားတူသိုက်တွေကို စာဘူးတောင်းအသိုက်လိုတွဲလောင်းအနေအထားမျိုးနဲ့လည်းတွေ့ရတတ်ပါတယ် ။ မြေကြီးထဲမှာ အသိုက်ဖွဲ့နေတဲ့ကောင်တွေဆို အကောင်ရေပေါင်း ရာထောင်ချီပီးရှိတတ်ပါတယ် ၊ ( နောက်ပီး သူတို့မှာ ကင်းစောင့်ပျားတွေလည်းရှိပါတယ် သူတို့ရဲ့အသိုက်အမြုံနားကို လူတစ်ယောက် (သို့) တိရိစ္ဆာန်တစ်ကာင်ဦးတည်လာနေပီဆိုရင် ကင်းစောင့်ပျားက တခြားပျားတွေကို သွားရောက်သတိပေးထားပါတယ် ၊ တကယ်လို့တစုံတယောက်သာ သူတို့မြေတွင်း(သို့) တောင်ပို့ပေါ်ခြေထောက်နင်းမိရင်တော့ ခြေအနှုတ်အသိမ်းမြန်တဲ့မြင်းလိုတိရိစ္ဆာန်တောင်ခြေထောက်ပြန်သိမ်းတဲ့အခါမှာ အရိုးပဲပါလာမှာပါ ၊ တစ်ကိုယ်လုံးကျသွားရင်တော့ ပြောစရာမရှိတော့ဘူးပေါ့ဗျာ၊ ဒီပျားတူမြေအောင်းကောင်တွေက ပျားလည် တွေလို့ပြောရင်လည်းမမှားပါဘူး ။

ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့အသိုက်ကို ဖျက်မဲ့သူတွေ သူ့တို့ကိုတွေ့ပီး အသိုက်နောက်လိုက်လာမှာစိုးတဲ့အတွက် မိမိအသိုက်ရှိရာပြန်ရင်တောင်မှာ တန်းတန်းမတ်မတ်မပြန်ပဲကောင်းကင်ပေါ်သို့ဟုန်းခနဲ တက်သွားပီး အချိန်ခဏကြာမှသာ ပြန်ဆင်းလာပီး မိမိအသိုက်သို့ပြန်တတ်ကြပါတယ် ) ဒါကတော့ စာရေးသူဖတ်ဖူးခဲ့တဲ့စာအုပ်ထဲကဖြည့်စွက်ချက်ပါတချို့လူတွေကတော့ အသားစားပျားဆိုတာမရှိဘူးလို့ပြောကြပါတယ် တချို့ကြတော့လည်း ယုံကြည်ကြပါတယ် ဒီတော့ စာဖတ်သူပရိတ်သတ်တို့လဲ အသားစားပျားအကြောင်းမိမိတို့ကြုံခဲ့ဖူးတာရှိရင် ကွန့်မန့်မှာမျှဝေသွားခဲ့ပါဦး ။

၄ – ပျားတူတွေဟာ ဝတ်မှုန်ကူးခြင်းကို ထိန်းချုပ်ထားတဲ့ အင်းဆက်တွေလည်းဖြစ်ပါတယ် ။အထူးဖြင့်မွှားကောင်လို အပင်ဖျက်မျိုးတွေကို ရှင်းလင်းပေးတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းအတွက် အလွန်အထောက်အကူပြုတဲ့အင်းဆက်တွေဆိုလည်းမမှားပါဘူးပျားတွေရဲ့ အဓိကအစားအသောက်ကတော့ အချိုဓါတ် နဲ့ ပရိုတိန်းဓါတ်ပါပဲ ။သစ်သီးဝလံတွေမှရရှိတဲ့ အချိုရည်မျိုးကိုစားသုံးလေ့ရှိပြီး သစ်စေးကိုလည်း နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါတယ် ။ပရိုတိန်းဓါတ်ကိုတော့ အခြားအင်းဆက်နဲ့ သတ္တဝါတွေမှရယူပါတယ် ။ (အခြားအင်းဆက်တွေနဲ့ သတ္တဝါတွေကို စားသုံးခြင်းပဲဖြစ်ပါတယ်)

၅ – ပျားတူတွေရဲ့ အနှစ်ခြိုက်ဆုံးစားစရာတစ်ခုကတော့ ပျားရည်ပါပဲ ။ပျားရည်ဟာ သူတို့ရဲ့ ဘုရင်မအတွက် အကောင်းဆုံးပရိုတိန်းဓါတ်ပေးစွမ်းနိုင်မယ့်အရာတစ်ခုဖြစ်တဲ့အပြင် အချိုဓါတ်ပါဝင်မှုအမြင့်မားဆုံးဖြစ်တဲ့အတွက်ကြောင့်ပါပဲ ။ပျားတူတွေဟာ ပျားအုံတွေကိုလည်းအလွယ်တကူဝင်စီးနိုင်ပါတယ် ။သာမန်ပျားတစ်ကောင်ရဲ့အရွယ်အစားထက် ၅ ဆလောက်ကြီးမားတဲ့အပြင် ပျားတူတစ်ကောင်ဟာ တစ်မိနစ်ကို ပျားကောင်ရေ ၄၀ လောက်သတ်ဖြတ်နိုင်စွမ်းရှိပါတယ် ။ဒါပေမယ့် ဂျပန်နိုင်ငံကပျားတွေကတော့ သူတို့အုံကို ပျားတူတစ်ကောင်လာထောက်လှမ်းတာနဲ့ အသိုက်ကိုအကြောင်းမကြားနိုင်ခင် ဝိုင်းတုပ်ပြီးအသေသတ်ပစ်လိုက်ကြပါတယ် ။အသေသတ်တယ်ဆိုတဲ့နေရာမှာ ပျားတူကို ဝိုင်းတုပ်ပြီး သတ်ကြတာမဟုတ်ပါဘူး ။ပျားတူတွေဟာ ပျားရဲ့အဆိပ်ကိုမဖြုံပါဘူး ။ဒီအတွက် ဝတ်ရည်ပျားတွေဟာ ပျားတူဘေးကို ဝိုင်းအုံလာပြီးတော့ သူတို့ ခန္ဓာကိုယ်ကို မြန်နှုန်းတစ်ခုနဲ့ လှုပ်ခါပစ်ကြပါတယ်။ ဒီကြိမ်နှုန်းကြောင့် ပျားတူရဲ့ခန္ဓာကိုယ်အပေါ်သက်ရောက်နေတဲ့ အပူချိန်ဟာ ရုတ်ချည်းမြင့်တက်ပြီးတော့ ပျားတူကို အရှင်လတ်လတ်လောင်ကျွမ်းသွားပါတယ် ။ဂျပန်နိုင်ငံက ပျားတွေသာ အခုလိုစွမ်းဆောင်နိုင်ပြီး အခြားကမ္ဘာအရပ်ရပ်က ပျားတွေကတော့ ပျားတူတွေရဲ့လက်အောက်မှာ ပြားပြားဝပ်နေရတုန်းပါ ။ (ပျားဖိုက်တာပေါ့ဗျာ)

၆ – ပျားတူရဲ့အဆိပ်ဟာ အရမ်းကို အန္တရာယ်များပါတယ် ။သေစေနိုင်လောက်တဲ့အဆင့်ထိ မပြင်းထန်ပေမယ့်လည်း အခက်မသင့်ရင် အသက်ဆုံးရှုံးသွားနိုင်ပါတယ် ။ပျားတူရဲ့အဆိပ်ဟာ ကြွက်သားတွေကို ရောင်ယမ်းစေလောက်တဲ့အထိပဲ အန္တရာယ်ရှိတာပါ ။ သူတို့ရဲ့အဆိပ်ကို လူရဲ့ခန္ဓာကိုယ်က အဆိပ်တစ်ခုလို့ မစဉ်းစားပေမယ့် အကောင်ကြီးလွန်းတဲ့အတွက် အဆိပ်ပမာဏအများကြီးထိုးသွင်းတာကြောင့် အန္တရာယ်ရှိရတာပဲဖြစ်ပါတယ် ။တကယ်လို့လည်ပင်းကိုပျားတူတွေအများကြီးအတုပ်ခံရရင် လေပြွန်ထိခိုက်ပြီး အသက်အန္တရာယ်ရှိလာနိုင်တာပေါ့ ။

၇ – ဒါပေမယ့် ဂျပန်နိုင်ငံသားတွေကတော့ ပျားတူကို သိပ်မကြောက်တဲ့ပုံပါပဲ ။ဂျပန်နိုင်ငံက ရွာတွေဟာ ပျားတူတွေကို အရသာရှိတဲ့ အစားအသောက်တစ်မျိုးအဖြစ်သတ်မှတ်ပြီး ကြော်လှော်ချက်ပြုတ်စားသုံးကြလေ့ရှိပါတယ် ။ သူရဲ့အရသာက တော်တော်ကောင်းတယ်ထင်ပါတယ်ထို့အပြင် ပျားတူသားလောင်းကောင်တွေဟာလည်း အချိုဓါတ်ပါဝင်မှုမြင့်မားပြီး အမိုင်နိုအက်ဆစ်ပါဝင်တဲ့အတွက် ပျားတူသားလောင်းတွေကို အားဖြည့်အချိုရည်ဖော်စပ်တဲ့နေရာမှာအသုံးပြုကြလေ့ရှိပါသေးတယ် ။တကယ်လို့ သင်သောက်နေတဲ့အားဖြည့်အချိုရည်ဘူးထဲမှာ ပျားတူသားလောင်းတွေပါနေခဲ့မယ်ဆိုရင် သင်ဆက်သောက်ဦးမလား ။ပျားတူတွေနဲ့ပတ်သတ်ပြီး သင်သိတာလေးတွေရှိရင်လည်းပြောပြခဲ့ပါဦး ။

Writer_Min Thu ( Daily Hot News )

About the author

Crypoetess

Leave a Comment