Shwe News

ကင္ညာႏိုင္ငံတကာစီးရီးၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ သက္ထားသူဇာ ေရႊတံဆိပ္ဆုရ

ကင္ညာႏိုင္ငံ ႏိုင္႐ိုဘီၿမိဳ႕တြင္ မတ္၁ရက္မွ ၂ရက္ထိ က်င္းပခဲ့သည့္ ၂၀၁၉ကင္ညာႏိုင္ငံတကာစီးရီးၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲတြင္ အမ်ိဳးသမီးတစ္ဦးခ်င္းဗိုလ္လုပြဲစဥ္အျဖစ္ ယေန႔ညေနပိုင္းကျမန္မာႏိုင္ငံမွ သက္ထားသူဇာႏွင့္ေဂ်ာ္ဒန္ႏိုင္ငံမွ ဒိုမိုအမ္႐ိုတို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာ သက္ထားသူဇာက (၂၁-၁၀)၊(၂၁-၁၀)ႏွစ္ပြဲျပတ္ျဖင့္ အႏိုင္ရရွိခဲ့ၿပီးေရႊတံဆိပ္ဆုရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါၿပိဳင္ပြဲတြင္ သက္ထားသူဇာသည္ ဆီဒင္အဆင့္(၄)အျဖစ္သတ္မွတ္ခံထားရေသာေၾကာင့္ လက္ရည္စစ္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ရျခင္းမရွိဘဲ ၃၂ဦးအဆင့္ကသာ စတင္ဝင္ေရာက္ယွဥ္ၿပိဳင္ရျခင္းျဖစ္သည္။

မတ္ ၁ရက္က ၃၂ဦးအဆင့္ပြဲစဥ္အျဖစ္ ယူဂႏၶာႏိုင္ငံမွ ၾကက္ေတာင္မယ္မိုဟာမက္ရာဖီႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့ရာ(၂၁-၁၀)၊(၂၁-၅) ႏွစ္ပြဲျပတ္ျဖင့္လည္းေကာင္း၊ ၁၆ဦးအဆင့္တြင္ ေမာရစ္သွ်ႏိုင္ငံမွ ၾကက္ေတာင္မယ္ ဂါနီရွာႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့ရာတြင္ (၂၁-၈)၊(၂၁-၈) ႏွစ္ပြဲျပတ္ျဖင့္ လည္းေကာင္းအႏိုင္ရရွိခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္တက္ေရာက္ႏိုင္ခဲ့သည္။

ယေန႔မြန္းလြဲပိုင္းက ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္သက္ထားသူဇာသည္ အီရန္ကစားသမားဆာမင္ကို (၂၁-၁၈)၊ (၂၁-၁၆)ျဖင့္ ႏွစ္ပြဲျပတ္အႏိုင္ရရွိခဲ့ကာ ဆီးမီးဖိုင္နယ္ပြဲစဥ္သို႔တက္ေရာက္ႏိုင္ခဲ့သည္။

ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ယေန႔တြင္အာဖရိကတိုက္၌ တတိယအဆင့္ျမင့္ဆံုးအမ်ိဳးသမီးၾကက္ေတာင္မယ္အျဖစ္ သတ္မွတ္ခံထားရသည့္ ကမၻာ့အဆင့္ ၁၄၅ရွိအီဂ်စ္ကစားသမား ေဟဒီယာေဟာ္စနီႏွင့္ယွဥ္ၿပိဳင္ကစားခဲ့ရာတြင္ (၂၁-၇)၊ (၂၁-၇)ျဖင့္ ႏွစ္ပြဲျပတ္ အႏိုင္ရရွိခဲ့ကာ ဗိုလ္လုပြဲစဥ္သို႔ တက္ေရာက္ႏိုင္ခဲ့သည္။

ဗိုလ္လုပြဲစဥ္အျဖစ္ သက္ထားသူဇာသည္ေဂ်ာ္ဒန္ႏိုင္ငံမွ ဒိုမိုအမ္႐ိုႏွင့္ ဆက္လက္ယွဥ္ၿပိဳင္ကစားခဲ့ရာတြင္ (၂၁-၁၀)၊(၂၁-၁၀)ျဖင့္ ႏွစ္ပြဲျပတ္အႏိုင္ရရွိခဲ့ကာ ခ်န္ပီယံဆုဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။

သက္ထားသူဇာသည္ ဒိုမိုအမ္႐ိုႏွင့္ေဖေဖာ္ဝါရီ ၂၄ရက္က ယူဂႏၶာႏိုင္ငံတကာစီးရီးၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲ ဗိုလ္လုပြဲစဥ္
တြင္ယွဥ္ၿပိဳင္ခဲ့ရာ၌ ႏွစ္ပြဲျပတ္ျဖင့္ အႏိုင္ရရွိခဲ့ကာ ေရႊတံဆိပ္ဆုဆြတ္ခူးႏိုင္ခဲ့ေၾကာင္းသိရသည္။

Credit: Bamakit

  • Unicode Version

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် မတ်၁ရက်မှ ၂ရက်ထိ ကျင်းပခဲ့သည့် ၂၀၁၉ကင်ညာနိုင်ငံတကာစီးရီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းကမြန်မာနိုင်ငံမှ သက်ထားသူဇာနှင့်ဂျော်ဒန်နိုင်ငံမှ ဒိုမိုအမ်ရိုတို့ ယှဉ်ပြိုင်ကစားခဲ့ရာ သက်ထားသူဇာက (၂၁-၁၀)၊(၂၁-၁၀)နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် သက်ထားသူဇာသည် ဆီဒင်အဆင့်(၄)အဖြစ်သတ်မှတ်ခံထားရသောကြောင့် လက်ရည်စစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်းမရှိဘဲ ၃၂ဦးအဆင့်ကသာ စတင်ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

မတ် ၁ရက်က ၃၂ဦးအဆင့်ပွဲစဉ်အဖြစ် ယူဂန္ဓာနိုင်ငံမှ ကြက်တောင်မယ်မိုဟာမက်ရာဖီနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၂၁-၁၀)၊(၂၁-၅) နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ၁၆ဦးအဆင့်တွင် မောရစ်သျှနိုင်ငံမှ ကြက်တောင်မယ် ဂါနီရှာနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၂၁-၈)၊(၂၁-၈) နှစ်ပွဲပြတ်ဖြင့် လည်းကောင်းအနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်တက်ရောက်နိုင်ခဲ့သည်။

ယနေ့မွန်းလွဲပိုင်းက ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်သက်ထားသူဇာသည် အီရန်ကစားသမားဆာမင်ကို (၂၁-၁၈)၊ (၂၁-၁၆)ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ကာ ဆီးမီးဖိုင်နယ်ပွဲစဉ်သို့တက်ရောက်နိုင်ခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့တွင်အာဖရိကတိုက်၌ တတိယအဆင့်မြင့်ဆုံးအမျိုးသမီးကြက်တောင်မယ်အဖြစ် သတ်မှတ်ခံထားရသည့် ကမ္ဘာ့အဆင့် ၁၄၅ရှိအီဂျစ်ကစားသမား ဟေဒီယာဟော်စနီနှင့်ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၂၁-၇)၊ (၂၁-၇)ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့သည်။

ဗိုလ်လုပွဲစဉ်အဖြစ် သက်ထားသူဇာသည်ဂျော်ဒန်နိုင်ငံမှ ဒိုမိုအမ်ရိုနှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၂၁-၁၀)၊(၂၁-၁၀)ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် ဒိုမိုအမ်ရိုနှင့်ဖေဖော်ဝါရီ ၂၄ရက်က ယူဂန္ဓာနိုင်ငံတကာစီးရီးကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်
တွင်ယှဉ်ပြိုင်ခဲ့ရာ၌ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။

Credit: Bamakit

About the author

Crypoetess

Leave a Comment