Shwe News

အခ်ိန္အခါမဟုတ္ မိုး႐ြာႏိုင္မည့္သတိေပးခ်က္

အေနာက္ဘက္မွ ေ႐ြ႕လ်ားလာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္ ၅.၃.၂၀၁၉ရက္ေန႔မွ ၈.၃.၂၀၁၉ ရက္ေန႔အတြင္း တိုင္းေဒသႀကီး ႏွင္႔ ျပည္နယ္တစ္ခ်ဳိ ႔တြင္ အခ်ိန္အခါမဟုတ္ မိုး႐ြာႏိုင္မည့္သတိေပးခ်က္ အား မုိးေလဝသ ႏွင္႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန မွ ယေန႔ထုတ္ျပန္သည္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္က်ားမွ ေနရာက်ဲက်ဲ မိုးထစ္ ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။

ျပည္သူမ်ားအေနျဖင့္ အခ်ိန္အခါမဟုတ္ မိုး႐ြာျခင္းႏွင့္အတူ ေလျပင္းမ်ားတိုက္ခတ္ျခင္း၊ ေလျပင္းႏွင့္အတူ ထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လၽွပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္းစသည့္ မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိ ျပဳရန္ မိုးဇလမွ အႀကံျပဳခ်က္ထုတ္ျပန္ခဲ႔သည္။ (Xinhua)

  • Unicode Version

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ၅.၃.၂၀၁၉ရက်နေ့မှ ၈.၃.၂၀၁၉ ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ် ချုန်းရွာနိုင်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိ ပြုရန် မိုးဇလမှ အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

About the author

Crypoetess

Leave a Comment