Shwe News

ဆယ္တန္းကို ၂၀၁၈ အထိ ဆက္တုိက္ေျဖလာတာ (၄၈) ခါက်ရံႈးၿပီး ဒီႏွစ္ ၂၀၁၉ မွာ (၄၉)ႀကီမ္ေျမာက္ျပန္ေျဖရန္ အသင့္ျဖစ္ေန

ဇြဲြမေလွ်ာ႔ေသးပဲ တကၠသိုလ္ဝင္စာေမးပြဲကို ၄၈ ႏွစ္တိုင္ေျဖဆိုခဲ႔ေသာ အသက္ ၇၃ ႏွစ္ရွိ အဘိုးအို

အသက္ ၇၃ ႏွစ္ရွိ အဘိုးအို တကၠသိုလ္ဝင္စာေမးပြဲကို ဇြဲမေလၽွာ႔ေသးဘဲ ေျဖဆိုရန္ ႀကိဳးပမ္းစာက်က္ေန

၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ဝင္ေရာက္ ေျဖဆိုရန္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ လက္မွတ္ရရွိထားသူ အမွတ္ ၂၂၊ ကံ့ေကာ္လမ္း အမွတ္ ၁၀ ရပ္ကြက္ ေမာ္လၿမိဳင္ကၽြန္းၿမိဳ႕ေနသူ ဦးသိန္းၫြန္႔ ၇၃ ႏွစ္သည္ ဇြဲမေလၽွာ႔ေသးဘဲ တကၠသိုလ္ဝင္စာေမးပြဲကို ႀကိဳးစားေျဖဆိုရန္ စာက်က္မွတ္ေနသူျဖစ္သည္။

၎သည္ ေမာ္လၿမိဳင္ကၽြန္းၿမိဳ႕ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္းတြင္ တကၠသိုလ္ဝင္စာေမးပြဲကို ၁၉၇၀ ျပည့္ႏွစ္ႏွင့္ ၁၉၇၁ ခုႏွစ္တို႔တြင္ ႏွစ္ႏွစ္ဆက္တိုက္ေျဖဆိုခဲ့ရာ က်႐ႈံးသျဖင့္ ျပင္ပေျဖအျဖစ္ ဆက္လက္ေျဖဆို ခဲ့ရာ ၂၀၁၈ ျပည့္ႏွစ္အထိ ႏွစ္ေပါင္း ၄၈ ႏွစ္တိုင္ တကၠသိုလ္ဝင္စာေမးပြဲတြင္ က်႐ႈံးခဲ့သည္။

ယခု ၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ဝိဇၨာဘာသာတြဲ အတြဲ(၂)၊ ခုံနံပါတ္ အက-၃၁၃၀ ျဖင့္ ဝင္ေရာက္ေျဖဆိုရန္ အဆင္သင့္ျဖစ္ေနၿပီး ေျဖဆိုရမည့္ ျမန္မာစာ၊ သခ်ၤာ၊ ပထဝီ၊ အဂၤလိပ္၊ သမိုင္းႏွင့္ ေဘာဂေဗဒဘာသာရပ္မ်ားကို အခ်ိန္ဇယားဆြဲ၍ ေန႔စဥ္ႀကိဳးစားက်က္မွတ္လ်က္ရွိသည္။

“ကၽြန္ေတာ္က ဇနကၠထုံးႏွလုံးမူပါတယ္။ ရည္မွန္းခ်က္ထားၿပီး ေအာင္ျမင္သည္ျဖစ္ေစ၊ မေအာင္ျမင္သည္ျဖစ္ေစ ၿပီးဆုံးသည့္တိုင္ ဇြဲမေလၽွာ႔ဘဲ ႀကိဳးစားလုပ္ပါတယ္။

အခုႏွစ္ေျဖဆို လို႔ မေအာင္ေသးရင္လည္း လာမယ့္ႏွစ္ေတြမွာ က်န္းမာေရးေကာင္းတဲ့အခ်ိန္ထိ တကၠသိုလ္ဝင္ စာေမးပြဲကို ဆက္ေျဖဆိုသြားမွာပါ”ဟု ၎က ေျပာသည္။ ေမာ္ကၽြန္း-ျမင့္ေအာင္ Myanmaalinn

  • Unicode

ဇွဲမလျှော့သေးပဲ တက္ကသိုလ်ဝင်စာမေးပွဲကို ၄၈ နှစ်တိုင်ဖြေဆိုခဲ့သော အသက် ၇၃ နှစ်ရှိ အဘိုးအို

အသက် ၇၃ နှစ်ရှိ အဘိုးအို တက္ကသိုလ်ဝင်စာမေးပွဲကို ဇွဲမလျှော့သေးဘဲ ဖြေဆိုရန် ကြိုးပမ်းစာကျက်နေ

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက် ဖြေဆိုရန် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လက်မှတ်ရရှိထားသူ အမှတ် ၂၂၊ ကံ့ကော်လမ်း အမှတ် ၁၀ ရပ်ကွက် မော်လမြိုင်ကျွန်းမြို့နေသူ ဦးသိန်းညွန့် ၇၃ နှစ်သည် ဇွဲမလျှော့သေးဘဲ တက္ကသိုလ်ဝင်စာမေးပွဲကို ကြိုးစားဖြေဆိုရန် စာကျက်မှတ်နေသူဖြစ်သည်။

၎င်းသည် မော်လမြိုင်ကျွန်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၇၁ ခုနှစ်တို့တွင် နှစ်နှစ်ဆက်တိုက်ဖြေဆိုခဲ့ရာ ကျရှုံးသဖြင့် ပြင်ပဖြေအဖြစ် ဆက်လက်ဖြေဆို ခဲ့ရာ ၂၀၁၈ ပြည့်နှစ်အထိ နှစ်ပေါင်း ၄၈ နှစ်တိုင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးခဲ့သည်။

ယခု ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝိဇ္ဇာဘာသာတွဲ အတွဲ(၂)၊ ခုံနံပါတ် အက-၃၁၃၀ ဖြင့် ဝင်ရောက်ဖြေဆိုရန် အဆင်သင့်ဖြစ်နေပြီး ဖြေဆိုရမည့် မြန်မာစာ၊ သင်္ချာ၊ ပထဝီ၊ အင်္ဂလိပ်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်များကို အချိန်ဇယားဆွဲ၍ နေ့စဉ်ကြိုးစားကျက်မှတ်လျက်ရှိသည်။

“ကျွန်တော်က ဇနက္ကထုံးနှလုံးမူပါတယ်။ ရည်မှန်းချက်ထားပြီး အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ပြီးဆုံးသည့်တိုင် ဇွဲမလျှော့ဘဲ ကြိုးစားလုပ်ပါတယ်။

အခုနှစ်ဖြေဆို လို့ မအောင်သေးရင်လည်း လာမယ့်နှစ်တွေမှာ ကျန်းမာရေးကောင်းတဲ့အချိန်ထိ တက္ကသိုလ်ဝင် စာမေးပွဲကို ဆက်ဖြေဆိုသွားမှာပါ”ဟု ၎င်းက ပြောသည်။ မော်ကျွန်း-မြင့်အောင် Myanmaalinn

About the author

ilove

Leave a Comment