Shwe News
YBS No 3 သုဝဏ ကားပေါ်မှာ မိန်းကလေး တစ်ယောက်ကို ယုတ်မာနေတဲ့ ဖြစ်တဲ့အဖြစ်အပျက် ဗွီဒီယိုဖိုင်
Video ကြည့်ရန်
  • Unicode
ဒီနေ့ YBS no 3 သုဝဏ ကားပေါ်မှာ ဖြစ်တဲ့အဖြစ်အပျက်
ဒေါသထွက်လွန်းလို့အသားတောင်တဆက်ဆက်တုန်တယ် ဒီလိုအဖြစ်မျိုးတွေမြင်နေကြားနေရပေမယ့် ကိုယ့်ရှေ့မှာဖြစ်သွားတော့ ကာယံကံရှင်တော့မသိဘူး ကိုယ့်မှာတော့ ထူပူပြီးဒေါသတွေထွက်လွန်းလို့အသားတောင်တဆက်ဆက်တုန်တယ်
ပုံထဲမှာ ပါတဲ့ ကုလားကြီး ဘူးထနေတာပါ ဖြစ်ဖြစ်ချင်း ကိုယ်လည်းတွေ့တော့ကြောင်သွားတယ် နောက်တော် အဖြစ်အပျက်ကို ချက်ချင်း video နဲ့တကွ လက်ပူးလက်ကြပ်ဖမ်းတာပါ အဲ့ပုံပါ ကုလားကြီးက .. ရိုင်းသွားရင်ကန်တော့ပါရဲ့ ကားကြပ်နေချိန် အခွင့်ကောင်းယူပြီးသူ့လက်နဲ့ ကောင်မလေးတွေတင်ပါးလိုက်ကိုင်နေတာပါ
အဲ့တာကို ရုတ်တရက် ကိုယ်မြင်မြင်ချင်းမှာ ကြောင်သွားပေမယ့် သူ့ကိုချက်ချင်း မျက်မှောင်ကြုတ်ကြည့် ပြီး Video တောက်လျှောက်ရိုက်လာတာပါ အဲ့တာတောင်မှ သူကကိုယ့်ကိုပြန်ကြည့်ဘူး ပြူးပြနှုတ်ခမ်းလာဆူပြနဲ့ ဘူးပြပြပါတယ် ကိုယ်ကတော့သူကိုတောက်လျှောက်Video ရိုက်လာတာ သူဘာဆက်လုပ်မလဲကို ဆိုတော့ မြင်တဲ့ တိုင်းပါပဲ
Video ထဲမှာ ကားလည်းအဲ့လောက်မကြပ်ပဲနဲ့ ရိုင်းသွားရင်ကန်တော့ပါ သူ့ဟာကြီးနဲ့ ထိုင်နေတဲ့ အမမျက်နှာကို အတင်းလိုက်ကပ်နေတာ အမကလည်း အစထဲကသိတယ် အဲ့လူကြီးလုပ်နေတာ သူ့ဘက်လှည့်လာတော့ သူက ထီးနဲ့ဆောင့်ဆောင့်ချတာ တောင်မှသူက ပြန်ပြန်လုပ်နေတာ
ထီးကိုပြန်ကန်ချတာ ပြန်ပြီးတော့တောင်ကြည့်လျုက်သေး သူ့ကိုထီးနဲ့ချရလားဆိုပြီး ယုတ်မာလိုက်တာ ကိုယ်လေ အဲ့ချိန်တခုခုလုပ်ချင်နေပြီအဲ့အမကြီးသာ အဲ့ချိန်မှာ ပြသနာထရှာလိုက်ရင် ကိုယ်ပါပြီးသားပဲ သူ့ကို video နဲ့တကွဖမ်းထားတာ တခုခုဖြစ်ရင်ကိုယ့်ဘက်မှာသက်သေရှိပြီးသား
ဒါပေမယ့် စိတ်မကောင်းဘူး အမကငြိမ်နေတယ် မပြောဘူးဘာလို့လဲ ပြသနာဖြစ်မှာဆိုးလို့လား ကိုယ့်ကိုရန်ပြန်လုပ်မှာစိုးလို့လား ဒီလိုကိစ္စမျိုးတွေဖြစ်ရင် ငြိမ်မခံပါနဲ့ ပြောပါ လုပ်ပါ ငြိမ်ခံနေရင်ဒီလိုလူမျိုးတွေကပိုပြီးရောင့်တက်လာပါတယ် လမ်း ၅၀ လောက်ရောက်တော့ အဲ့နှာဘူးကောင်ကြီးက ဆင်းမယ်ဆင်းမယ်ဆိုပြီး ဆင်းချသွားပ့တယ်
သူဆင်းတဲ့ချိန်ထိတောင် လိုက်ကိုင်သွားလားမသွားလားဆိုတာတော့လူမျာချိန်မို့မမြင်လိုက်မိပေမယ့် သူဆင်းဆင်းခြင်းမှာ ကျွန်မ အမျိုးသမီးရေးရာဖုန်းဆက်တိုင်မို့ 1876 ကို ဖုန်းဆက်ပြီး နံပါတ်ယူပြီး ဆက်တော့ တောက်လျှောက်ခေါ်ပါတယ် ဒီလိုချိန် မှာ ဖုန်းမကိုင်ပါ 01543229 လုံးဝမကိုင်ပါ
ဒီလိုမျိုးသာဆို ကျွန်မတို့ မိန်းမသားတွေအရေးနဲ့အကြောင်းနဲ့ဆို ဘယ်သူ့အားကိုးရမှာလဲ ဥပဒေတွေထုတ်ထားတယ် တိုင်လေ ဘယ်သူ့ကိုလဲ ထိရောက်မှုရှိပါသလား ဒီလိုလူမျိုးတွေကို ဒီလိုကာအိန္ဒြထိရောက်အစော်ကားခံရတာတွေတနေ့နေ့ များလာပါတယ် ထုတ်မပြောပဲနဲ့ ပြသနာမတတ်ချင်လို့ငြိမ်နေကြများပါတယ် ငြိမ်ရင်ပိုဆိုးပါတယ်
အရှက်နဲ့သိက္ခာအတွက် ပြောပါ ငြိမ်မနေပါနဲ့ ဒီလိုကောင်မျိုးတွေကို ပညာများများပြသင့်ပါတယ် ငြိမ်မနေပါနဲ့ မရှက်ပါနဲ့ ရှက်မယ့်ရှက် သူတို့ကရှက်ရမှာပါ မကြောက်ပါနဲ့ ပတ်ဝန်းကျင်အားကိုးပါ အသင့်ရှိပါတယ် အမျိုးကောင်းသားများကလည်း ကိုယ့်ပတ်ဝန်းကျင်ဒီလိုမျိုးတွေတွေ့ရင် နှမချင်းစာနာစိတ်နဲ့ ကူညီပေးပါ စောင့်ရှောက်ပေးပါ
Video ကြည့်ရန်
ကိုယ့်ပတ်ဝန်းကျင်မှာဒီလိုမျိုးတွေ့ရင်ကူညီပါ လစ်လျူမရှုပါနဲ့ မမြင်ချင်ယောင်မဆောင်ပါနဲ့ ဝိုင်းဝန်းပေးကြပါ တကယ် ဒေါသတွေထွက်ပြီးအသားတွေတဆက်ဆက်တုန်တယ် ။ Myat Su Yee San
About the author
ilove
Leave a Comment