Shwe News

ေနမေကာင္းလို႔ ေဆးသြင္းေနရတဲ့ အိျႏၵာေက်ာ္ဇင္

အိျႏၵာေက်ာ္ဇင္တစ္ေယာက္ Night Scene ေတြ ဆက္တိုက္ရိုက္ကူးေနရၿပီး အလုပ္ေတြ ပင္ပန္းေနတာေၾကာင့္ ေဆးသြင္းေနရတယ္လို႕ သိရပါတယ္။ အိျႏၵာေက်ာ္ဇင္က “လရဲ႕ေအာက္ဘက္ကမိုင္အေဝးမွာ” ရုပ္ရွင္ဇာတ္ကားႀကီးကို ရိုက္ကူးေနတာပါ။

Photo : အိျႏၵာေက်ာ္ဇင္

အိျႏၵာေက်ာ္ဇင္ဟာ ဇာတ္ကားရိုက္ကူးေနရင္း ေနမေကာင္းျဖစ္လို႕ေနပါတယ္။ Night Scene ေတြ ဆက္တိုက္ရိုက္ရၿပီး အိပ္ေရးေတြ ပ်က္ေနတာေၾကာင့္ ဆရာဝန္ေခၚၿပီး ေဆးသြင္းေနရတယ္လို႕သိရပါတယ္။ ေနမေကာင္းတဲ့ ၾကားထဲကပဲ လက္ရွိရိုက္ကူးေနတဲ့ ဇာတ္ကားအတြက္ အေကာင္းဆံုး ႀကိဳးစားလို႕ ေနပါတယ္။

‘႐ိုက္ေနတဲ့ကားျမန္ျမန္ၿပီးပါေစလို႔ ဆုေတာင္း႐ုံမွတစ္ပါး အျခားမရွိ ေဆးသြင္းၿပီး႐ိုက္ရတဲ့အျဖစ္ ဒီညလဲညလံုးေပါက္မနက္၆နာရီအထိတဲ့. ဆရာဝန္က အိပ္ေရးမဝလို႔မရဘူးတဲ့, အိပ္ေရးပ်က္မခံပါနဲ႔တဲ့….ဆရာေျပာတာနဲ႔ ခုလုပ္ေနရတာနဲ႔ ကြက္တိပါပဲလားကြယ္။ေဆးသြင္းၿပီးနဲနဲလန္းသြားတာနဲ႔ မိတ္ကပ္ထလိမ္းၿပီး ခု ရႈတင္ထြက္.” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ မတ္လ(၄) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

Photo : အိျႏၵာေက်ာ္ဇင္

သူမရဲ႕ ပရိသတ္ေတြကလည္း က်န္းမာေရး ဂရုစိုက္ဖို႕အတြက္ ေျပာထားသလို အားေပးစကားေလးေတြလည္း ေျပာထားၾကပါတယ္။အိျႏၵာေက်ာ္ဇင္ ဟာ လက္ရွိမွာ ဒါရိုက္တာ ထူးပိုုင္ေဇာ္ဦး ရို္က္ကူးေနတဲ့ “လရဲ႕ေအာက္ဘက္မိုင္အေဝးမွာ” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကို ရိုက္ကူးေနတာ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ကားကို သူမနဲ႕အတူ ေဒါင္း၊ ရဲထြဋ္၊ ဝင္းခန္႕မိုး၊ တို႕အျပင္ အျခားေသာ အႏုပညာရွင္မ်ားနဲ႕ ပံုေဖာ္ရိုက္ကူးလ်က္ရွိပါတယ္။

Photo : အိျႏၵာေက်ာ္ဇင္

အိျႏၵာေက်ာ္ဇင္ဟာ ၁၉၉၆ တစ္ခုႏွစ္ထဲမွာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလံုး ရထားတဲ့ Miss ၁ ဦးျဖစ္ခဲ့ဖူးပါတယ္။အိျႏၵာေက်ာ္ဇင္ဟာ အႏုပညာေလာကထဲမွာ ေအာင္ျမင္တဲ့ သရုပ္ေဆာင္တစ္ဦးအျဖစ္ ခိုင္မာစြာ ရပ္တည္ေနႏုိင္သူ တစ္ဦးျဖစ္ၿပီး ၂၀၀၄ ခုႏွစ္မွာ “မ်က္ႏွာမ်ားတဲ့မိုးေကာင္းကင္” ရုပ္ရွင္ဇာတ္ကား၊ ၂၀၁၇ မွာ”ရင္ဘက္ထဲကဓား ” ရုပ္ရွင္ဇာတ္ကားနဲ႕ အကယ္ဒမီဆုေတြ ပိုင္ဆိုုင္ထားသူတစ္ဦးလည္း ျဖစ္ပါတယ္။

Credit: Duwun

  • Unicode Version

အိန္ဒြာကျော်ဇင်တစ်ယောက် Night Scene တွေ ဆက်တိုက်ရိုက်ကူးနေရပြီး အလုပ်တွေ ပင်ပန်းနေတာကြောင့် ဆေးသွင်းနေရတယ်လို့ သိရပါတယ်။ အိန္ဒြာကျော်ဇင်က “လရဲ့အောက်ဘက်ကမိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပါ။

Photo : အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ဟာ ဇာတ်ကားရိုက်ကူးနေရင်း နေမကောင်းဖြစ်လို့နေပါတယ်။ Night Scene တွေ ဆက်တိုက်ရိုက်ရပြီး အိပ်ရေးတွေ ပျက်နေတာကြောင့် ဆရာဝန်ခေါ်ပြီး ဆေးသွင်းနေရတယ်လို့သိရပါတယ်။ နေမကောင်းတဲ့ ကြားထဲကပဲ လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအတွက် အကောင်းဆုံး ကြိုးစားလို့ နေပါတယ်။

‘ရိုက်နေတဲ့ကားမြန်မြန်ပြီးပါစေလို့ ဆုတောင်းရုံမှတစ်ပါး အခြားမရှိ ဆေးသွင်းပြီးရိုက်ရတဲ့အဖြစ် ဒီညလဲညလုံးပေါက်မနက်၆နာရီအထိတဲ့. ဆရာဝန်က အိပ်ရေးမဝလို့မရဘူးတဲ့, အိပ်ရေးပျက်မခံပါနဲ့တဲ့….ဆရာပြောတာနဲ့ ခုလုပ်နေရတာနဲ့ ကွက်တိပါပဲလားကွယ်။ဆေးသွင်းပြီးနဲနဲလန်းသွားတာနဲ့ မိတ်ကပ်ထလိမ်းပြီး ခု ရှုတင်ထွက်.” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : အိန္ဒြာကျော်ဇင်

သူမရဲ့ ပရိသတ်တွေကလည်း ကျန်းမာရေး ဂရုစိုက်ဖို့အတွက် ပြောထားသလို အားပေးစကားလေးတွေလည်း ပြောထားကြပါတယ်။အိန္ဒြာကျော်ဇင် ဟာ လက်ရှိမှာ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးနေတဲ့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကို သူမနဲ့အတူ ဒေါင်း၊ ရဲထွဋ်၊ ဝင်းခန့်မိုး၊ တို့အပြင် အခြားသော အနုပညာရှင်များနဲ့ ပုံဖော်ရိုက်ကူးလျက်ရှိပါတယ်။

Photo : အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့မိုးကောင်းကင်” ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ မှာ”ရင်ဘက်ထဲကဓား ” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုတွေ ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Credit: Duwun

About the author

Crypoetess

Leave a Comment