Shwe News

ယာဥ္တိုက္မွုနဲ႔ဆံုးသြားျခင္းျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ခံလိုက္ရတဲ့ ေတးေရးကမာၻရဲ႕ ေသဆံုးမွု

အဆိုေတာ္ ဂ်ီလက္ရဲ႕ ညီျဖစ္သူ ေတးေရးဆရာတစ္ဦးျဖစ္တဲ့ ကမာၻဟာ မတ္လ ၃ ရက္ေန႔ ညပိုင္းေလာက္က ေနျပည္ေတာ္မွာ ထိုးသြင္းဒဏ္ရာနဲ႔ ေသဆံုးသြားခဲ့တာျဖစ္ပါတယ္။ ေတးေရး ကမာၻဟာ အကိုျဖစ္သူ ဂ်ီလတ္ရဲ႕ ေအာင္ျမင္ခဲ့တဲ့ သီခ်င္းေတြျဖစ္ေသာ မွားလား၊ ခဏတာ၊ၿမိဳ႕ျပလမ္းခြဲ၊အခ်ိိန္လြန္ငွက္ စတဲ့ ေတးသီခ်င္းေတြကို ဖန္တီးေရးသားခဲ့တဲ့ အႏုပညာဖန္တီးသူတစ္ဦးျဖစ္ပါတယ္။

ေတးေရးကမာၻရဲ႕ ေသဆံုးမွုဟာ အႏုပညာေလာကအတြက္ စိတ္မေကာင္းစရာသတင္းတစ္ပုဒ္ျဖစ္ခဲ့ပါတယ္။ တန္ဖိုးရွိလွတဲ့ ၾကယ္တစ္ပြင့္ အသစ္အသစ္တေြနဲ႔အတူ ယံုၾကည္ရာကို ဖန္တီးႏိုင္တဲ့ အႏုပညာစိတ္ဓာတ္ေတြက ယေန႔ေခတ္မွာ ရွားပါးလွတဲ့ ၾကယ္တစ္ပြင့္ျဖစ္ခဲ့ပါတယ္။ ေတးေရး ကမာၻရဲ႕ ရုပ္ကလာပ္ကိုေတာ့ ရန္ကုန္မွာသျဂိဳလ္မွာျဖစ္တယ္လို႔ သိရပါတယ္။

ထိုးသြင္းဒဏ္ရာနဲ႔ ေသဆံုးသြားတဲ့ ေတးေရး ကမာၻရဲ႕အမွုကို ပရိသတ္ေတြကလည္း စိတ္ဝင္တစားရွိေနခဲ့ၾကတာျဖစ္ပါတယ္။ လူသတ္မွုျဖစ္တယ္လို႔ ေဝဖန္မွတ္ခ်က္ေပးခံေနရတဲ့ ေတးေရး ကမာၻရဲ႕အမွုကို ယာဥ္တုိက္မွုနဲ႔ ဆံုးသြားျခင္းျဖစ္တယ္လို႔ ေကာက္ခ်က္ခ်ခံရေၾကာင္း အကိုျဖစ္သူ ဂ်ီလတ္က သူ႔ရဲ႕အေကာင့္ကေနျပီးေရးသားေဖာ္ျပလာခဲ့တာေတြ႔ရပါတယ္။

“ကမ႓ာႀကီးေရ မင္းဟာ ယာဥ္တိုက္မႈနဲ႔ ဆံုးသြားတာတဲ့ ညီေလးေရ (ေကာင္းကင္ဘံုကေန မင္းမဲ့ျပံဳးႀကီး ျပံဳးေနမွာ ငါျမင္ေနမိပါရဲ႕ကြာ)” လို႔ စိတ္မေကာင္းစြာနဲ႔ ေရးသားထားတာျဖစ္ပါတယ္။

ဂ်ီလတ္ရဲ႕ ထိုပုိ႔စ္ေအာက္မွာေတာ့ ယာဥ္တုိက္မွုဆိုတာ အဓိပၸါယ္မရွိေၾကာင္းနဲ႔ မျဖစ္ႏိုင္တဲ့အေၾကာင္းေတြကို ပရိသတ္အခ်ိဳ႕က မွတ္ခ်က္ေရးသားေနခဲ့ၾကတာေတြ႔ရပါတယ္။ ကမာၻတစ္ေယာက္ ေကာင္းရာမြန္ရာ ဘံုဘဝကို ေရာက္ရွိႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။We Love Cele

Photos-Pe Kabar Nyein Chan

  • Unicode Version

အဆိုတော် ဂျီလက်ရဲ့ ညီဖြစ်သူ တေးရေးဆရာတစ်ဦးဖြစ်တဲ့ ကမ္ဘာဟာ မတ်လ ၃ ရက်နေ့ ညပိုင်းလောက်က နေပြည်တော်မှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ တေးရေး ကမ္ဘာဟာ အကိုဖြစ်သူ ဂျီလတ်ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်သော မှားလား၊ ခဏတာ၊မြို့ပြလမ်းခွဲ၊အချိန်လွန်ငှက် စတဲ့ တေးသီချင်းတွေကို ဖန်တီးရေးသားခဲ့တဲ့ အနုပညာဖန်တီးသူတစ်ဦးဖြစ်ပါတယ်။

တေးရေးကမ္ဘာရဲ့ သေဆုံးမှုဟာ အနုပညာလောကအတွက် စိတ်မကောင်းစရာသတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ တန်ဖိုးရှိလှတဲ့ ကြယ်တစ်ပွင့် အသစ်အသစ်တွေနဲ့အတူ ယုံကြည်ရာကို ဖန်တီးနိုင်တဲ့ အနုပညာစိတ်ဓာတ်တွေက ယနေ့ခေတ်မှာ ရှားပါးလှတဲ့ ကြယ်တစ်ပွင့်ဖြစ်ခဲ့ပါတယ်။ တေးရေး ကမ္ဘာရဲ့ ရုပ်ကလာပ်ကိုတော့ ရန်ကုန်မှာသဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးသွားတဲ့ တေးရေး ကမ္ဘာရဲ့အမှုကို ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိနေခဲ့ကြတာဖြစ်ပါတယ်။ လူသတ်မှုဖြစ်တယ်လို့ ဝေဖန်မှတ်ချက်ပေးခံနေရတဲ့ တေးရေး ကမ္ဘာရဲ့အမှုကို ယာဉ်တိုက်မှုနဲ့ ဆုံးသွားခြင်းဖြစ်တယ်လို့ ကောက်ချက်ချခံရကြောင်း အကိုဖြစ်သူ ဂျီလတ်က သူ့ရဲ့အကောင့်ကနေပြီးရေးသားဖော်ပြလာခဲ့တာတွေ့ရပါတယ်။

“ကမ္ဘာကြီးရေ မင်းဟာ ယာဉ်တိုက်မှုနဲ့ ဆုံးသွားတာတဲ့ ညီလေးရေ (ကောင်းကင်ဘုံကနေ မင်းမဲ့ပြုံးကြီး ပြုံးနေမှာ ငါမြင်နေမိပါရဲ့ကွာ)” လို့ စိတ်မကောင်းစွာနဲ့ ရေးသားထားတာဖြစ်ပါတယ်။

ဂျီလတ်ရဲ့ ထိုပို့စ်အောက်မှာတော့ ယာဉ်တိုက်မှုဆိုတာ အဓိပ္ပါယ်မရှိကြောင်းနဲ့ မဖြစ်နိုင်တဲ့အကြောင်းတွေကို ပရိသတ်အချို့က မှတ်ချက်ရေးသားနေခဲ့ကြတာတွေ့ရပါတယ်။ ကမ္ဘာတစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။We Love Cele

Photos-Pe Kabar Nyein Chan

About the author

Crypoetess

Leave a Comment