Shwe News

ပဲဆီသန္႔ ထုတ္လုပ္ေရာင္းခ်တဲ့ ေနရာသို႔ သြားေရာက္စစ္ေဆးရာ ဆီစက္ကို မေတြ႔ရဘဲ ဆီေရာသည့္ စက္မ်ားကိုသာ ေတြ႔ရ

“ခ်မ္းသာေျမပဲဆီသန္႔””စူပါစားဆီသန္႔” “ေရႊမႏၲေလးပဲဆီသန္႔” စားသံုးသူေရးရာဦးစီးဌာန၊လားရွိဳးကဒီေန ့မနက္မွာ ရပ္ကြက္(၅)၊(၄၁)လမ္းထဲကဦးေအာင္၀င္းရဲ့အိမ္ကိုသြားၿပီးေတာ့ ေစ်းကြက္အတြင္းမွာျဖန္ ့ျဖဴးေရာင္းခ်ေနတဲ့ ခ်မ္းသာေျမပဲဆီသန္ ့နဲ ့စူပါစားဆီသန္ ့တို ့ကိုသြားေရာက္စစ္ေဆးခဲ့ပါသည္။.သို ့ေသာ္ အိမ္အကူသာေတြ ့ရွိရၿပီးအိမ္ရွင္မ်ားကခရီးထြက္ေနသည္ဆိုသည့္အေၾကာင္းျပခ်က္ေၾကာင့္ အိမ္ရွင္မ်ားနဲ ့မေတြ ့ခဲ့ရေပ။ ဖုန္းေခၚေသာ္လည္းမရေသာေႀကာင့္ လိုအပ္သည့္အေထာက္အထား/စာရြက္စာတမ္းမ်ားကိုယူလာၿပီးမနက္ျဖန္မနက္မိမိတို ့ရံုးမွာ လာေရာက္ရွင္းျပဖို ့စာေရးေပးထားခဲ့ရပါသည္။

ထပ္မံၿပီးရပ္ကြက္(၅)၊(၃၈)လမ္္းထဲမွ ေရႊမႏၱေလးပဲဆီသန္ ့ထုတ္လုပ္ေရာင္းခ်ေနတဲ့ ကိုမ်ိဴး +မခင္မိုးတို ့အိမ္ကိုသြားေရာက္စစ္ေဆးရာမွာေတာ့ ဆီစက္ကိုမေတြ ့ရပဲ ဆီေရာသည့္စက္ကိုသာေတြ ့ရွိခဲ့ရၿပီး ေမးျမန္းခ်က္မ်ားအရ မႏၱေလးမွ ဆီကိုမွာယူေၾကာင္းႏွင့္ ေရာက္လာေသာဆီမ်ားကို ေရာစပ္ကာ ကိုယ္ပိုင္အမွတ္တံဆိပ္ကပ္၍ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္းစစ္ေဆးေတြ ့ရွိခဲ့ရပါသည္..၀ယ္ယူေသာမႏၱေလးသို ့ဖုန္းႏွင့္ေမးျမန္းရာတြင္လည္း ၄င္းတို ့မွ MEIZAN COMPANY သုိ ့လွမ္းမွာ၍လည္းေကာင္း၊မႏၱေလးတြင္ကိုယ္တို္င္ေျမပဲမ်ားကို၀ယ္ယူၿပီးႀကိတ္ခြဲျခင္းျဖင့္လည္းေကာင္းရရွိလာေသာဆီမ်ားကို လားရွိဳးသို ့တင္ပို ့ျခင္းျဖစ္ေၾကာင္းသိရွိရၿပီးအေထာက္အထားမခိုင္လံုေသာေၾကာင့္ေရႊမႏၱလာပဲဆီသန္ ့ ေရာင္းခ်မႈကို ရပ္ဆိုင္းထားရန္မွာၾကားခဲ့ၿပီး ဆီနမူနာမ်ားကိုယူေဆာင္ခဲ့ပါသည္။ထိုဆီမ်ားကိုဓါတ္ခြဲစစ္ေဆးၿပီးခ်ိန္တြင္စားသံုးသူအတြက္ေဘးအႏၱရာယ္မရွိေၾကာင္းေသခ်ာမွသာဆက္လက္ေရာင္းခ်ခြင့္ျပဳမည္ျဖစ္ေၾကာင္းႏွင့္ ထုိသို ့ေရာင္းခ်ခြင့္ျပဳရာတြင္လည္း ပဲဆီသန္ ့ဟုလိမ္ညာ၍မေရးရန္ သတိေပးေျပာၾကားခဲ့ပါသည္။

ဆက္လက္ၿပီးရပ္ကြက္(၅)မန္အိုင္လမ္းရွိ ခ်မ္းၿငိမ္းပဲဆီ၊ႏွမ္းဆီလက္လီ/လက္ကားျဖန္ ့ခ်ီေရးသို ့၀င္ေရာက္စစ္ေဆးရာတြင္ ဆီစက္မွာလက္ေတြ ့လည္ပတ္ႏိုင္ျခင္းမရွိပဲ ပံုးဆီမ်ားကိုမွာယူကာ ဘူးခြံမ်ားတြင္ ကိုယ္ပိုင္အမွတ္တံဆိပ္ကပ္ ကာ ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္းေတြ ့ရွိခဲ့ရေသာ္လည္းလူႀကီးမ်ားမရွိေသးဟုဆိုေသာေၾကာင့္ ဓါတ္ပံုမွတ္တမ္းမ်ားယူခဲ့ကာ မနက္ျဖန္မနက္မိမိတို ့ရံုးသို ့အေထာက္အထား/စာရြက္စာတမ္းမ်ားယူ၍လာေရာက္ရွင္းျပရန္မွာၾကားခဲ့ပါသည္။

မိမိတို ့စားသံုးသူေရးရာဦးစီးဌာနအေနျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း အတြင္းတြင္ စားသံုးသူမ်ားေဘးအႏၱရာယ္ျဖစ္ေစႏိုင္သည့္ အစားအေသာက္/အသံုးအေဆာင္ကုန္ပစၥည္းမ်ားကို ေရာင္းခ်မႈရွိ/မရွိဆက္လက္စစ္ေဆးသြားမည္ျဖစ္ၿပီး စစ္ေဆးေတြ ့ရွိပါက ကုန္ပစၥည္းမ်ားကိုသိမ္းဆည္း၍ ထိေရာက္စြာ အေရးယူေဆာင္ရြက္ သြားမည္ျဖစ္ပါသည္။

မိမိတို ့ဦးစီးဌာနအေနျဖင့္ လက္ကားျဖန္ ့ခ်ီလ်က္ရွိေသာဆို္င္ႀကီးမ်ားျဖစ္သည့္ ပင္လယ္စာႏွင့္ေအးခဲအသားမ်ား၊တရုတ္မွလာေသာ၀က္အူေခ်ာင္း/ၾကက္အူေခ်ာင္း/ၾကက္ေတာင္ပံ/အစပ္ေခ်ာင္းမ်ား /စားသံုးရန္မသင့္ေသာ တရုတ္မုန္ ့မ်ားေရာင္းခ်လ်က္ရွိေသာဆိုင္ႀကီးမ်ားသို ့လည္းေကာင္း၊ ဓါတ္ေျမၾသဇာႏွင့္ ပိုးသတ္ေဆးဆိုင္မ်ားသို ့လည္းေကာင္း၊စားဆီမ်ားထုတ္လုပ္ေရာင္းခ် ျဖန္ ့ျဖဴးေနသည့္ဆိုင္မ်ားသို ့လည္းေကာင္းပဏာမစစ္ေဆး၍ သတိေပးတားျမစ္ထားၿပီးျဖစ္ပါသည္။ ေနာက္ပိုင္းတြင္ေစ်းကြက္အတြင္းေတာက္ေလွ်ာက္စစ္ေဆးသြားမည္ျဖစ္ၿပီးထိုသို ့စစ္ေဆးရာတြင္ ျပည္ပမွတင္သြင္းလာေသာအစားအေသာက္ကုန္ပစၥည္းမ်ားျဖစ္ပါက FDA (အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန)၏ ေထာက္ခံခ်က္ႏွင့္မိမိတို ့စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၏သြင္းကုန္လိုင္စင္တို ့အစစ္ေဆးခံႏိုင္ရမည္ျဖစ္ကာ ျပည္တြင္းမွထုတ္လုပ္ေသာ အစားအေသာက္ကုန္ပစၥည္းမ်ားျဖစ္ပါက ေဘးအႏၱရာယ္မရွိေၾကာင္း FDA ေထာက္ခံခ်က္တို ့ျပဳလုပ္ထားရမည္ျဖစ္ၿပီး ထုတ္လုပ္သည့္ရက္စြဲ /ကုန္ဆံုးသည့္ရက္စြဲတို ့ထည့္သြင္းထားရမည္ျဖစ္ေၾကာင္းႏွင့္ အေထာက္အထားမျပႏိုင္ပါက ကုန္ပစၥည္းမ်ားကိုသိမ္းယူ၍စားသံုးသူအကာအကြယ္ေပးေရးဥပေဒအရအေရးယူသြားမည္ျဖစ္ပါေၾကာင္း အသိေပးအပ္ပါသည္။

Credit-စားသုးံသူေရးရာ လားရူိး

  • Unicode

“ချမ်းသာမြေပဲဆီသန့်””စူပါစားဆီသန့်” “ရွှေမန္တလေးပဲဆီသန့်” စားသုံးသူရေးရာဦးစီးဌာန၊လားရှိုးကဒီနေ့မနက်မှာ ရပ်ကွက်(၅)၊(၄၁)လမ်းထဲကဦးအောင်ဝင်းရဲ့အိမ်ကိုသွားပြီးတော့ ဈေးကွက်အတွင်းမှာဖြန့်ဖြူးရောင်းချနေတဲ့ ချမ်းသာမြေပဲဆီသန့်နဲ့စူပါစားဆီသန့်တို့ကိုသွားရောက်စစ်ဆေးခဲ့ပါသည်။.သို့သော် အိမ်အကူသာတွေ့ရှိရပြီးအိမ်ရှင်များကခရီးထွက်နေသည်ဆိုသည့်အကြောင်းပြချက်ကြောင့် အိမ်ရှင်များနဲ့မတွေ့ခဲ့ရပေ။ ဖုန်းခေါ်သော်လည်းမရသောကြောင့် လိုအပ်သည့်အထောက်အထား/စာရွက်စာတမ်းများကိုယူလာပြီးမနက်ဖြန်မနက်မိမိတို့ရုံးမှာ လာရောက်ရှင်းပြဖို့စာရေးပေးထားခဲ့ရပါသည်။

ထပ်မံပြီးရပ်ကွက်(၅)၊(၃၈)လမ်းထဲမှ ရွှေမန္တလေးပဲဆီသန့်ထုတ်လုပ်ရောင်းချနေတဲ့ ကိုမျိူး +မခင်မိုးတို့အိမ်ကိုသွားရောက်စစ်ဆေးရာမှာတော့ ဆီစက်ကိုမတွေ့ရပဲ ဆီရောသည့်စက်ကိုသာတွေ့ရှိခဲ့ရပြီး မေးမြန်းချက်များအရ မန္တလေးမှ ဆီကိုမှာယူကြောင်းနှင့် ရောက်လာသောဆီများကို ရောစပ်ကာ ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်၍ရောင်းချနေခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါသည်..ဝယ်ယူသောမန္တလေးသို့ဖုန်းနှင့်မေးမြန်းရာတွင်လည်း ၎င်းတို့မှ MEIZAN COMPANY သို့လှမ်းမှာ၍လည်းကောင်း၊မန္တလေးတွင်ကိုယ်တိုင်မြေပဲများကိုဝယ်ယူပြီးကြိတ်ခွဲခြင်းဖြင့်လည်းကောင်းရရှိလာသောဆီများကို လားရှိုးသို့တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပြီးအထောက်အထားမခိုင်လုံသောကြောင့်ရွှေမန္တလာပဲဆီသန့် ရောင်းချမှုကို ရပ်ဆိုင်းထားရန်မှာကြားခဲ့ပြီး ဆီနမူနာများကိုယူဆောင်ခဲ့ပါသည်။ထိုဆီများကိုဓါတ်ခွဲစစ်ဆေးပြီးချိန်တွင်စားသုံးသူအတွက်ဘေးအန္တရာယ်မရှိကြောင်းသေချာမှသာဆက်လက်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ထိုသို့ရောင်းချခွင့်ပြုရာတွင်လည်း ပဲဆီသန့်ဟုလိမ်ညာ၍မရေးရန် သတိပေးပြောကြားခဲ့ပါသည်။

ဆက်လက်ပြီးရပ်ကွက်(၅)မန်အိုင်လမ်းရှိ ချမ်းငြိမ်းပဲဆီ၊နှမ်းဆီလက်လီ/လက်ကားဖြန့်ချီရေးသို့ဝင်ရောက်စစ်ဆေးရာတွင် ဆီစက်မှာလက်တွေ့လည်ပတ်နိုင်ခြင်းမရှိပဲ ပုံးဆီများကိုမှာယူကာ ဘူးခွံများတွင် ကိုယ်ပိုင်အမှတ်တံဆိပ်ကပ် ကာ ရောင်းချနေခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့ရသော်လည်းလူကြီးများမရှိသေးဟုဆိုသောကြောင့် ဓါတ်ပုံမှတ်တမ်းများယူခဲ့ကာ မနက်ဖြန်မနက်မိမိတို့ရုံးသို့အထောက်အထား/စာရွက်စာတမ်းများယူ၍လာရောက်ရှင်းပြရန်မှာကြားခဲ့ပါသည်။

မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းတွင် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်/အသုံးအဆောင်ကုန်ပစ္စည်းများကို ရောင်းချမှုရှိ/မရှိဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ကုန်ပစ္စည်းများကိုသိမ်းဆည်း၍ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။

မိမိတို့ဦးစီးဌာနအနေဖြင့် လက်ကားဖြန့်ချီလျက်ရှိသောဆိုင်ကြီးများဖြစ်သည့် ပင်လယ်စာနှင့်အေးခဲအသားများ၊တရုတ်မှလာသောဝက်အူချောင်း/ကြက်အူချောင်း/ကြက်တောင်ပံ/အစပ်ချောင်းများ /စားသုံးရန်မသင့်သော တရုတ်မုန့်များရောင်းချလျက်ရှိသောဆိုင်ကြီးများသို့လည်းကောင်း၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့လည်းကောင်း၊စားဆီများထုတ်လုပ်ရောင်းချ ဖြန့်ဖြူးနေသည့်ဆိုင်များသို့လည်းကောင်းပဏာမစစ်ဆေး၍ သတိပေးတားမြစ်ထားပြီးဖြစ်ပါသည်။ နောက်ပိုင်းတွင်ဈေးကွက်အတွင်းတောက်လျှောက်စစ်ဆေးသွားမည်ဖြစ်ပြီးထိုသို့စစ်ဆေးရာတွင် ပြည်ပမှတင်သွင်းလာသောအစားအသောက်ကုန်ပစ္စည်းများဖြစ်ပါက FDA (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)၏ ထောက်ခံချက်နှင့်မိမိတို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏သွင်းကုန်လိုင်စင်တို့အစစ်ဆေးခံနိုင်ရမည်ဖြစ်ကာ ပြည်တွင်းမှထုတ်လုပ်သော အစားအသောက်ကုန်ပစ္စည်းများဖြစ်ပါက ဘေးအန္တရာယ်မရှိကြောင်း FDA ထောက်ခံချက်တို့ပြုလုပ်ထားရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲ /ကုန်ဆုံးသည့်ရက်စွဲတို့ထည့်သွင်းထားရမည်ဖြစ်ကြောင်းနှင့် အထောက်အထားမပြနိုင်ပါက ကုန်ပစ္စည်းများကိုသိမ်းယူ၍စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရအရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Credit-စားသုးံသူရေးရာ လားရိူး

About the author

ilove

Leave a Comment