Shwe News

ဒီတစ်ပတ်အတွက် ငွေကျပ် (၃၂) သိန်းဖိုး ငွေစင်လှိုင်းကို Vote ခဲ့တယ်ဆိုတဲ့ ငွေစင်လှိုင်း မိသားစု







Ref , WeLoveCele


  • Unicode

မနေ့ည သောကြာနေ့ Result ရှိုးအပြီးမှာတော့ Save ဖြစ်ခဲ့တဲ့ ငွေဇင်လှိုင်းဟာ Myanmar Idol နောက်ထပ် တစ်ပတ်မှာယှဉ်ပြိုင်ရမယ့် Week ကိုရောက်ရှိသွားပါပြီ

ငွေစင်လှိုင်းမိသားစုကလည်း ရန်ကုန်ထိကို လာရောက်ပြီး အားပေးခဲ့ကြတာဖြစ်ပါတယ်။ တမူးမြို့မှာ အပြတ်အသတ်အားပေးမှုတွေ အခိုင်အမာရရှိထားတဲ့အပြင် မြန်မာတစ်နိုင်ငံလုံးက ငွေစင်လှိုင်းပရိသတ်တွေကလည်း ငွေစင်လှိုင်းကို အပတ်တိုင်း Vote လုပ်ပြီးအားပေးနေကြပါတယ်။

ငွေစင်လှိုင်းမိသားစုအနေနဲ့ကလည်း Vote ပေးကြတာနဲ့ပတ်သက်ပြီး“ကျမတို့ကလေ ငွေဇင်လှိုင်းကိုအရမ်းအားပေးချင်လို့ တမူးကနေတောင်လာခဲ့ရတာပါ ဒီတစ်ပတ်ထဲမှာ Vote တာ ငွေကျပ် ၃၂ သိန်းဖိုးလောက်ကုန်ပါတယ်”လို့ ဆိုပါတယ်

“ပရိသတ်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ငွေဇင်လှိုင်းကို ကြိုက်တယ်ဆိုတော့ ငွေဇင်လှိုင်းပဲကောင်းပါတယ်”


ငွေဇင်လှိုင်းရဲ့ မိသားစုကလည်း သူမ ရန်ကုန်ကို ထွက်သွားခဲ့တဲ့ အကြောင်းရင်းနဲ့ ယခုလက်ရှိအခြေအနေကို ပြောပြပါတယ်။ “အိမ်ကနေ 2009/10 လောက်တည်းကထွက်သွားတယ် ဒီအလုပ်လုပ်မယ်ဆိုပြီးတော့ အိမ်ကလည်း သိပ်မကြည်ဖြူဘူး သူကလည်း သူယုံကြည်ရာကို သူ့ဘာသူရွေးချယ်တယ် ဒီလမ်းကြောင်းလေးပေါ်မှာ ထိန်းပြီးတော့ မတိမ်းမစောင်းဘဲ သူ့ဂုဏ်သိက္ခာ မိသားစုသိက္ခာမထိခိုက်အောင် အကောင်းဆုံးနေနိုင်တယ်။

Ref , WeLoveCele

Source-Sunday Journal Interview

About the author

Wai Phyo Oo

Leave a Comment