Shwe News
မေမေချစ်သုဝေဆိုထားတဲ့ သီချင်းလေးနဲ့ ကျောင်းလိုက်ပို့စဉ် ကားပေါ်မှာ အပီအပြင်ကနေတဲ့ ခေတ်နဲ့သစ်
Video ကြည့်ရန်
  • Unicode
ပရိသတ်တွေရဲ့အသည်းတုံးလေး ခေတ်ခေတ်နဲ့သစ်သစ်ကတော့ တနေ့တခြား ပရိသတ်တွေကိုမ ရိုးနိုင်ရအောင် ချစ်စေနိုင်သူလေးတွေပါ။ ကြီးလာတာနဲ့အမျှ ခေတ်နဲ့သစ်တို့ရဲ့အပြုအမူလေးတွေဟာ ပရိသတ်တွေအတွက် အသည်းယားဖွယ်ကောင်းလောက်အောင် အချစ်တွေတိုးပွားစေပါတယ်။ ခေတ်နဲ့သစ်ကတော့ ယခုဆိုရင် ကျောင်းတောင်တက်နေပါပြီနော်။
ခေတ်နဲ့သစ်ရဲ့ နာမည်နဲ့အတူ ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားပြီးတော့ ခေတ်နဲ့သစ်တို့ရဲ့လှုပ်ရှားမှုလေးတွေကို Program ရိုက်ကူးပြီး ရရှိလာတဲ့အကျိုးအမြတ်တွေကိုတော့ ဖောင်ဒေးရှင်းအတွက် ထည့်ဝင်လှူဒါန်းသွားမှာဖြစ်ပါတယ်။
ခေတ်နဲ့သစ်ဟာ ငယ်စဉ်တည်းက ပရိသတ်တွေရဲ့အသည်းနှလုံးတွေကို ချုပ်ကိုင်နိုင်စွမ်းရှိခဲ့သူတွေဖြစ်ပါတယ်။ အမြွှာသမီးလေးတွေဖြစ်တာကြောင့်လည်း သူတို့ရဲ့ လှုပ်ရှားမှုလေးတွေဟာ သာမန်ထက်ပိုပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ယနေ့မှာတော့ ကျောင်းလိုက်ပို့စဉ်ကားပေါ်မှာ မေမေချစ်သုဝေရဲ့သီချင်းနဲ့ အပီအပြင်ကနေတဲ့ ခေတ်နဲ့သစ်ကြောင့် မေမေတစ်ယောက်ပျော်ရွှင်ခဲ့ရတာပါ။ မေမေ့ရဲ့သီချင်းတွေကို သမီးလေး နှစ်ယောက်က အပီအပြင်အားပေးနေကြတာကြောင့် မေမေချစ်သုဝေက
“မနက်ကျောင်းပို့လို့ကားပေါ်တက်ရင် မေမေ့သီချင်းဖွင့် ဆိုပဲ..ချစ်လိုက်တာ…”ခရီးသည်” သီချင်းလေးနဲ့ ကနေတာများ…he he အမာခံပရိသတ်တွေနော်..ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့🤪🤩🥰😍😘” ဆိုပြီး ပျော်ရွှင်မှုတွေ ဆွတ်ပျံ့နေတဲ့ ခံစားချက်လေးတွေနဲ့အတူ ရေးသားထားတာဖြစ်ပါတယ်။
မေမေချစ်သုဝေရဲ့ ခရီးသည်သီချင်းနဲ့ ခေတ်နဲ့သစ်တို့ရဲ့ ကဟန်လေးတွေကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။ Credit: We Love Cele
Video ကြည့်ရန်
About the author
ilove
Leave a Comment