Shwe News

ပိုင္အိုးနီးယားစားေသာက္ဆိုင္ ဆိုတဲ့ နာမည္တစ္လံုး ျဖစ္လာေအာင္ ခက္ခဲစြာ ၾကိဳးစားခဲ့ရပံုကို ေျပာျပလာတဲ့ ေဇာ္မိုး ပိုင္အိုးနီးယား

၁၄ႏွစ္သားပိုင္အိုးနီးယား 14years_Old ( 18/07/2004 -2018 )
၁၃ႏွစ္သားပိုင္အိုးနီးယား အေၾကာင္းတင္ျဖစ္ခဲ့ေပမယ့္မည္သို႔မည္ပံု Fbေပၚမွေပ်ာက္သြားသည္မသိ။အခု(၁၄)ႏွစ္ျပည့္အမွတ္တရအျဖစ္ျပန္လည္တင္ျပလိုက္ရပါသည္။ဒီေန႔(၁၈.၇.၂၀၁၈ )ဟာ ပိုင္အိုးနီးယား စားေသာက္ဆိုင္ ကိုစတင္တည္ေထာင္ခဲ့တဲ့ (၁၄)ႏွစ္ျပည့္တဲ့ေန႔ပါ။အေဖနဲ႔အေမရဲ႕ ယံုၾကည္စြာ တာဝန္ေပးမႈနဲ႔အတူ…ကြၽန္ေတာ္ရဲ႕ေစတနာ၊ကံ၊ဥာဏ္၊လံုးလ၊ဝီရိယ တို႔ကို အရင္းတည္ၿပီး ေန႔/ညမျပတ္ ႐ိုးသားစြာၾကိဳးစားခဲ့ရတဲ့ရလာဒ္တစ္ခုကေတာ့ ယေန Pioneer Food Centre ဆိုတဲ့ နာမည္တစ္ခု စားေသာက္ဆိုင္ေလာကမွာ အခိုင္အမာရပ္တည္နိုင္ခဲ့တာပါပဲ ။ ဒီနာမည္လွလွေလးကို ေပးခဲ့သူက ကြၽန္ေတာ္အေဖပါ။

လူသူမထူထပ္ေသးတဲ့ေကတုမတီၿမိဳ႕သစ္ကေလးမွာ စားေသာက္ဆိုင္ဖြင့္မယ္လုပ္ေတာ့ တခ်ဳိ့လူေတြက ကြၽန္ေတာ္တို႔သားအဖကို အ႐ူးတဲ့။ လူေတြဘယ္လိုပဲေျပာေနေျပာေန ပိုင္အိုးနီးယား ဆိုတဲ့ စားေသာက္ဆိုင္ေလးတစ္ဆိုင္ လူသူမထူထပ္ေသးတဲ့ ေကတုမတီၿမိဳ႕သစ္ေလးမွာေအာင္ျမင္စြာေပါက္ဖြားလာႏိုင္ခဲ့ပါတယ္။

စေရာင္းခါစက..လူေန အလြန္ က်ဲပါးတဲ့အနီးနားပတ္ဝန္းက်င္ကို အားကိုးလို႔ မရေပမဲ့ ေတာင္ငူကေန ၁၄မိုင္ေဝးတဲ့ကြၽန္ေတာ္ဆိုင္ေလး ကို လာေရာက္အားေပးၾကတဲ့ အသိမိတ္ေဆြေတြမ်ားျပားခဲ့သလို..ေနျပည္ေတာ္တည္ေဆာက္ေရးလုပ္ငန္းကိုသြားၾကတဲ့ လုပ္ငန္း႐ွင္ႀကီးေတြနဲ႔ဝန္ထမ္းေတြအတြက္ကလည္း ေကတုမတီၿမိဳ႕သစ္ေလးမွာတည္ရိွေနတဲ့ ပိုင္အိုးနီးယား စားေသာက္ဆိုင္ကို မျဖစ္မေန တစ္ေထာက္ရပ္နားအနားယူရတဲ့ေနရာေလးတစ္ခုအျဖစ္သေဘာထားလာၾကတာက ပိုင္အိုးနီးယားရဲ႕ ႐ွင္သန္ျခင္းအစပါ ။

Express ကားေတြ စေရာင္းျဖစ္ခဲ့တာကလည္း ဆိုင္ဖြင့္ၿပီးတစ္နွစ္အေက်ာ္မွာ ယာဥ္လိုင္းတစ္လိုင္း ကြၽန္ေတာ္ဆီကိုလာေရာက္ ခ်ိတ္ဆက္ရာမွ စတင္ၿပီး Express ကားရပ္နားတဲ့ဆိုင္ေလာကထဲကို ကြၽန္ေတာ္စၿပီးကူးေျပာင္းျဖစ္ခဲ့တာေပါ့။

Express ကားေလာက ကို ေရာင္းခ်ရတာ သာမန္ ႐ိုး႐ိုးစားေသာက္ဆိုင္ေတြေရာင္းခ်တာနဲ႔မတူပါဘူး။ကားတစ္စီး လူအေယာက္ ၄၀ေက်ာ္ကို နာရီဝက္အတြင္း အစားအေသာက္ အျမန္ ေရာင္းခ်ရတဲ့လုပ္ငန္းပါ။နာရီဝက္ဆိုတာထက္ သန္႔စင္ခန္းသြားၿပီးက်န္တဲ့အခ်ိန္ ေလးမွာ မွာတာကို အေရာက္ခ်ေပးရတဲ့ ေရာင္းခ်နည္းတစ္မ်ိဳးေပါ့။

ဒီလိုေရာင္းခ်ႏိုင္ဖို႔အတြက္ အစိမ္းသက္သက္ျဖစ္ေနတဲ့ ကြၽန္ေတာ္တို႔အဖို႔ လြယ္ကူလွတဲ့အရာတခုေတာ့မဟုတ္ဘူးဗ်။ယခင္က လမ္းေဟာင္း Express ကားေလာကဆိုင္ေတြျဖစ္တဲ့စိန္ပန္းနီစားေသာက္ဆိုင္(ပဲခူး) ၊ ရန္ကုန္ထမင္းဆိုင္(ကြၽန္းကုန္း)၊ေရႊလင္းယုန္၊ရြက္ေလွစားေသာက္ဆိုင္ (ဆြာ) ၊ ေရႊေတာင္တန္း (ဝမ္းတြင္း) စားေသာက္ဆိုင္ေတြက Express ကားေတြ တစ္ေထာက္ရပ္နားတဲ့ လူသိမ်ား ေအာင္ျမင္ခဲ့ၾကတဲ့ဆိုင္ေတြေပါ့။

အဲဒီအထဲမွာ ကြၽန္ေတာ္တို႔ ေကတုမတီၿမိဳ႕သစ္နဲ႔ကပ္လွ်က္ကြၽန္းကုန္းေက်းရြာေလးက ရန္ကုန္ထမင္းဆိုင္ေလးကိုေတာ့ဧည့္သည္ႀကိဳပို႔တာပဲျဖစ္ျဖစ္၊ကြၽန္ေတာ္ကိုယ္တိုင္ ခရီးသြားခ်င္လို႔ပဲျဖစ္ျဖစ္ ရန္ကုန္ထမင္းဆိုင္ကေန ကားလာေစာင့္စီးရတယ္ဗ်။

ကားမစီးျဖစ္လည္း ကြၽန္ေတာ္အားက်တဲ့ဆိုင္ေလးကို အနည္းဆံုး ေကာ္ဖီတစ္ခြက္ေလာက္ေသာက္ၿပီး ခနခနထိုင္ခဲ့ဖူးတယ္။ေရာက္တိုင္းလည္း Express ကားေတြဝင္ၿပီးခရီးသည္ေတြစည္ကားလွတဲ့ဒီဆိုင္ေလးကိုကြၽန္ေတာ္အားက်ေနျဖစ္ခဲ့တာက ၁၉၉၂/၉၃ ေလာက္ကတည္းကပါ။

အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဒီဆိုင္ေလးရပ္နားပိတ္သိမ္းေတာ့မယ္ဆိုေတာ့ ကံတရားေဖးမမႈက ကြၽန္ေတာ္ဘက္ကိုေရာက္လာခဲ့ပါတယ္။ကြၽန္ေတာ္ရဲ႕ ပိုင္အိုးနီးယား စားေသာက္ဆိုင္မွာ ပထမဆံုးရပ္နားခဲ့ၿပီး Express ကားေတြေပၚပါ စားသံုးသူ ခရီးသည္ေတြကိုေရာင္းခ်ဖို႔ စတင္ မိတ္ဆက္ေပးခဲ့ တဲ့ယာဥ္လိုင္းကေတာ့ တစ္ခ်ိန္က အလြန္ေအာင္ျမင္ခဲ့တဲ့ #LEO_Expressယာဥ္လိုင္းပါ။

ကြၽန္ေတာ္ရဲ႕ေက်းဇူး႐ွင္ယာဥ္လိုင္းတစ္ခုအေနနဲ႔ယခုအခ်ိန္ထိအျမဲအမွတ္တရေက်းဇူးတင္ေနဆဲပါ။စတင္ရပ္နားခဲ့စဥ္က LEO ကားတစ္စီးနဲ႔စခဲ့ပါတယ္။လူအမ်ားႀကီးတစ္ၿပိဳင္တည္းက်တဲ့ အေတြ႔အၾကံဳမရိွေသးေတာ့ Leo ကားစဆိုက္တဲ့အခ်ိန္မွာ ဝန္ထမ္းအေယာက္၆၀ေက်ာ္နဲ႔ ေမာင္းတင္ၿပီး Service ေပးမယ္လို႔စိတ္ကူးထားတဲ့ကြၽန္ေတာ္ တကယ္တန္းယာဥ္ေပၚပါ အေယာက္၄၀ေက်ာ္ေသာခရီးသြားဧည့္သည္ေတြကို ဘယ္လိုမွ စားေသာက္ဖြယ္ရာ ပစၥည္းေတြ မိနစ္၂၀ေက်ာ္အတြင္း တၿပိဳင္နက္ေရာက္ေအာင္ ေရာင္းခ်ႏိုင္စြမ္းမရိွခဲ့ပါဘူး။ဒါဟာ…ကြၽန္ေတာ္ရဲ႕ ပထမဆံုး Express ခရီးသြားဧည့္သည္ေတြကို ေရာင္းခ်ရတဲ့ အေတြ႔ၾကံဳသစ္ပါ။

တစ္လေလာက္အၾကာမွာ ဆြာမွာရပ္နားေနတဲ့ ေရႊမန္းသူ/႐ွမ္းမေလးယာဥ္လိုင္းတစ္လိုင္းလံုး ကြၽန္ေတာ္ဆိုင္ကိုေျပာင္ေရႊ႔ရပ္နားခဲ့ပါတယ္။ LEO Express ယာဥ္လိုင္းကို တစ္လတာေရာင္းခ်ႏိုင္ခဲ့အၿပီးမွာ လိုအပ္ခ်က္ေတြကို အခ်ိန္မီျဖည့္စီးေဆာင္ရြက္ႏိုင္ခဲ့လို႔မ်ားျပားစြာဝင္ေရာက္ရပ္နားလာတဲ့ေရႊမန္းသူ/႐ွမ္းမေလး၊မန္းေရႊျပည္၊အစရိွတဲ့ ယာဥ္လိုင္း ေတြဝင္ေရာက္လာမႈ ကိုအဆင္ေျပစြာေရာင္းခ်ႏိုင္ခဲ့ပါၿပီ။

ဆိုင္ဖြင့္ၿပီး ၂ႏွစ္ေလာက္အၾကာမွာ ကြၽန္ေတာ္အိမ္ေထာင္ျပဳခဲ့ပါတယ္။ ၂၀၀၆ခုႏွစ္ကေပါ့ အသက္က ၃၃ႏွစ္။ဒီေနရာမွာ ကိုယ္ယူထားတဲ့ ဇနီးအေၾကာင္း အနည္းငယ္ ကိုယ္ရည္ေသြးခ်င္ပါေသးတယ္ခင္ဗ်။ကြၽန္ေတာ္နဲ႔မယူခင္က ႐ွန္ဟိုင္းလိုကုန္တိုက္ႀကီးမွာ အေရးႀကီးတဲ့အခန္းက႑ကေနဝန္ထမ္းေပါင္းေျမာက္မ်ားစြာကိုအုပ္ခ်ဳပ္ခဲ့ရၿပီး၊တ႐ုတ္ျပည္ကိုအေခါက္ေခါက္သြားခဲ့ဖူးသလို။

Dynasty ကုမၸဏီ ရဲ႕ Marketing ပိုင္း မွာလည္း ကုမၸဏီတိုးတက္ေအာင္ေဆာင္ရြက္ေပးခဲ့တဲ့အရည္အခ်င္းအျပည့္ရိွသူတစ္ေယာက္ပါ။အလုပ္မလုပ္ရရင္မေနႏိုင္တဲ့သူကေလးဗ်။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ လက္မထပ္ခင္စပ္ၾကားမွာ ကြၽန္ေတာ္လုပ္ကိုင္ေနတဲ့ စားေသာက္ဆိုင္လုပ္ငန္းဆိုင္ရာ အစားေသာက္အခ်က္ျပဳတ္သင္တန္း၊ေဖ်ာ္ရည္သင္တန္း၊ေရခဲမုန္႔သင္တန္း၊မုန္႔သင္တန္း ေတြကို အခ်ိန္မီ တက္ေရာက္ခဲ့ၿပီး ကြၽန္ေတာ္တို႔ႏွစ္ေယာက္ လက္ထပ္ခဲ့ၿပီး အခ်ိန္မွာေတာ့ ဆိုင္ရဲ႕ အဓိက လိုအပ္တဲ့အစားအေသာက္ထုတ္လုပ္မႈ အပိုင္းမွာ လက္ရင္းတပည့္မ်ားစြာကိုေမြးထုတ္ေပးႏိုင္ခဲ့သလို သူကိုယ္တိုင္ ဦးေဆာင္ျဖည့္စြက္ေပးႏိုင္ခဲ့တာေၾကာင့္ စားေသာက္ဆိုင္ေလာကမွာ ပိုင္အိုးနီးယားကို ပိုမိုအရိွန္ျမင့္ လူသိမ်ား လာေစခဲ့တာေပါ့ဗ်ာ။

ဒီလိုနဲ႔ ႏွစ္ေယာက္ေပါင္း အပင္ပန္းခံၾကိဳးစားမႈကေန….တဆင့္စကားတဆင့္ၾကားလို႔ဆိုင္မွာရပ္နားလာၾကတဲ့ Expressကားေတြ ပိုပိုမ်ားျပားလာခဲ့ပါတယ္။လမ္းေဟာင္းမွာတုန္းက Express ကားေတြ မၾကာခဏ Accidentျဖစ္ရင္ ယာဥ္ပိုင္႐ွင္ေတြ၊ဂိတ္ပိုင္ေတြ အခ်ိန္မီမလာေရာက္ႏိုင္ခင္အခ်ိန္ေတြမွာ ကြၽန္ေတာ္က ဂိတ္ပိုင္၊ကားပိုင္ေတြကိုယ္စား ညအခ်ိန္မေတာ္ အခင္းျဖစ္ပြားေနရာကို အေရာက္သြားၿပီး လူအား၊ေငြအားစိုက္ထုတ္ၿပီး ကိစၥအဝဝ ကိုတာဝန္ယူေျဖ႐ွင္းေပးႏိုင္ခဲ့ပါတယ္။

အလုပ္ကိစၥမျပတ္လို႔ မိုးလင္းမွ အိမ္ျပန္ေရာက္ခဲ့တဲ့ ရက္ေတြကလည္းမနည္းဘူးဗ်။ညအခ်ိန္မေတာ္ ဖုန္းလာရင္ ၊ဂိတ္ပိုင္၊ယာဥ္ပိုင္ေတြ ေၾကာက္ၾကသလိုပဲ ဘယ္ကားက ဘယ္မွာ ဘာနဲ႔တိုက္လိုက္လို႔ဆိုတာမ်ဳိး ဖုန္းဆက္လာရင္ ကြၽန္ေတာ္လည္း ရင္တထိတ္ထိတ္နဲ႔ေၾကာက္ေနရတယ္။အခုခ်ိန္ထိလည္း မည္သည့္ ယာဥ္လိုင္းမဆို အကူညီေတာင္းလာရင္ ကူညီေပးေနတုန္းပါပဲ။

ဒါေၾကာင့္ ေမာင္တထမ္း၊မယ္တရြက္ ႀကိဳးစားခဲ့ရတဲ့ရလာဒ္တခုအေနနဲ႔ ပိုင္အိုးနီးယား မွာ တေျဖးေျဖး လာေရာက္ရပ္နားၾကတဲ့ Express ကားအစီးေရဟာ အလြန္မ်ားျပားလာခဲ့ရတာေပါ့ဗ်ာ။ဒီလိုမ်ားျပားလွတဲ့ Express ကားေတြကို ေနရာက်ယ္ဝန္းစြာ ဝန္ေဆာင္မႈေပးလို႔ရေအာင္ ဆိုင္ကိုစုထားတဲ့ပိုက္ဆံေလးေတြနဲ႔အေကာင္းဆံုးျပဳျပင္မြမ္းမံလို႔ၿပီးတာနဲ႔ မၾကာခင္မွာပဲ အျမန္လမ္းမႀကီးက စတင္အသက္ဝင္လာပါေတာ့တယ္။ကားေတြအျမန္လမ္းေပၚကပဲ သြားေနၾကပါၿပီ…ကြၽန္ေတာ္ကိုမိသားစုသဖြယ္ခင္မင္ၾကတဲ့ယာဥ္လိုင္းေတြကလြဲၿပီး က်န္တဲ့ယာဥ္လိုင္းေတြအကုန္လံုး အျမန္လမ္းေပၚက ၁၀၅မိုင္စားေသာက္ဆိုင္၊တင္တင္ေအးျမန္မာထမင္းဆိုင္ေတြမွာရပ္နားေနၾကေတာ့လမ္းေဟာင္း ပိုင္အိုးနီးယားမွာ ဝင္ေရာက္စားသံုးၾကတဲ့ Express ကားေတြသိသိသာသာေလ်ာ့နည္းလာတာေပါ့ဗ်ာ….. ကြၽန္ေတာ္ဘာလုပ္ရမလဲ….ကံစီမံရာကိုပဲလိုက္လုပ္ရေတာ့မွာေပါ့…..။

အျမန္လမ္းသစ္ႀကီးဖြင့္ပြဲမွာ ျမန္မာႏိုင္ငံရဲ႕ ပထမဆံုး Restcamp ယာဥ္ရပ္နားစခန္းႀကီးက လယ္ေျမအတိုင္းပဲရိွေနပါေသးတယ္ Restcamp မွာ ဆိုင္ေနရာခ်ေပးေတာ့ ပိုင္အိုးနီးယား ကတစ္ေနရာ ရခဲ့ပါတယ္။ လမ္းသစ္ႀကီးဖြင့္ပြဲမွာ လက္ရိွ Restcamp ဆိုင္ေျမေနရာခ်ထားမႈကို လူႀကီးေတြ သိရိွႏိုင္ေစဖို႔အတြက္ ယာယီဆိုင္ ေတြေဆာက္လုပ္ခိုင္းၿပီး ကြၽန္ေတာ္ ပိုင္အိုးနီးယားဆိုင္ ကိုေတာ့ လမ္းသစ္ဖြင့္ပြဲမွာ အေရာင္းျပႏိုင္ေအာင္ တာဝန္ေပးျခင္းခံခဲ့ရပါတယ္။

ဆိုင္ေတြ အတြက္ေနရာခ်ထားေပးထားတဲ့ ေနရာက ေျမမဖို႔ရေသးတဲ့လယ္ကြင္းပဲရိွေသးေပမယ့္၊အဲဒီလယ္ကြင္းေပၚမွာပဲ ဘုန္းႀကီးငါးပါးပင့္ဖိတ္လို ေျမသန္႔ပရိတ္တရားကို နာခဲ့ပါေသးတယ္။ ဖြင့္ပြဲနီးကပ္မွ အေရာင္းျပရမယ္လို႔ တာဝန္ေပးျခင္းခံရေတာ့..ယာယီဝါးနဲ႔တည္ေဆာက္ခဲ့ၿပီး ၁၁၅မိုင္မွာ ပထမဆံုး ေရာင္းခ်ျပႏိုင္ခဲ့တဲ့ ဆိုင္အျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။

Restcamp တည္ေဆာက္ေရးလုပ္ငန္းေတြ မၿပီးျပတ္ေသးတာနဲ႔ ၁၁၅မိုင္ ယာဥ္ဝန္းအတြင္းမွာပဲ (၃)ေနရာေလာက္ေျပာင္းေရြ႔ဖြင့္လွစ္ခဲ့ရၿပီး၊ေရ၊မီး၊ေနထိုင္ရမႈအခက္ အခက္အခဲေတြေၾကာင့္ တစ္လမျပည့္ခင္မွာပဲ ျပန္လည္႐ုတ္သိမ္းခဲ့ပါတယ္။ကားအမ်ားစုက အျမန္လမ္းမႀကီးကေနပဲ သြားေနၾကေတာ့…လမ္းေဟာင္းက ကြၽန္ေတာ္ဆိုင္မွာ ရပ္နားလာၾကတဲ့ကားေတြ သိသိသာသာေလ်ာ့နည္းလာပါေတာ့တယ္။

မိုးခါးေရေသာက္ခဲ့တဲ့ကြၽန္ေတာ္

၁၁၅မိုင္ ယာဥ္ရပ္နားစခန္း မွာ စားေသာက္ဆိုင္ခန္းေတြ ေဆာက္လုပ္မႈ မၿပီးေသးေတာ့ လမ္းေဟာင္းမွာ ဖြင့္လွစ္ေရာင္းခ်ေနတဲ့ ဆိုင္ေတြက အျမန္လမ္းေဘး နီးစပ္ရာ လယ္ကြင္းေတြမွာ ယာယီဆိုင္ေတြ ဖြင့္ၿပီးေရာင္းခ်ေနတဲ့အခ်ိန္ ကြၽန္ေတာ္က လမ္းေဟာင္းမွာပဲ ရိွေနေသးတယ္ဗ်။ လမ္းေဟာင္းကဆိုင္နဲ႔ အျမန္လမ္း ကိုဆက္သြယ္ထားတဲ့လမ္းကနီးေတာ့ ကြၽန္ေတာ္ဆီမွာရပ္နားေနတဲ့ ယာဥ္လိုင္းေတြကို အခ်ိန္တစ္ခုအထိေတာ့ ထိမ္းထားႏိုင္ခဲ့ေပမဲ့ ဆိုင္ထဲကို ဝင္ေရာက္ရပ္နားတဲ့ကားေတြကို တိုင္းစစ္ဌာနခ်ဳပ္နဲ႔ကပ္လွ်က္လမ္းကေနလာရေတာ့၊ ကားေတြေပၚကို လံုျခံဳေရးအရ တက္စစ္ရတာနဲ႔ လိုင္စင္တက္စစ္ရတာနဲ႔ကတမ်ဳိး၊သံလမ္းေစာင့္တဲ့သူကလည္း ည၉နာရီေက်ာ္ရင္ တစ္ခါမွမပိတ္တဲ့ရထားသံလမ္းကို ပိတ္ၿပီးကားေတြကိုရစ္လို႔ ညတိုင္း လဖက္ရည္နဲ႔ပဲပလာတာ ဆက္ကပ္ၿပီးဖားရတာလည္းအႀကိမ္ႀကိမ္၊ၾကာေတာ့ ဆိုင္ကို ဝင္နားမဲ့ ကားေတြက အျမန္လမ္းကပဲ အစစ္အေဆးကင္းစြာသြားခ်င္လာၾကတယ္။

၁၁၅မိုင္ က ယာဥ္ရပ္နားစခန္းကလည္း မၿပီးေသးသလို မေသျခာတဲ့ေနရာတခုမွာ ဆိုင္ေတြကလည္း ဖြင့္လွစ္ေရာင္းခ်ဖို႔အတြက္ စိုးရိမ္ေနၾကတယ္၊ကြၽန္ေတာ္အပါဝင္ေပါ့ဗ်ာ။ဒီလိုနဲ႔ သူမ်ားေတြ ဖြင့္သလိုမ်ဳိး ကြၽန္ေတာ္ဆိုင္ေဟာင္းနဲ႔ နီးစပ္ရာေျမေနရာလိုက္ၾကည့္ၿပီး၊ဆိုင္မွာရက္နားေနတဲ့ ယာဥ္လိုင္းေတြ မိတ္မပ်က္သြားရေအာင္၊ခရီးသြားစားသံုးသူေတြ စားေသာက္မႈအဆင္ေျပေစဖို႔၊အႏၲရာယ္ကင္းစြာ အေပါ့အပါးသန္႔စင္ခန္းသြားလို႔ရေအာင္ (၁၅၄) မိုင္ ယာယီဆိုင္ႀကီးကိုအျမန္ဆံုး ဖြင့္လွစ္ေရာင္းခ်ႏိုင္ဖို႔စီစဥ္ရေတာ့တာေပါ့။ဒါေၾကာင့္သူမ်ားေတြ မိုးခါးရည္ေသာက္ခဲ့သလို ကြၽန္ေတာ္လည္းလိုက္ေသာက္ခဲ့ရၿပီေပါ့ဗ်ာ။

အရင္ဆံုး မိုးတြင္းႀကီးဆိုေတာ့ ကားေတြရပ္နားဖို႔အတြက္ ကြန္ကရစ္လမ္းေဘးမွာ အမာခံ ေက်ာက္ က်င္းေပါင္းမ်ားစြာဖို႔ၿပီးေဆာင္ရြက္ခဲ့ရသလို၊ကြၽန္ေတာ္ထက္အရင္ ယာယီဖြင့္လွစ္ေရာင္းခ်ေနၾကတဲ့ ဆိုင္ေတြရဲ႕အားနည္းခ်က္ေတြကို ျပင္ဆင္ၿပီး ၁၂ရက္အတြင္းမွာ သတ္ရပ္က်ယ္ဝန္းတဲ့ ယာယီဆိုင္ႀကီးကို အၿပီးေဆာက္လုပ္ေရာင္းခ်ႏိုင္ခဲ့လို႔လည္း ပိုင္အိုးနီးယား နဲ႔ မိတ္ေဆြရင္းေတြအဆက္မျပတ္ခဲ့ရတာေပါ့။

ဝင္ေရာက္လာတဲ့စားသံုးသူေတြကိုလစ္ဟင္းမႈမရိွေစရန္ႏွင့္၁၅၀ေက်ာ္ေသာ ဝန္ထမ္းေတြကို အုပ္ခ်ဳပ္မႈမေဝးကြာေစရန္အတြက္ ယာယီအေဆာက္အဦးေလးကိုဆိုင္နဲ႔တြဲေဆာက္ထားၿပီး တစ္ႏွစ္အရြယ္သမီးႀကီးနဲ႔အတူ ကြၽန္ေတာ္တို႔ပါေျပာင္းေရြ႔ေနခဲ့ၾကပါတယ္။ ယာယီဆိုင္ျဖစ္ေပမဲ့ စနစ္တက် ရိွလွတဲ့ ကြၽန္ေတာ္ဆိုင္ကို မူရင္းရပ္နားေနၾက ယာဥ္လိုင္းေတြအျပင္၊ ထပ္မံ ဝင္ေရာက္ရပ္နားလာၾကတဲ့ ယာဥ္လိုင္းမ်ား၊ခရီးသြားကားေလးေတြေျမာက္မ်ားစြာရပ္နားခဲ့တာေၾကာင့္ ယာယီဆိုင္ဖြင့္ၿပီ မၾကခင္မွာပဲ….ေျခာက္ေသြ႔လွတဲ့ အျမန္လမ္း ၁၅၄မိုင္မွာ ၂၄နာရီ ခရီးသြားမ်ားနဲ႔ စည္ကားလြန္းလွတဲ့ေနရာတစ္ေနရာျဖစ္ခဲ့ရပါတယ္။ကြၽန္ေတာ္ရယ္၊ဇနီးရယ္၊သမီးႀကီးရယ္… တေျဖးေျဖးနဲ႔ေနသားက်လာလို႔ ၈လျပည့္တဲ့အခ်ိန္မွာ ပိုင္အိုးနီးယား စားေသာက္ဆိုင္ကို အျမန္လမ္း ၁၁၅မိုင္ ယာဥ္ရပ္နားစခန္း သို႔ တစ္လအတြင္း ေျပာင္းေရြ႔ဖြင့္လွစ္ဖို႔ အမိန္႔နဲ႔စာတစ္ေစာင္ေရာက္လာခဲ့ပါၿပီ။

ယာဥ္ရပ္နားစခန္း၁၁၅မိုင္ကို စတင္ဖြင့္လွစ္တဲ့အခ်ိန္မွာ.ကြၽန္ေတာ္ထက္ တစ္လႀကိဳၿပီး ဖြင့္လွစ္ခဲ့တဲ့ဆိုင္ကေတာ့ FEEL Express ဆိုင္ပါခင္ဗ်။ အဲဒီအခ်ိန္တုန္းက Feel မွာ Express ကားေရာင္းခ်ႏိုင္တဲ့အေတြ႔အၾကံဳမရိွေသးေတာ့ Express ကားေတြက ၁၅၄မိုင္မွာရိွတဲ့ ပိုင္အိုးနီးယား ယာယီ ဆိုင္ႀကီးမွာပဲစုျပံဳတိုးေနၾကလို႔ လူႀကီးေတြရဲ႕ မ်က္စိဆံပင္ေမႊးဆူးျခင္းခံခဲ့ရပါေသးတယ္။

ကြၽန္ေတာ္ ၁၅၄ မိုင္မွာဖြင့္ေနသ၍ ၁၁၅မိုင္ဟာ အသက္မဝင္ၿငိမ္သက္ေနမွာသိေတာ့ တစ္လအတြင္း ယာယီဆိုင္အၿပီးပိတ္သိမ္းၿပီး၊ယာဥ္ရပ္နားစခန္းမွာ ဖြင့္လွစ္ေရာင္းခ်ဖို႔အတြက္အမိန္႔ထုတ္ခဲ့ရတာေပါ့ဗ်ာ ။ဒါမွလည္း Express ကားေတြနဲ႔ Restcamp ႀကီးက အသက္ဝင္စည္ကားလာမွာေလဗ်ာ။ကြၽန္ေတာ္ကို တစ္လအတြင္း အမိန္႔နဲ႔ဖြင့္လွစ္ခိုင္းေပမဲ့ ဆိုင္၅ဆိုင္ရိွတဲ့ ၁၁၅မိုင္က Restcamp ႀကီးမွာ ေနာက္ဆံုးမွေဆာက္ေနတဲ့ဆိုင္က ကြၽန္ေတာ္ဆိုင္ဗ်။အမိုးနဲ႔အ႐ိုးပဲရိွေသးတဲ့ဆိုင္ကို တစ္လအတြင္း အၿပီးေျပာင္းေရြ႔ရမယ္ဆိုေတာ့….ဆိုေတာ့ကားးးးး…….

ကြၽန္ေတာ္ လံုးပမ္းရပါၿပီ။၁၁၅မိုင္မွာ တစ္လအတြင္း ဆိုင္မဖြင့္ႏိုင္ရင္ေတာင္၊၁၅၄မိုင္ယာယီဆိုင္ကိုေတာ့ တစ္လအတြင္းပိတ္ေပးရမွာေတာ့ေသျခာတယ္ဗ်။သူတို႔ေပးတဲ့ တစ္လဆိုတဲ့ target ကို အခ်ိန္မီဖြင့္လွစ္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အျပင္ အေဖနဲ႔အေမ ပါစိတ္ပူစြာနဲ႔ပါဝင္လာရၿပီေပါ့ဗ်ာ။

ယာယီဆိုင္ကိုလည္း ကားေတြအဝင္အထြက္မ်ားလို႔စိတ္မခ်ျဖစ္ရသလို၊မၾကာခင္ေျပာင္းေရြ႔ရမယ့္ဆိုင္တည္ေဆာက္ေရးကိုလည္းအခ်ိန္မီ ၿပီးစီးေရးအတြက္ ၁၅၄နဲ႔၁၁၅မိုင္ အကြာေဝးကို ေန႔စဥ္ မေရတြက္ႏိုင္ေအာင္ အသြားအျပန္ျပဳလုပ္ရင္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အပင္ပန္းခံခဲ့ရပါတယ္။တစ္လအၾကာမွာေတာ့ ယာယီဆိုင္ကိုအၿပီးပိတ္သိမ္းၿပီး လက္စ မသတ္ေသးတဲ့ ၁၁၅မိုင္ ယာဥ္ရပ္နားစခန္းကို ၂၇.၃.၂၀၁၀ မွာေျပာင္းေရြ႔ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။အလံုးစံုအၿပီးမသတ္ႏိုင္ေသးတဲ့ဆိုင္မွာ ေရာင္းခ်ရတာဆိုေတာ့ အခက္အခဲေတြအၾကပ္တည္းေတြကို မနည္းေက်ာ္ျဖတ္ခဲ့ရတာပါ။

ကိုယ္ဝန္ႀကီးနဲ႔ ကြၽန္ေတာ္ဇနီး ပုဂံဝင္ကူးေဆးေပးေနရသလို၊အိမ္သာသန္႔႐ွင္းေရးကို စိတ္တိုင္းမက်တဲ့ကြၽန္ေတာ္ကိုယ္တိုင္လည္း အိမ္သာေႂကြခြက္၊ဆီးခြက္ေတြကို ကိုယ္တိုင္ဝင္ေဆးရသည္အထိ ဗ႐ုတ္သုတ္ခ ႏိုင္ခဲ့ပါတယ္။အဓိက ကဆိုင္နာမည္မပ်က္ေအာင္ႀကိဳးစားခဲ့ရတာပါ။ဒီလို ခက္ခဲစြာႀကိဳးစားရင္း ကြၽန္ေတာ္ဇနီး ဒုတိယ ကိုယ္ဝန္ပ်က္က်ခဲ့ရလို႔ ႏွစ္ေယာက္စလံုးပူေဆြးေသာက ေရာက္ခဲ့ရပါေသးတယ္။ အခုလိုအခက္အခဲေပါင္းေျမာက္မ်ားစြာကို ကြၽန္ေတာ္တို႔ႏွစ္ေယာက္ တက္ညီလက္ညီ ေအာင္ျမင္စြာ ေက်ာ္လႊားႏိုင္ခဲ့လို႔လည္း ၁၄ႏွစ္တာကာလအတြင္းမွာ စားသံုးသူေတြအၾကား ပိုင္အိုးနီးယား က အခိုင္အမာရပ္တည္ႏိုင္ခဲ့တာေပါ့ဗ်ာ။

ေစတနာ၊ကံ၊ဥာဏ္၊လံုးလ၊ဝီရိယ ႀကိဳးစားအားထုတ္ခဲ့ရတဲ့ ေနာက္ဆံုးရလာဒ္က ေတာ့ ပိုင္အိုးနီးယား စားေသာက္ဆိုင္ကို လူတိုင္းအသိအမွတ္ျပဳစားေသာက္လာၾကတဲ့ ရလာဒ္တခုကိုရရိွခဲ့ပါတယ္။ဒီကေန႔ ၁၈.၇.၂၀၁၈. ေန႔ဟာ ပိုင္အိုးနီးယား စားေသာက္ဆိုင္ စတင္ထူေထာင္ခဲ့တာ (၁၄)ႏွစ္ျပည့္ခဲ့တဲ့ေန႔ေပါ့။ကြၽန္ေတာ္ ကို ေကတုမတီၿမိဳ႕သစ္မွာ ပိုင္အိုးနီးယား စားေသာက္ ဆိုင္ကိုဖြင့္လွစ္ေပးခဲ့ၿပီး လမ္းေၾကာင္းမွန္ေပၚတင္ေပးခဲ့တဲ့ မိဘႏွစ္ပါးကို #ကြၽန္ေတာ္ေအာင္ျမင္မႈရလာၿပီးေနာက္ပိုင္းမွာတစ္လက်ပ္သိန္း၃၀ပံုမွန္ကန္ေတာ့ခဲ့ပါတယ္။

#အေဖနဲ႔အေမရဲ႕လိုအပ္တာမွန္သမွ်ကိုလည္းအျမဲအေလးထားေဆာင္ရြက္ေပးေနဆဲပါ။ဒီလိုမိဘေက်းဇူးသိတတ္ခဲ့မႈေၾကာင့္လည္း ပိုင္အိုးနီးယား က ၁၄ႏွစ္တာကာလအတြင္းတရိွန္ထိုးနာမည္ရလာခဲ့တယ္ဆိုရင္လည္းမမွားပါဘူး။ ကြၽန္ေတာ္ရဲ႕ပိုင္အိုးနီးယား စားေသာက္ဆိုင္အား ၁၄ႏွစ္တာကာလအတြင္း အားေပးခဲ့ၾကတဲ့ စားသံုးသူမိတ္ေဆြမ်ား၊ ညီအစ္ကိုရင္းပမာလက္တြဲလို႔ ယံုၾကည္စြာ ရပ္နားေပးၾကေသာ၊ယာဥ္လိုင္းဂိတ္ပိုင္မ်ား၊ယာဥ္ပိုင္႐ွင္ႀကီးမ်ားႏွင့္ အေကာင္းအဆိုးေဝဖန္အၾကံျပဳေပးၾကပါေသာ မိတ္ေဆြ အေပါင္းအသင္းတို႔အားဒီေနရာမွ အေလးအနက္ ေက်းဇူးတင္ပါေၾကာင္းေျပာၾကားပါရေစ။

#တကယ္ေတာ့ဘယ္အရာမွလြယ္လြယ္ရခဲ့တာေတာ့မဟုတ္ပါဘူး….႐ိုးသားျခင္းနဲႀကိဳးစားျခင္းရလာဒ္ကို ေအာင္ျမင္မႈပန္းတိုင္ႀကီးက အျမဲစီးႀကိဳေနမယ္ဆိုတာ….ကြၽန္ေတာ္တို႔အားလံုး သိထားဖို႔ေတာ့လိုတာေပါ့ဗ်ာ။ပိုင္အိုးနီးယား နာမည္တစ္လံုးအတြက္ ၁၄ႏွစ္တာႀကိဳးစားလာခဲ့ရပံုကို ၁၄ႏွစ္ျပည့္တဲ့ ဒီကေန႔မွာ အက်ဥ္ခ်ဳံးတင္ျပလိုက္ပါရေစ…..#ဒီpostေလးဖတ္ၿပီးဘဝအတြက္ခြန္အားတစ္ခုရၾကပါေစ။ ဆက္လက္ႀကိဳးစားလွ်က္ပါ။
ေက်းဇူး႐ွင္စားသံုးသူအေပါင္းအား ႐ိုေသေလးစားတဲ့…ကြၽန္ေတာ္ ေဇာ္မိုး ပိုင္အိုးနီးယား ၁၁၅#မိုးေသာၾကာ
Credit-Zaw Hla Myint Facebook Account မွကူးယူေဖာ္ျပသည္။

  • Unicode

၁၄နှစ်သားပိုင်အိုးနီးယား 14years_Old ( 18/07/2004 -2018 )
၁၃နှစ်သားပိုင်အိုးနီးယား အကြောင်းတင်ဖြစ်ခဲ့ပေမယ့်မည်သို့မည်ပုံ Fbပေါ်မှပျောက်သွားသည်မသိ။အခု(၁၄)နှစ်ပြည့်အမှတ်တရအဖြစ်ပြန်လည်တင်ပြလိုက်ရပါသည်။ဒီနေ့(၁၈.၇.၂၀၁၈ )ဟာ ပိုင်အိုးနီးယား စားသောက်ဆိုင် ကိုစတင်တည်ထောင်ခဲ့တဲ့ (၁၄)နှစ်ပြည့်တဲ့နေ့ပါ။အဖေနဲ့အမေရဲ့ ယုံကြည်စွာ တာဝန်ပေးမှုနဲ့အတူ…ကျွန်တော်ရဲ့စေတနာ၊ကံ၊ဉာဏ်၊လုံးလ၊ဝီရိယ တို့ကို အရင်းတည်ပြီး နေ့/ညမပြတ် ရိုးသားစွာကြိုးစားခဲ့ရတဲ့ရလာဒ်တစ်ခုကတော့ ယနေ Pioneer Food Centre ဆိုတဲ့ နာမည်တစ်ခု စားသောက်ဆိုင်လောကမှာ အခိုင်အမာရပ်တည်နိုင်ခဲ့တာပါပဲ ။ ဒီနာမည်လှလှလေးကို ပေးခဲ့သူက ကျွန်တော်အဖေပါ။

လူသူမထူထပ်သေးတဲ့ကေတုမတီမြို့သစ်ကလေးမှာ စားသောက်ဆိုင်ဖွင့်မယ်လုပ်တော့ တချို့လူတွေက ကျွန်တော်တို့သားအဖကို အရူးတဲ့။ လူတွေဘယ်လိုပဲပြောနေပြောနေ ပိုင်အိုးနီးယား ဆိုတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင် လူသူမထူထပ်သေးတဲ့ ကေတုမတီမြို့သစ်လေးမှာအောင်မြင်စွာပေါက်ဖွားလာနိုင်ခဲ့ပါတယ်။

စရောင်းခါစက..လူနေ အလွန် ကျဲပါးတဲ့အနီးနားပတ်ဝန်းကျင်ကို အားကိုးလို့ မရပေမဲ့ တောင်ငူကနေ ၁၄မိုင်ဝေးတဲ့ကျွန်တော်ဆိုင်လေး ကို လာရောက်အားပေးကြတဲ့ အသိမိတ်ဆွေတွေများပြားခဲ့သလို..နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းကိုသွားကြတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ဝန်ထမ်းတွေအတွက်ကလည်း ကေတုမတီမြို့သစ်လေးမှာတည်ရှိနေတဲ့ ပိုင်အိုးနီးယား စားသောက်ဆိုင်ကို မဖြစ်မနေ တစ်ထောက်ရပ်နားအနားယူရတဲ့နေရာလေးတစ်ခုအဖြစ်သဘောထားလာကြတာက ပိုင်အိုးနီးယားရဲ့ ရှင်သန်ခြင်းအစပါ ။

Express ကားတွေ စရောင်းဖြစ်ခဲ့တာကလည်း ဆိုင်ဖွင့်ပြီးတစ်နှစ်အကျော်မှာ ယာဉ်လိုင်းတစ်လိုင်း ကျွန်တော်ဆီကိုလာရောက် ချိတ်ဆက်ရာမှ စတင်ပြီး Express ကားရပ်နားတဲ့ဆိုင်လောကထဲကို ကျွန်တော်စပြီးကူးပြောင်းဖြစ်ခဲ့တာပေါ့။

Express ကားလောက ကို ရောင်းချရတာ သာမန် ရိုးရိုးစားသောက်ဆိုင်တွေရောင်းချတာနဲ့မတူပါဘူး။ကားတစ်စီး လူအယောက် ၄၀ကျော်ကို နာရီဝက်အတွင်း အစားအသောက် အမြန် ရောင်းချရတဲ့လုပ်ငန်းပါ။နာရီဝက်ဆိုတာထက် သန့်စင်ခန်းသွားပြီးကျန်တဲ့အချိန် လေးမှာ မှာတာကို အရောက်ချပေးရတဲ့ ရောင်းချနည်းတစ်မျိုးပေါ့။

ဒီလိုရောင်းချနိုင်ဖို့အတွက် အစိမ်းသက်သက်ဖြစ်နေတဲ့ ကျွန်တော်တို့အဖို့ လွယ်ကူလှတဲ့အရာတခုတော့မဟုတ်ဘူးဗျ။ယခင်က လမ်းဟောင်း Express ကားလောကဆိုင်တွေဖြစ်တဲ့စိန်ပန်းနီစားသောက်ဆိုင်(ပဲခူး) ၊ ရန်ကုန်ထမင်းဆိုင်(ကျွန်းကုန်း)၊ရွှေလင်းယုန်၊ရွက်လှေစားသောက်ဆိုင် (ဆွာ) ၊ ရွှေတောင်တန်း (ဝမ်းတွင်း) စားသောက်ဆိုင်တွေက Express ကားတွေ တစ်ထောက်ရပ်နားတဲ့ လူသိများ အောင်မြင်ခဲ့ကြတဲ့ဆိုင်တွေပေါ့။

အဲဒီအထဲမှာ ကျွန်တော်တို့ ကေတုမတီမြို့သစ်နဲ့ကပ်လျှက်ကျွန်းကုန်းကျေးရွာလေးက ရန်ကုန်ထမင်းဆိုင်လေးကိုတော့ဧည့်သည်ကြိုပို့တာပဲဖြစ်ဖြစ်၊ကျွန်တော်ကိုယ်တိုင် ခရီးသွားချင်လို့ပဲဖြစ်ဖြစ် ရန်ကုန်ထမင်းဆိုင်ကနေ ကားလာစောင့်စီးရတယ်ဗျ။

ကားမစီးဖြစ်လည်း ကျွန်တော်အားကျတဲ့ဆိုင်လေးကို အနည်းဆုံး ကော်ဖီတစ်ခွက်လောက်သောက်ပြီး ခနခနထိုင်ခဲ့ဖူးတယ်။ရောက်တိုင်းလည်း Express ကားတွေဝင်ပြီးခရီးသည်တွေစည်ကားလှတဲ့ဒီဆိုင်လေးကိုကျွန်တော်အားကျနေဖြစ်ခဲ့တာက ၁၉၉၂/၉၃ လောက်ကတည်းကပါ။

အကြောင်းအမျိုးမျိုးကြောင့် ဒီဆိုင်လေးရပ်နားပိတ်သိမ်းတော့မယ်ဆိုတော့ ကံတရားဖေးမမှုက ကျွန်တော်ဘက်ကိုရောက်လာခဲ့ပါတယ်။ကျွန်တော်ရဲ့ ပိုင်အိုးနီးယား စားသောက်ဆိုင်မှာ ပထမဆုံးရပ်နားခဲ့ပြီး Express ကားတွေပေါ်ပါ စားသုံးသူ ခရီးသည်တွေကိုရောင်းချဖို့ စတင် မိတ်ဆက်ပေးခဲ့ တဲ့ယာဉ်လိုင်းကတော့ တစ်ချိန်က အလွန်အောင်မြင်ခဲ့တဲ့ #LEO_Expressယာဉ်လိုင်းပါ။

ကျွန်တော်ရဲ့ကျေးဇူးရှင်ယာဉ်လိုင်းတစ်ခုအနေနဲ့ယခုအချိန်ထိအမြဲအမှတ်တရကျေးဇူးတင်နေဆဲပါ။စတင်ရပ်နားခဲ့စဉ်က LEO ကားတစ်စီးနဲ့စခဲ့ပါတယ်။လူအများကြီးတစ်ပြိုင်တည်းကျတဲ့ အတွေ့အကြုံမရှိသေးတော့ Leo ကားစဆိုက်တဲ့အချိန်မှာ ဝန်ထမ်းအယောက်၆၀ကျော်နဲ့ မောင်းတင်ပြီး Service ပေးမယ်လို့စိတ်ကူးထားတဲ့ကျွန်တော် တကယ်တန်းယာဉ်ပေါ်ပါ အယောက်၄၀ကျော်သောခရီးသွားဧည့်သည်တွေကို ဘယ်လိုမှ စားသောက်ဖွယ်ရာ ပစ္စည်းတွေ မိနစ်၂၀ကျော်အတွင်း တပြိုင်နက်ရောက်အောင် ရောင်းချနိုင်စွမ်းမရှိခဲ့ပါဘူး။ဒါဟာ…ကျွန်တော်ရဲ့ ပထမဆုံး Express ခရီးသွားဧည့်သည်တွေကို ရောင်းချရတဲ့ အတွေ့ကြုံသစ်ပါ။

တစ်လလောက်အကြာမှာ ဆွာမှာရပ်နားနေတဲ့ ရွှေမန်းသူ/ရှမ်းမလေးယာဉ်လိုင်းတစ်လိုင်းလုံး ကျွန်တော်ဆိုင်ကိုပြောင်ရွှေ့ရပ်နားခဲ့ပါတယ်။ LEO Express ယာဉ်လိုင်းကို တစ်လတာရောင်းချနိုင်ခဲ့အပြီးမှာ လိုအပ်ချက်တွေကို အချိန်မီဖြည့်စီးဆောင်ရွက်နိုင်ခဲ့လို့များပြားစွာဝင်ရောက်ရပ်နားလာတဲ့ရွှေမန်းသူ/ရှမ်းမလေး၊မန်းရွှေပြည်၊အစရှိတဲ့ ယာဉ်လိုင်း တွေဝင်ရောက်လာမှု ကိုအဆင်ပြေစွာရောင်းချနိုင်ခဲ့ပါပြီ။

ဆိုင်ဖွင့်ပြီး ၂နှစ်လောက်အကြာမှာ ကျွန်တော်အိမ်ထောင်ပြုခဲ့ပါတယ်။ ၂၀၀၆ခုနှစ်ကပေါ့ အသက်က ၃၃နှစ်။ဒီနေရာမှာ ကိုယ်ယူထားတဲ့ ဇနီးအကြောင်း အနည်းငယ် ကိုယ်ရည်သွေးချင်ပါသေးတယ်ခင်ဗျ။ကျွန်တော်နဲ့မယူခင်က ရှန်ဟိုင်းလိုကုန်တိုက်ကြီးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေဝန်ထမ်းပေါင်းမြောက်များစွာကိုအုပ်ချုပ်ခဲ့ရပြီး၊တရုတ်ပြည်ကိုအခေါက်ခေါက်သွားခဲ့ဖူးသလို။

Dynasty ကုမ္ပဏီ ရဲ့ Marketing ပိုင်း မှာလည်း ကုမ္ပဏီတိုးတက်အောင်ဆောင်ရွက်ပေးခဲ့တဲ့အရည်အချင်းအပြည့်ရှိသူတစ်ယောက်ပါ။အလုပ်မလုပ်ရရင်မနေနိုင်တဲ့သူကလေးဗျ။ ကျွန်တော်တို့နှစ်ယောက် လက်မထပ်ခင်စပ်ကြားမှာ ကျွန်တော်လုပ်ကိုင်နေတဲ့ စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာ အစားသောက်အချက်ပြုတ်သင်တန်း၊ဖျော်ရည်သင်တန်း၊ရေခဲမုန့်သင်တန်း၊မုန့်သင်တန်း တွေကို အချိန်မီ တက်ရောက်ခဲ့ပြီး ကျွန်တော်တို့နှစ်ယောက် လက်ထပ်ခဲ့ပြီး အချိန်မှာတော့ ဆိုင်ရဲ့ အဓိက လိုအပ်တဲ့အစားအသောက်ထုတ်လုပ်မှု အပိုင်းမှာ လက်ရင်းတပည့်များစွာကိုမွေးထုတ်ပေးနိုင်ခဲ့သလို သူကိုယ်တိုင် ဦးဆောင်ဖြည့်စွက်ပေးနိုင်ခဲ့တာကြောင့် စားသောက်ဆိုင်လောကမှာ ပိုင်အိုးနီးယားကို ပိုမိုအရှိန်မြင့် လူသိများ လာစေခဲ့တာပေါ့ဗျာ။

ဒီလိုနဲ့ နှစ်ယောက်ပေါင်း အပင်ပန်းခံကြိုးစားမှုကနေ….တဆင့်စကားတဆင့်ကြားလို့ဆိုင်မှာရပ်နားလာကြတဲ့ Expressကားတွေ ပိုပိုများပြားလာခဲ့ပါတယ်။လမ်းဟောင်းမှာတုန်းက Express ကားတွေ မကြာခဏ Accidentဖြစ်ရင် ယာဉ်ပိုင်ရှင်တွေ၊ဂိတ်ပိုင်တွေ အချိန်မီမလာရောက်နိုင်ခင်အချိန်တွေမှာ ကျွန်တော်က ဂိတ်ပိုင်၊ကားပိုင်တွေကိုယ်စား ညအချိန်မတော် အခင်းဖြစ်ပွားနေရာကို အရောက်သွားပြီး လူအား၊ငွေအားစိုက်ထုတ်ပြီး ကိစ္စအဝဝ ကိုတာဝန်ယူဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

အလုပ်ကိစ္စမပြတ်လို့ မိုးလင်းမှ အိမ်ပြန်ရောက်ခဲ့တဲ့ ရက်တွေကလည်းမနည်းဘူးဗျ။ညအချိန်မတော် ဖုန်းလာရင် ၊ဂိတ်ပိုင်၊ယာဉ်ပိုင်တွေ ကြောက်ကြသလိုပဲ ဘယ်ကားက ဘယ်မှာ ဘာနဲ့တိုက်လိုက်လို့ဆိုတာမျိုး ဖုန်းဆက်လာရင် ကျွန်တော်လည်း ရင်တထိတ်ထိတ်နဲ့ကြောက်နေရတယ်။အခုချိန်ထိလည်း မည်သည့် ယာဉ်လိုင်းမဆို အကူညီတောင်းလာရင် ကူညီပေးနေတုန်းပါပဲ။

ဒါကြောင့် မောင်တထမ်း၊မယ်တရွက် ကြိုးစားခဲ့ရတဲ့ရလာဒ်တခုအနေနဲ့ ပိုင်အိုးနီးယား မှာ တဖြေးဖြေး လာရောက်ရပ်နားကြတဲ့ Express ကားအစီးရေဟာ အလွန်များပြားလာခဲ့ရတာပေါ့ဗျာ။ဒီလိုများပြားလှတဲ့ Express ကားတွေကို နေရာကျယ်ဝန်းစွာ ဝန်ဆောင်မှုပေးလို့ရအောင် ဆိုင်ကိုစုထားတဲ့ပိုက်ဆံလေးတွေနဲ့အကောင်းဆုံးပြုပြင်မွမ်းမံလို့ပြီးတာနဲ့ မကြာခင်မှာပဲ အမြန်လမ်းမကြီးက စတင်အသက်ဝင်လာပါတော့တယ်။ကားတွေအမြန်လမ်းပေါ်ကပဲ သွားနေကြပါပြီ…ကျွန်တော်ကိုမိသားစုသဖွယ်ခင်မင်ကြတဲ့ယာဉ်လိုင်းတွေကလွဲပြီး ကျန်တဲ့ယာဉ်လိုင်းတွေအကုန်လုံး အမြန်လမ်းပေါ်က ၁၀၅မိုင်စားသောက်ဆိုင်၊တင်တင်အေးမြန်မာထမင်းဆိုင်တွေမှာရပ်နားနေကြတော့လမ်းဟောင်း ပိုင်အိုးနီးယားမှာ ဝင်ရောက်စားသုံးကြတဲ့ Express ကားတွေသိသိသာသာလျော့နည်းလာတာပေါ့ဗျာ….. ကျွန်တော်ဘာလုပ်ရမလဲ….ကံစီမံရာကိုပဲလိုက်လုပ်ရတော့မှာပေါ့…..။

အမြန်လမ်းသစ်ကြီးဖွင့်ပွဲမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Restcamp ယာဉ်ရပ်နားစခန်းကြီးက လယ်မြေအတိုင်းပဲရှိနေပါသေးတယ် Restcamp မှာ ဆိုင်နေရာချပေးတော့ ပိုင်အိုးနီးယား ကတစ်နေရာ ရခဲ့ပါတယ်။ လမ်းသစ်ကြီးဖွင့်ပွဲမှာ လက်ရှိ Restcamp ဆိုင်မြေနေရာချထားမှုကို လူကြီးတွေ သိရှိနိုင်စေဖို့အတွက် ယာယီဆိုင် တွေဆောက်လုပ်ခိုင်းပြီး ကျွန်တော် ပိုင်အိုးနီးယားဆိုင် ကိုတော့ လမ်းသစ်ဖွင့်ပွဲမှာ အရောင်းပြနိုင်အောင် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။

ဆိုင်တွေ အတွက်နေရာချထားပေးထားတဲ့ နေရာက မြေမဖို့ရသေးတဲ့လယ်ကွင်းပဲရှိသေးပေမယ့်၊အဲဒီလယ်ကွင်းပေါ်မှာပဲ ဘုန်းကြီးငါးပါးပင့်ဖိတ်လို မြေသန့်ပရိတ်တရားကို နာခဲ့ပါသေးတယ်။ ဖွင့်ပွဲနီးကပ်မှ အရောင်းပြရမယ်လို့ တာဝန်ပေးခြင်းခံရတော့..ယာယီဝါးနဲ့တည်ဆောက်ခဲ့ပြီး ၁၁၅မိုင်မှာ ပထမဆုံး ရောင်းချပြနိုင်ခဲ့တဲ့ ဆိုင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Restcamp တည်ဆောက်ရေးလုပ်ငန်းတွေ မပြီးပြတ်သေးတာနဲ့ ၁၁၅မိုင် ယာဉ်ဝန်းအတွင်းမှာပဲ (၃)နေရာလောက်ပြောင်းရွေ့ဖွင့်လှစ်ခဲ့ရပြီး၊ရေ၊မီး၊နေထိုင်ရမှုအခက် အခက်အခဲတွေကြောင့် တစ်လမပြည့်ခင်မှာပဲ ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ကားအများစုက အမြန်လမ်းမကြီးကနေပဲ သွားနေကြတော့…လမ်းဟောင်းက ကျွန်တော်ဆိုင်မှာ ရပ်နားလာကြတဲ့ကားတွေ သိသိသာသာလျော့နည်းလာပါတော့တယ်။

မိုးခါးရေသောက်ခဲ့တဲ့ကျွန်တော်

၁၁၅မိုင် ယာဉ်ရပ်နားစခန်း မှာ စားသောက်ဆိုင်ခန်းတွေ ဆောက်လုပ်မှု မပြီးသေးတော့ လမ်းဟောင်းမှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဆိုင်တွေက အမြန်လမ်းဘေး နီးစပ်ရာ လယ်ကွင်းတွေမှာ ယာယီဆိုင်တွေ ဖွင့်ပြီးရောင်းချနေတဲ့အချိန် ကျွန်တော်က လမ်းဟောင်းမှာပဲ ရှိနေသေးတယ်ဗျ။ လမ်းဟောင်းကဆိုင်နဲ့ အမြန်လမ်း ကိုဆက်သွယ်ထားတဲ့လမ်းကနီးတော့ ကျွန်တော်ဆီမှာရပ်နားနေတဲ့ ယာဉ်လိုင်းတွေကို အချိန်တစ်ခုအထိတော့ ထိမ်းထားနိုင်ခဲ့ပေမဲ့ ဆိုင်ထဲကို ဝင်ရောက်ရပ်နားတဲ့ကားတွေကို တိုင်းစစ်ဌာနချုပ်နဲ့ကပ်လျှက်လမ်းကနေလာရတော့၊ ကားတွေပေါ်ကို လုံခြုံရေးအရ တက်စစ်ရတာနဲ့ လိုင်စင်တက်စစ်ရတာနဲ့ကတမျိုး၊သံလမ်းစောင့်တဲ့သူကလည်း ည၉နာရီကျော်ရင် တစ်ခါမှမပိတ်တဲ့ရထားသံလမ်းကို ပိတ်ပြီးကားတွေကိုရစ်လို့ ညတိုင်း လဖက်ရည်နဲ့ပဲပလာတာ ဆက်ကပ်ပြီးဖားရတာလည်းအကြိမ်ကြိမ်၊ကြာတော့ ဆိုင်ကို ဝင်နားမဲ့ ကားတွေက အမြန်လမ်းကပဲ အစစ်အဆေးကင်းစွာသွားချင်လာကြတယ်။

၁၁၅မိုင် က ယာဉ်ရပ်နားစခန်းကလည်း မပြီးသေးသလို မသေခြာတဲ့နေရာတခုမှာ ဆိုင်တွေကလည်း ဖွင့်လှစ်ရောင်းချဖို့အတွက် စိုးရိမ်နေကြတယ်၊ကျွန်တော်အပါဝင်ပေါ့ဗျာ။ဒီလိုနဲ့ သူများတွေ ဖွင့်သလိုမျိုး ကျွန်တော်ဆိုင်ဟောင်းနဲ့ နီးစပ်ရာမြေနေရာလိုက်ကြည့်ပြီး၊ဆိုင်မှာရက်နားနေတဲ့ ယာဉ်လိုင်းတွေ မိတ်မပျက်သွားရအောင်၊ခရီးသွားစားသုံးသူတွေ စားသောက်မှုအဆင်ပြေစေဖို့၊အန္တရာယ်ကင်းစွာ အပေါ့အပါးသန့်စင်ခန်းသွားလို့ရအောင် (၁၅၄) မိုင် ယာယီဆိုင်ကြီးကိုအမြန်ဆုံး ဖွင့်လှစ်ရောင်းချနိုင်ဖို့စီစဉ်ရတော့တာပေါ့။ဒါကြောင့်သူများတွေ မိုးခါးရည်သောက်ခဲ့သလို ကျွန်တော်လည်းလိုက်သောက်ခဲ့ရပြီပေါ့ဗျာ။

အရင်ဆုံး မိုးတွင်းကြီးဆိုတော့ ကားတွေရပ်နားဖို့အတွက် ကွန်ကရစ်လမ်းဘေးမှာ အမာခံ ကျောက် ကျင်းပေါင်းများစွာဖို့ပြီးဆောင်ရွက်ခဲ့ရသလို၊ကျွန်တော်ထက်အရင် ယာယီဖွင့်လှစ်ရောင်းချနေကြတဲ့ ဆိုင်တွေရဲ့အားနည်းချက်တွေကို ပြင်ဆင်ပြီး ၁၂ရက်အတွင်းမှာ သတ်ရပ်ကျယ်ဝန်းတဲ့ ယာယီဆိုင်ကြီးကို အပြီးဆောက်လုပ်ရောင်းချနိုင်ခဲ့လို့လည်း ပိုင်အိုးနီးယား နဲ့ မိတ်ဆွေရင်းတွေအဆက်မပြတ်ခဲ့ရတာပေါ့။

ဝင်ရောက်လာတဲ့စားသုံးသူတွေကိုလစ်ဟင်းမှုမရှိစေရန်နှင့်၁၅၀ကျော်သော ဝန်ထမ်းတွေကို အုပ်ချုပ်မှုမဝေးကွာစေရန်အတွက် ယာယီအဆောက်အဦးလေးကိုဆိုင်နဲ့တွဲဆောက်ထားပြီး တစ်နှစ်အရွယ်သမီးကြီးနဲ့အတူ ကျွန်တော်တို့ပါပြောင်းရွေ့နေခဲ့ကြပါတယ်။ ယာယီဆိုင်ဖြစ်ပေမဲ့ စနစ်တကျ ရှိလှတဲ့ ကျွန်တော်ဆိုင်ကို မူရင်းရပ်နားနေကြ ယာဉ်လိုင်းတွေအပြင်၊ ထပ်မံ ဝင်ရောက်ရပ်နားလာကြတဲ့ ယာဉ်လိုင်းများ၊ခရီးသွားကားလေးတွေမြောက်များစွာရပ်နားခဲ့တာကြောင့် ယာယီဆိုင်ဖွင့်ပြီ မကြခင်မှာပဲ….ခြောက်သွေ့လှတဲ့ အမြန်လမ်း ၁၅၄မိုင်မှာ ၂၄နာရီ ခရီးသွားများနဲ့ စည်ကားလွန်းလှတဲ့နေရာတစ်နေရာဖြစ်ခဲ့ရပါတယ်။ကျွန်တော်ရယ်၊ဇနီးရယ်၊သမီးကြီးရယ်… တဖြေးဖြေးနဲ့နေသားကျလာလို့ ၈လပြည့်တဲ့အချိန်မှာ ပိုင်အိုးနီးယား စားသောက်ဆိုင်ကို အမြန်လမ်း ၁၁၅မိုင် ယာဉ်ရပ်နားစခန်း သို့ တစ်လအတွင်း ပြောင်းရွေ့ဖွင့်လှစ်ဖို့ အမိန့်နဲ့စာတစ်စောင်ရောက်လာခဲ့ပါပြီ။

ယာဉ်ရပ်နားစခန်း၁၁၅မိုင်ကို စတင်ဖွင့်လှစ်တဲ့အချိန်မှာ.ကျွန်တော်ထက် တစ်လကြိုပြီး ဖွင့်လှစ်ခဲ့တဲ့ဆိုင်ကတော့ FEEL Express ဆိုင်ပါခင်ဗျ။ အဲဒီအချိန်တုန်းက Feel မှာ Express ကားရောင်းချနိုင်တဲ့အတွေ့အကြုံမရှိသေးတော့ Express ကားတွေက ၁၅၄မိုင်မှာရှိတဲ့ ပိုင်အိုးနီးယား ယာယီ ဆိုင်ကြီးမှာပဲစုပြုံတိုးနေကြလို့ လူကြီးတွေရဲ့ မျက်စိဆံပင်မွှေးဆူးခြင်းခံခဲ့ရပါသေးတယ်။

ကျွန်တော် ၁၅၄ မိုင်မှာဖွင့်နေသ၍ ၁၁၅မိုင်ဟာ အသက်မဝင်ငြိမ်သက်နေမှာသိတော့ တစ်လအတွင်း ယာယီဆိုင်အပြီးပိတ်သိမ်းပြီး၊ယာဉ်ရပ်နားစခန်းမှာ ဖွင့်လှစ်ရောင်းချဖို့အတွက်အမိန့်ထုတ်ခဲ့ရတာပေါ့ဗျာ ။ဒါမှလည်း Express ကားတွေနဲ့ Restcamp ကြီးက အသက်ဝင်စည်ကားလာမှာလေဗျာ။ကျွန်တော်ကို တစ်လအတွင်း အမိန့်နဲ့ဖွင့်လှစ်ခိုင်းပေမဲ့ ဆိုင်၅ဆိုင်ရှိတဲ့ ၁၁၅မိုင်က Restcamp ကြီးမှာ နောက်ဆုံးမှဆောက်နေတဲ့ဆိုင်က ကျွန်တော်ဆိုင်ဗျ။အမိုးနဲ့အရိုးပဲရှိသေးတဲ့ဆိုင်ကို တစ်လအတွင်း အပြီးပြောင်းရွေ့ရမယ်ဆိုတော့….ဆိုတော့ကားးးးး…….

ကျွန်တော် လုံးပမ်းရပါပြီ။၁၁၅မိုင်မှာ တစ်လအတွင်း ဆိုင်မဖွင့်နိုင်ရင်တောင်၊၁၅၄မိုင်ယာယီဆိုင်ကိုတော့ တစ်လအတွင်းပိတ်ပေးရမှာတော့သေခြာတယ်ဗျ။သူတို့ပေးတဲ့ တစ်လဆိုတဲ့ target ကို အချိန်မီဖွင့်လှစ်နိုင်အောင် ကျွန်တော်တို့နှစ်ယောက်အပြင် အဖေနဲ့အမေ ပါစိတ်ပူစွာနဲ့ပါဝင်လာရပြီပေါ့ဗျာ။

ယာယီဆိုင်ကိုလည်း ကားတွေအဝင်အထွက်များလို့စိတ်မချဖြစ်ရသလို၊မကြာခင်ပြောင်းရွေ့ရမယ့်ဆိုင်တည်ဆောက်ရေးကိုလည်းအချိန်မီ ပြီးစီးရေးအတွက် ၁၅၄နဲ့၁၁၅မိုင် အကွာဝေးကို နေ့စဉ် မရေတွက်နိုင်အောင် အသွားအပြန်ပြုလုပ်ရင်း ကျွန်တော်တို့နှစ်ယောက် အပင်ပန်းခံခဲ့ရပါတယ်။တစ်လအကြာမှာတော့ ယာယီဆိုင်ကိုအပြီးပိတ်သိမ်းပြီး လက်စ မသတ်သေးတဲ့ ၁၁၅မိုင် ယာဉ်ရပ်နားစခန်းကို ၂၇.၃.၂၀၁၀ မှာပြောင်းရွေ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။အလုံးစုံအပြီးမသတ်နိုင်သေးတဲ့ဆိုင်မှာ ရောင်းချရတာဆိုတော့ အခက်အခဲတွေအကြပ်တည်းတွေကို မနည်းကျော်ဖြတ်ခဲ့ရတာပါ။

ကိုယ်ဝန်ကြီးနဲ့ ကျွန်တော်ဇနီး ပုဂံဝင်ကူးဆေးပေးနေရသလို၊အိမ်သာသန့်ရှင်းရေးကို စိတ်တိုင်းမကျတဲ့ကျွန်တော်ကိုယ်တိုင်လည်း အိမ်သာကြွေခွက်၊ဆီးခွက်တွေကို ကိုယ်တိုင်ဝင်ဆေးရသည်အထိ ဗရုတ်သုတ်ခ နိုင်ခဲ့ပါတယ်။အဓိက ကဆိုင်နာမည်မပျက်အောင်ကြိုးစားခဲ့ရတာပါ။ဒီလို ခက်ခဲစွာကြိုးစားရင်း ကျွန်တော်ဇနီး ဒုတိယ ကိုယ်ဝန်ပျက်ကျခဲ့ရလို့ နှစ်ယောက်စလုံးပူဆွေးသောက ရောက်ခဲ့ရပါသေးတယ်။ အခုလိုအခက်အခဲပေါင်းမြောက်များစွာကို ကျွန်တော်တို့နှစ်ယောက် တက်ညီလက်ညီ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့လို့လည်း ၁၄နှစ်တာကာလအတွင်းမှာ စားသုံးသူတွေအကြား ပိုင်အိုးနီးယား က အခိုင်အမာရပ်တည်နိုင်ခဲ့တာပေါ့ဗျာ။

စေတနာ၊ကံ၊ဉာဏ်၊လုံးလ၊ဝီရိယ ကြိုးစားအားထုတ်ခဲ့ရတဲ့ နောက်ဆုံးရလာဒ်က တော့ ပိုင်အိုးနီးယား စားသောက်ဆိုင်ကို လူတိုင်းအသိအမှတ်ပြုစားသောက်လာကြတဲ့ ရလာဒ်တခုကိုရရှိခဲ့ပါတယ်။ဒီကနေ့ ၁၈.၇.၂၀၁၈. နေ့ဟာ ပိုင်အိုးနီးယား စားသောက်ဆိုင် စတင်ထူထောင်ခဲ့တာ (၁၄)နှစ်ပြည့်ခဲ့တဲ့နေ့ပေါ့။ကျွန်တော် ကို ကေတုမတီမြို့သစ်မှာ ပိုင်အိုးနီးယား စားသောက် ဆိုင်ကိုဖွင့်လှစ်ပေးခဲ့ပြီး လမ်းကြောင်းမှန်ပေါ်တင်ပေးခဲ့တဲ့ မိဘနှစ်ပါးကို #ကျွန်တော်အောင်မြင်မှုရလာပြီးနောက်ပိုင်းမှာတစ်လကျပ်သိန်း၃၀ပုံမှန်ကန်တော့ခဲ့ပါတယ်။

#အဖေနဲ့အမေရဲ့လိုအပ်တာမှန်သမျှကိုလည်းအမြဲအလေးထားဆောင်ရွက်ပေးနေဆဲပါ။ဒီလိုမိဘကျေးဇူးသိတတ်ခဲ့မှုကြောင့်လည်း ပိုင်အိုးနီးယား က ၁၄နှစ်တာကာလအတွင်းတရှိန်ထိုးနာမည်ရလာခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ ကျွန်တော်ရဲ့ပိုင်အိုးနီးယား စားသောက်ဆိုင်အား ၁၄နှစ်တာကာလအတွင်း အားပေးခဲ့ကြတဲ့ စားသုံးသူမိတ်ဆွေများ၊ ညီအစ်ကိုရင်းပမာလက်တွဲလို့ ယုံကြည်စွာ ရပ်နားပေးကြသော၊ယာဉ်လိုင်းဂိတ်ပိုင်များ၊ယာဉ်ပိုင်ရှင်ကြီးများနှင့် အကောင်းအဆိုးဝေဖန်အကြံပြုပေးကြပါသော မိတ်ဆွေ အပေါင်းအသင်းတို့အားဒီနေရာမှ အလေးအနက် ကျေးဇူးတင်ပါကြောင်းပြောကြားပါရစေ။

#တကယ်တော့ဘယ်အရာမှလွယ်လွယ်ရခဲ့တာတော့မဟုတ်ပါဘူး….ရိုးသားခြင်းနဲကြိုးစားခြင်းရလာဒ်ကို အောင်မြင်မှုပန်းတိုင်ကြီးက အမြဲစီးကြိုနေမယ်ဆိုတာ….ကျွန်တော်တို့အားလုံး သိထားဖို့တော့လိုတာပေါ့ဗျာ။ပိုင်အိုးနီးယား နာမည်တစ်လုံးအတွက် ၁၄နှစ်တာကြိုးစားလာခဲ့ရပုံကို ၁၄နှစ်ပြည့်တဲ့ ဒီကနေ့မှာ အကျဉ်ချုံးတင်ပြလိုက်ပါရစေ…..#ဒီpostလေးဖတ်ပြီးဘဝအတွက်ခွန်အားတစ်ခုရကြပါစေ။ ဆက်လက်ကြိုးစားလျှက်ပါ။
ကျေးဇူးရှင်စားသုံးသူအပေါင်းအား ရိုသေလေးစားတဲ့…ကျွန်တော် ဇော်မိုး ပိုင်အိုးနီးယား ၁၁၅#မိုးသောကြာ
Credit-Zaw Hla Myint Facebook Account မှကူးယူဖော်ပြသည်။

About the author

Wai Phyo Oo

Leave a Comment