Shwe News

ေနာက္ဘဝမွပဲ ေဘာလံုးကန္ေတာ့မယ္ ဆိုတဲ့ လက္ေရြးစင္ ေဘာလံုးသမား ေက်ာ္မင္းဦး

ျမန္မာႏိုင္ငံ ေဘာလံုးအသင္းကို ပထမဆံုး ဥေရာပအဆင့္ျပိဳင္ပြဲကို ပို႔ေဆာင္ေပးခဲ့တဲ့ အသင္းထဲမွာ ပါဝင္ခဲ့တဲ့ လက္ေရြးစင္ေဘာလံုးသမား ေက်ာ္မင္းဦးကိုေတာ့ မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ေဘာလံုးသမားျဖစ္ေပမယ့္လည္း ဆြဲေဆာင္မႈရွိတဲ့ မ်က္ႏွာထားနဲ႔ အရပ္အေမာင္းကို ပိုင္ဆိုင္ထားတာေၾကာင့္ ပ်ိဳေမေတြ ဝန္းရံခဲ့ၾကပါေသးတယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာအေနန႔ဲ ေက်ာ္မင္းဦးကေတာ့ ေျခေထာက္ဒဏ္ရာေတြေၾကာင့္ ေဘာလံုးသမား ဘဝမွာ အျပီးတိုင္ အနားယူလိုက္ပါတယ္။ ဒီလိုအနားယူျပီးေနာက္ ျပီးခဲ့တဲ့ ရက္ပိုင္းမွာတက္လာတဲ့ ေက်ာ္မင္းဦးရဲ့ ဓါတ္ပံုေလးေတြေၾကာင့္ ပရိသတ္ေတြ ဝမ္းနည္းခဲ့ရပါတယ္။ ဒါေၾကာင့္ mc ကေတာ့ ေက်ာ္မင္းဦးရဲ့ ဘဝအေၾကာင္း လက္ရွိအေျခေနေလးကိုေတာ့ သြားေရာက္ေမးျမန္းခဲ့တာကို ေျပာခ်င္လြန္းလို႔ ေပ့ခ်္က ေဖာ္ျပေပးလိုက္ပါတယ္။

Mc နဲ႔ အင္တာဗ်ဳးမွာေတာ့ ေဘာလံုးသမား ေက်ာ္မင္းဦးက သူ႔ဘဝအေၾကာင္းေလးကိုေတာ့ “ဒီအလုပ္ေလးက အေဖနဲ႔ အေမက အရင္ကတည္းက လုပ္ေနတာ။ ခု ကြ်န္ေတာ္ေဘာလံုး မကန္ေတာ့ သူတို႔ကို လုပ္ကူေနတာေပါ့။ ကြ်န္ေတာ္ ေျမကုပ္တာပါ။ ဝယ္တဲ့သူေတြ ရွိတယ္ေလ။ တခါမွေတာ့ ဒီလိုအလုပ္မလုပ္ဖူးပါဘူး။ ေဘာလံုး မကန္ေတာ့မွ လုပ္ျဖစ္တာပါ။ အေဖနဲ႔ အေမကလည္း မခိုင္းပါဘူး။ ဒီလိုေတြ လုပ္ေနရတာကေတာ့ ေပ်ာ္ပါတယ္။ ေဘာလံုးကန္တဲ့ စိတ္ခံစားမႈကေတာ့ ဘာမွ မရွိေတာ့ပါဘူး။ လြတ္လပ္သြားတယ္။ ဟိုမွာက်ေတာ့ အျမဲတမ္းဘယ္လိုကစားရမယ္။ ဒဏ္ရာဘယ္လိုကုရမလဲဆိုျပီး သူငယ္ခ်င္းေတြ ကစားေတာ့လည္း ကစားခ်င္တာေပါ့။ အဲ့ဒါ အေဖနဲ႔ အေမနဲ႔ကို တိုင္ပင္ျပီးေတာ့ အျပီးျပန္လာလိုက္တာ။ ကြ်န္ေတာ္တိုင္းနဲ႔ ျပည္နယ္မွာ တခါမွ မကန္ဖူးဘူး။ ေက်ာင္းပြဲပဲ ကန္ဖူးတယ္။ အကယ္ဒမီေရြးတာ။ မႏၱေလးမွာ အကယ္ဒမီေရြးတဲ့ထဲမွာ ပါသြားတာ။ ရန္ကုန္မွာ ေရြးျပီးေတာ့ မႏၱေလးမွာ ေနရတာ”

မိတ္ေဆြေတြ သူငယ္ခ်င္းေတြေရာ ဘာေတြ ေျပာၾကလဲဆုိတဲ့ အေပၚမွာေတာ့ “သူတို႔ကေတာ့ ျပန္လာခဲ့ပါဆိုတဲ့ ေခၚၾကပါတယ္။ ရြာကလူေတြကေတာ့ ဘာျဖစ္တာလဲေပါ့။ ကြ်န္ေတာ္ကေတာ့ ေျခေထာက္မေကာင္းလို႔ပဲဆိုျပီးေတာ့ ေျပာလိုက္တာ။ ေျခေထာက္ကေတာ့ ႏွစ္ေခ်ာင္းလံုး ဒဏ္ရာရခဲ့တာပါ။ အေၾကာျပတ္သြားတာေတြကို အစားထိုးထားတာေပါ့။ ၃ ႏွစ္နီးပါးေလာက္ပဲ။ ခဏေလာက္ကစားတယ္ ျပီးေတာ့ ေနာက္တေခ်ာင္းထပ္ျဖစ္ခဲ့တယ္။ ေဘာလံုးကစားရင္း အခန္႔မသင့္လို႔ ျဖစ္သြားတာေပါ့။ ရမလားဆိုျပီး ကုတာပဲ။ ေနာက္ ျပန္ကစားေတာ့မွာ အေၾကာျပတ္သြားတာ။ ျပတ္သြားေတာ့ ဒဏ္ရာကို ေပါ့ေပါ့ေလးပဲ ထင္တာေပ့ါ။ ကြ်န္ေတာ္ခံရတာကို ကြ်န္ေတာ္ပဲ သိပါတယ္။ အသက္ၾကီးလာရင္ ပိုဆိုးလာမယ္ ထင္တာပဲ။ ခုေတာင္မွ လမ္းေလွ်ာက္ရတာ သိပ္ျပီးေတာ့ အဆင္မေျပဘူး။ နည္းနည္းျမင့္တဲ့ေနရာကေန ခုန္ခ်လို႔မရဘူး”

“ထိုင္းမွာရွိတုန္းကေတာ့ ေအာင္သူလည္း ရွိတယ္ေလ။ သူက အကုန္ကူညီေပးတယ္။ သူဆီမွာပဲ ေနျပီးေတာ့ ကုေပးတယ္။ ကြ်န္ေတာ္လည္းအားနာတာနဲ႔ ျပန္လာတာ။ ဥကၠဌ ပဲအကုန္လုပ္ေပးတာေပါ့။ တခါတေလ မရွိေတာ့လည္း ေအာင္သူနား သံုးေပ့ါ။ ကုန္က်စရိတ္ကေတာ့ ခြဲတာက သိန္း ၇၀ အားလံုးဆို သိန္း ၂၀၀ ေလာက္ရွိမွာေပါ့။ ခုထိလည္း မေကာင္းေသးပါဘူး။ မကုရဲေတာ့ဘူး။ ေမ့ေဆးေတြ ခဏခဏထိုးေတာ့ တခါတေလ ပစၥည္းေတြ ဘယ္နားမွာ ထားလည္းေတာင္ မသိေတာ့ဘူး။ အဲ့လိုမ်ိဳးေတြ ျဖစ္တယ္”

စိတ္ခံစားမႈနဲ႔ ပတ္သက္ျပီး “ကြ်န္ေတာ္က ဒီလိုျဖစ္လာမယ္ဆိုတာ ပါျပီးသားေလ။ ဘယ္သူ႔မွ အမွားမဟုတ္ပါဘူး။ ျဖစ္လာမယ့္ ကံပါလာေတာ့ ဒီလုိပဲ ခံရမွာပဲ။ ကြ်န္ေတာ္ ထိုင္းလိဂ္ေလာက္ေတာ့ ထြက္ကစားခ်င္ခဲ့တယ္။ အဲ့ေလာက္ဆို ေက်နပ္ျပီ အေဖအေမကလည္း ထြက္ကစားေစခ်င္တယ္။ ေအာင္သူကို ၾကည့္ျပီးေတာ့ ပိုအားက်တာေပါ့။ ျမန္မာႏိုင္ငံနဲ႔က အစစအရာရာ ဘာမွ မဆိုင္ပါဘူး။ ဟိုမွာက ကြန္ဒိုနဲ႔ထားတယ္။ လစာေတြကလည္းကြာတယ္။ ဘာမွမဆိုင္ပါဘူး”

“ေအာင္သူကေတာ့ ကြ်န္ေတာ့္ကို ဆက္ျပီးေတာ့ ကုဦးသူငယ္ခ်င္း။ သူကေတာ့ အျမဲတမ္းေျပာပါတယ္။ သူက စကားနည္းတာဆိုေတာ့ သိပ္ျပီးေတာ့ မေျပာပါဘူး။ ကြ်န္ေတာ္နဲ႔ ေအာင္သူနဲ႔က အကယ္ဒမီေက်ာင္းတူတူတက္တယ္။ ငယ္ငယ္ေလးကတည္းက တူတူပဲ။ ေတာ္ေတာ္ခင္ပါတယ္။ သူ႔ကို ကြ်န္ေတာ္က ပရီးမီးယားလိဂ္ ေရာက္ေစခ်င္တာေပါ့။ ကြ်န္ေတာ္လည္း ေရာက္ခ်င္ခဲ့ပါတယ္”

“ငယ္ငယ္ေလးကတည္းက ကြ်န္ေတာ္က ဒီလိုဘဝမွာပဲ ေနလာတာေလ။ ေဘာလံုးမကန္ရလည္း ကြ်န္ေတာ့္အတြက္ေတာ့ သိပ္ျပီးေတာ့ မထူးျခားပါဘူး။ ပရိသတ္ေတြေတာ့ စိတ္မေကာင္း ျဖစ္သြားတာေပါ့။ ပံုေလးကလည္း သူငယ္ခ်င္းတေယာက္ ရိုက္ေပးသြားတာကို တင္လိုက္တာပါ။ ကြ်န္ေတာ္က ဘာမွမျဖစ္ပါဘူး။ မပင္ပန္းေနပါဘူး။ မိဘအလုပ္ကိုလုပ္တယ္။ အဲ့အတြက္ေတာ့ ဘာမွ စိတ္မပူၾကပါန႔ဲ။ ကြ်န္ေတာ္ ေနာက္ဘဝမွပဲ ေဘာလံုးကန္ေတာ့မယ္။ အဲ့ေလာက္ပါပဲ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit: Can’t Wait To Say

Unicode

မြန်မာနိုင်ငံ ဘောလုံးအသင်းကို ပထမဆုံး ဥရောပအဆင့်ပြိုင်ပွဲကို ပို့ဆောင်ပေးခဲ့တဲ့ အသင်းထဲမှာ ပါဝင်ခဲ့တဲ့ လက်ရွေးစင်ဘောလုံးသမား ကျော်မင်းဦးကိုတော့ မှတ်မိကြဦးမယ် ထင်ပါတယ်။ ဘောလုံးသမားဖြစ်ပေမယ့်လည်း ဆွဲဆောင်မှုရှိတဲ့ မျက်နှာထားနဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတာကြောင့် ပျိုမေတွေ ဝန်းရံခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာအနေနဲ့ ကျော်မင်းဦးကတော့ ခြေထောက်ဒဏ်ရာတွေကြောင့် ဘောလုံးသမား ဘဝမှာ အပြီးတိုင် အနားယူလိုက်ပါတယ်။ ဒီလိုအနားယူပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာတက်လာတဲ့ ကျော်မင်းဦးရဲ့ ဓါတ်ပုံလေးတွေကြောင့် ပရိသတ်တွေ ဝမ်းနည်းခဲ့ရပါတယ်။ ဒါကြောင့် mc ကတော့ ကျော်မင်းဦးရဲ့ ဘဝအကြောင်း လက်ရှိအခြေနေလေးကိုတော့ သွားရောက်မေးမြန်းခဲ့တာကို ပြောချင်လွန်းလို့ ပေ့ချ်က ဖော်ပြပေးလိုက်ပါတယ်။

Mc နဲ့ အင်တာဗျုးမှာတော့ ဘောလုံးသမား ကျော်မင်းဦးက သူ့ဘဝအကြောင်းလေးကိုတော့ “ဒီအလုပ်လေးက အဖေနဲ့ အမေက အရင်ကတည်းက လုပ်နေတာ။ ခု ကျွန်တော်ဘောလုံး မကန်တော့ သူတို့ကို လုပ်ကူနေတာပေါ့။ ကျွန်တော် မြေကုပ်တာပါ။ ဝယ်တဲ့သူတွေ ရှိတယ်လေ။ တခါမှတော့ ဒီလိုအလုပ်မလုပ်ဖူးပါဘူး။ ဘောလုံး မကန်တော့မှ လုပ်ဖြစ်တာပါ။ အဖေနဲ့ အမေကလည်း မခိုင်းပါဘူး။ ဒီလိုတွေ လုပ်နေရတာကတော့ ပျော်ပါတယ်။ ဘောလုံးကန်တဲ့ စိတ်ခံစားမှုကတော့ ဘာမှ မရှိတော့ပါဘူး။ လွတ်လပ်သွားတယ်။ ဟိုမှာကျတော့ အမြဲတမ်းဘယ်လိုကစားရမယ်။ ဒဏ်ရာဘယ်လိုကုရမလဲဆိုပြီး သူငယ်ချင်းတွေ ကစားတော့လည်း ကစားချင်တာပေါ့။ အဲ့ဒါ အဖေနဲ့ အမေနဲ့ကို တိုင်ပင်ပြီးတော့ အပြီးပြန်လာလိုက်တာ။ ကျွန်တော်တိုင်းနဲ့ ပြည်နယ်မှာ တခါမှ မကန်ဖူးဘူး။ ကျောင်းပွဲပဲ ကန်ဖူးတယ်။ အကယ်ဒမီရွေးတာ။ မန္တလေးမှာ အကယ်ဒမီရွေးတဲ့ထဲမှာ ပါသွားတာ။ ရန်ကုန်မှာ ရွေးပြီးတော့ မန္တလေးမှာ နေရတာ”

မိတ်ဆွေတွေ သူငယ်ချင်းတွေရော ဘာတွေ ပြောကြလဲဆိုတဲ့ အပေါ်မှာတော့ “သူတို့ကတော့ ပြန်လာခဲ့ပါဆိုတဲ့ ခေါ်ကြပါတယ်။ ရွာကလူတွေကတော့ ဘာဖြစ်တာလဲပေါ့။ ကျွန်တော်ကတော့ ခြေထောက်မကောင်းလို့ပဲဆိုပြီးတော့ ပြောလိုက်တာ။ ခြေထောက်ကတော့ နှစ်ချောင်းလုံး ဒဏ်ရာရခဲ့တာပါ။ အကြောပြတ်သွားတာတွေကို အစားထိုးထားတာပေါ့။ ၃ နှစ်နီးပါးလောက်ပဲ။ ခဏလောက်ကစားတယ် ပြီးတော့ နောက်တချောင်းထပ်ဖြစ်ခဲ့တယ်။ ဘောလုံးကစားရင်း အခန့်မသင့်လို့ ဖြစ်သွားတာပေါ့။ ရမလားဆိုပြီး ကုတာပဲ။ နောက် ပြန်ကစားတော့မှာ အကြောပြတ်သွားတာ။ ပြတ်သွားတော့ ဒဏ်ရာကို ပေါ့ပေါ့လေးပဲ ထင်တာပေ့ါ။ ကျွန်တော်ခံရတာကို ကျွန်တော်ပဲ သိပါတယ်။ အသက်ကြီးလာရင် ပိုဆိုးလာမယ် ထင်တာပဲ။ ခုတောင်မှ လမ်းလျှောက်ရတာ သိပ်ပြီးတော့ အဆင်မပြေဘူး။ နည်းနည်းမြင့်တဲ့နေရာကနေ ခုန်ချလို့မရဘူး”

“ထိုင်းမှာရှိတုန်းကတော့ အောင်သူလည်း ရှိတယ်လေ။ သူက အကုန်ကူညီပေးတယ်။ သူဆီမှာပဲ နေပြီးတော့ ကုပေးတယ်။ ကျွန်တော်လည်းအားနာတာနဲ့ ပြန်လာတာ။ ဥက္ကဌ ပဲအကုန်လုပ်ပေးတာပေါ့။ တခါတလေ မရှိတော့လည်း အောင်သူနား သုံးပေ့ါ။ ကုန်ကျစရိတ်ကတော့ ခွဲတာက သိန်း ၇၀ အားလုံးဆို သိန်း ၂၀၀ လောက်ရှိမှာပေါ့။ ခုထိလည်း မကောင်းသေးပါဘူး။ မကုရဲတော့ဘူး။ မေ့ဆေးတွေ ခဏခဏထိုးတော့ တခါတလေ ပစ္စည်းတွေ ဘယ်နားမှာ ထားလည်းတောင် မသိတော့ဘူး။ အဲ့လိုမျိုးတွေ ဖြစ်တယ်”

စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး “ကျွန်တော်က ဒီလိုဖြစ်လာမယ်ဆိုတာ ပါပြီးသားလေ။ ဘယ်သူ့မှ အမှားမဟုတ်ပါဘူး။ ဖြစ်လာမယ့် ကံပါလာတော့ ဒီလိုပဲ ခံရမှာပဲ။ ကျွန်တော် ထိုင်းလိဂ်လောက်တော့ ထွက်ကစားချင်ခဲ့တယ်။ အဲ့လောက်ဆို ကျေနပ်ပြီ အဖေအမေကလည်း ထွက်ကစားစေချင်တယ်။ အောင်သူကို ကြည့်ပြီးတော့ ပိုအားကျတာပေါ့။ မြန်မာနိုင်ငံနဲ့က အစစအရာရာ ဘာမှ မဆိုင်ပါဘူး။ ဟိုမှာက ကွန်ဒိုနဲ့ထားတယ်။ လစာတွေကလည်းကွာတယ်။ ဘာမှမဆိုင်ပါဘူး”

“အောင်သူကတော့ ကျွန်တော့်ကို ဆက်ပြီးတော့ ကုဦးသူငယ်ချင်း။ သူကတော့ အမြဲတမ်းပြောပါတယ်။ သူက စကားနည်းတာဆိုတော့ သိပ်ပြီးတော့ မပြောပါဘူး။ ကျွန်တော်နဲ့ အောင်သူနဲ့က အကယ်ဒမီကျောင်းတူတူတက်တယ်။ ငယ်ငယ်လေးကတည်းက တူတူပဲ။ တော်တော်ခင်ပါတယ်။ သူ့ကို ကျွန်တော်က ပရီးမီးယားလိဂ် ရောက်စေချင်တာပေါ့။ ကျွန်တော်လည်း ရောက်ချင်ခဲ့ပါတယ်”

“ငယ်ငယ်လေးကတည်းက ကျွန်တော်က ဒီလိုဘဝမှာပဲ နေလာတာလေ။ ဘောလုံးမကန်ရလည်း ကျွန်တော့်အတွက်တော့ သိပ်ပြီးတော့ မထူးခြားပါဘူး။ ပရိသတ်တွေတော့ စိတ်မကောင်း ဖြစ်သွားတာပေါ့။ ပုံလေးကလည်း သူငယ်ချင်းတယောက် ရိုက်ပေးသွားတာကို တင်လိုက်တာပါ။ ကျွန်တော်က ဘာမှမဖြစ်ပါဘူး။ မပင်ပန်းနေပါဘူး။ မိဘအလုပ်ကိုလုပ်တယ်။ အဲ့အတွက်တော့ ဘာမှ စိတ်မပူကြပါနဲ့။ ကျွန်တော် နောက်ဘဝမှပဲ ဘောလုံးကန်တော့မယ်။ အဲ့လောက်ပါပဲ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit: Can’t Wait To Say

About the author

ilove

Leave a Comment