Shwe News

အရူးမ (၂) ေယာက္ ေသာင္းက်န္းေနပါတယ္..။ (ဗြီဒီယိုဖိုင္)

ေမာ္လျမိဳင္ ျမိဳ႕သူျမိဳ႕သားမ်ား သတိထားႏိုင္ပါရန္ …ေမာ္လျမိဳင္ ျမိဳ႕ေရွာင္လမ္း တေလ်ွာက္မွာ အရူးမ (၂) ေယာက္ ေသာင္းက်န္းေနပါတယ္ …

လမ္းေပၚျဖတ္သြားသမ်ွ ကား ဆိုင္ကယ္မ်ားကို ခဲနဲ႔ လိုက္ထုေနပါတယ္။ ဆိုင္ကယ္ျဖည္းျဖည္း ေမာင္းလာ ရင္ ေျပးဝင္လာျပီး အနီးကပ္ေရာက္မွ အုတ္ခဲနဲ႔ လွမ္းထုတတ္ပါတယ္။ မၾကားဝံ႔ မနာသာ ပတ္ဆဲေနပါတယ္

မေန႔ညေနပိုင္း ၆ နာရီေလာက္က ျမိဳ႕ေရွာင္လမ္း ေရႊျမင္႔မိုရ္ထြန္း ဟိုတယ္ ေရွ႕မွာ အရူးမတေယာက္ ကားဆိုင္ကယ္ေတြကို အုတ္ခဲနဲ႔ လိုက္ထုလို႔ ေက်ာင္းသူတစ္ဦး ေခါင္းေပါက္ျပီး ကားတစ္စီး မွန္ကြဲသြားေၾကာင္း အဲနား က ေဒသခံေတြကို ကြ်န္ေတာ္႔ကို ဖုန္းဆက္အကူအညီ ေတာင္းခံလာပါတယ္။

ဒါမ်ိဳးက် ကြ်န္ေတာ္တို႔လုပ္ကိုင္ရခက္ပါတယ္။ အမ်ားျပည္သူ အသင္အႏၲရာယ္ ျဖစ္ေစတဲ႔ထိ ျဖစ္တဲ႔အတြက္ ရဲတပ္ဖြဲ႔ထံ အေၾကာင္းၾကားပါ။ ေနာက္ထပ္လိုအပ္တာ ရွိရင္ေတာ႔ ထပ္ကူညီေပးမယ္လို႔ ေျပာလိုက္ပါတယ္။

ခဏေနက်ေတာ႔ နယ္ခံေတြျပန္ဆက္သြယ္လာပါတယ္။ ညီေလး ဇင္မိုးေရ အေရးေပၚကားတစ္စီးေလာက္ လႊတ္ေပးပါတဲ႔။ ဒီအရူးမ ကို ေဆးရုံေခၚသြားေပးပါတဲ႔စိတ္ျငိမ္ေဆးေလး ဘာေလး တိုက္ရေအာင္တဲ႔။ နယ္ ထိန္းလဲ ေရာက္ေနပါျပီးတဲ႔။ ဒါေပမဲ႔ အဲဒီနယ္ထိန္းလဲ ဘာမွလုပ္ မတတ္ဘူးလို႔ ေျပာလာပါတယ္။

ကြ်န္ေတာ္ကေတာင္ ထပ္ေျပာလိုက္ေသးတယ္။ နယ္ထိန္းလုပ္ျပီး ျပသာနာတခုကို ကိုင္တြယ္မတတ္ဘူး လားေပါ႔။ သူက တာဝန္ရွိသူေလ။ သူတို႔ စီစဥ္တဲ႔အတိုင္းပဲ ကြ်န္ေတာ္တို႔ လုပ္ေပးလို႔ရမယ္လို႔ ျပန္ေျပာေတာ႔

နယ္ခံေတြက ညီေလးေရ အစ္ကိုတို႔ဟာ အစ္ကိုတို႔ပဲေခ်ာ႔ေမာ႔ျပီး ဝိုင္းဖမ္းထားပါ႔မယ္။ ေဆးရုံပဲ ပို႔ေပးဖို႔ ကား လႊတ္ေပးပါကြာလို႔ ထပ္ေျပာလာတဲ႔အတြက္ ကြ်န္ေတာ္ တို႔ ေမာ္လျမိဳင္ RESCUE အဖြဲ႔က အဖြဲ႔ဝင္ေတြနဲ႔အတူ ကားလႊတ္ ေပးလိုက္ပါတယ္။

အရူးမကို ေခ်ာ႔ေမာ႔ျပီး ေဆးရုံေခၚသြားေတာ႕ လူနာေစာင္႔ကမရွိ။ စိတ္ျငိမ္ေဆး တို႔ အိပ္ေဆးတို႔ ထိုးေပးဖို႔ကလည္း ေဆးရုံဘက္ကအဆင္မေျပ။ အိပ္ေပ်ာ္သြားရင္ အဲဒီ အရူးမႀကီးကို ဘယ္မွာထားလို႔ ထားရမွန္းမသိနဲ႔။

ေနာက္ဆုံး နယ္ထိန္းဆိုသူကို ေမးေတာ႔ သူကလဲ ဘာမွ လုပ္မမတ္ဘူးဆိုလို႔ အဲဒီအရူးမကို ေခ်ာ႔ေမာ႔ျပီး ဘူတာႀကီးဘက္ကို ျပန္ပို႔ေပးလိုက္ရပါတယ္။

ဒါကတမႈျပီးျပီးေပါ႔။ အရူးမလဲ ျငိမ္သြားျပီး။ ဒီေလာက္က Post ေတြဘာေတြ တင္ေနစရာလဲမလိုဘူး။ လူေတြ အႏၲရာယ္ကင္းရင္ ရျပီးဆိုျပီး ေနေနလိုက္ေတာ႔တယ္။

ဒါေပမဲ႔ မျပီးေသးဘူး။ ညက ၁၂ နာရီ ၁ နာရီေလာက္ က သူငယ္ခ်င္းတေယာက္နဲ႔ ကြ်န္ေတာ္ ျမိဳ႕ေရွာင္လမ္းအတိုင္း ဆိုင္ကယ္နဲ႔ ျပန္လာရင္း HOTEL KS ေရွ႕ အေရာက္မွာ အမ်ိဳးသမီးတေယာက္ အုတ္

ခဲႀကီးကိုင္ျပီးဆိုင္ ကယ္ထဲ ေျပးဝင္လာတယ္။ ဘာမသိ ညာမနဲ႔ဗ်။ အနားလဲ ေရာက္ေရာ လက္ထဲက အုတ္ခဲနဲ႔ လွမ္းထုပါတယ္။ရုတ္တရတ္ဆိုေပမဲ႔ ကိုယ္ေတြက သိုင္းသမားေတြဆို ေတာ႔ ေရွာင္လိုက္တာ လြတ္သြားပါတယ္။

ဘာလို႔လဲ ေသခ်ာျပန္ၾကည္႔ေတာ႔ အရူးမ အသစ္ ေနာက္တေယာက္ျဖစ္ေနပါတယ္။ ညေနက အရူးမ မဟုတ္ ပါဘူး။ ေအာ္လဲ ဆဲေနပါတယ္။ ဒါနဲ႔ကိုယ္လဲ အုတ္ခဲစာ လြတ္သြားေတာ႔ ဆိုင္ကယ္ေမာင္းထြက္လာရင္း ျပန္ၾကည္႔ေတာ႔ ေနာက္ထပ္ ျဖတ္သြားတဲ႔ Express ကားေတြ ဆိုင္ကယ္ေတြ အျခားကားေတြကိုေရာ ျဖတ္သမ်ွ ခဲနဲ႔ ထုေနတာ ေတြ႔ရပါတယ္။

ဒါနဲ႔ ကြ်န္ေတာ္ျပန္စဥ္းစားေတာ႔ စိတ္က သိတဲ႔အတိုင္း မေနႏိုင္ေတာ႔ပါဘူး။ ဟုတ္တယ္ေလ သူ႔ဟာသူ ရူးျပီး ဆဲေနတာ ျပသာနာမရွိဘူး။ ခုဟာက ကားေတြ ဆိုင္ကယ္ေတြကို အုတ္ခဲႀကီးေတြနဲ႔ ထိုင္ထုေနတာ။ Express ကားႀကီးေတြကိုလဲ ထုေနပါတယ္။ Express ကားႀကီး ေတြမွာက ခရီးသည္ေတြအမ်ားႀကီးပါ။ တခုခုဆို အသက္ေတြ အမ်ားႀကီး။

အဲဒါနဲ႕ ကြ်န္ေတာ္ဆိုင္ကယ္ကို ျပန္ေကြ႔ ဟိုတယ္က ညေစာင္႔ဝန္ထမ္းေတြကို ေခၚျပီး အရူးမတေယာက္ ဟိုတယ္ေရွ႕မွာ ဒီလိုလုပ္ေနတာ မျမင္ဘူးလား တခုခုဆို အစ္ကိုတို႔ တာဝန္မကင္းဘူး ဘာညာနဲ႔ ေမးေတာ႔မွ သူတို႔လဲေျပာတယ္။ မႏိုင္ဘူးတဲ႔ ေအာ္လဲ ဆဲေနတယ္တဲ႔။ ဘယ္ကို တိုင္ရမွန္းလဲ မသိလို႔တဲ႔။ ျဖစ္ရေလ ရဲေတြရွိတယ္ဆိုတာ သူတို႔လဲ ေမ႔ေနတယ္ထင္တယ္။

ဒါနဲ႔ ကြ်န္ေတာ္လဲ တာဝန္ရွိမယ္ထင္တဲ႔ ရဲစခန္းနဲ႔ ရဲတပ္ဖြဲ႔ဝင္အခ်ိဳ႕ရဲ႕ တစ္ဦးခ်င္းကိုင္တဲ႔ လက္ကိုင္ဖုန္းေတြကို ထိုင္ဆက္တာ တလုံးမွ မကိုင္ပါဘူးခင္ဗ်ာ။ ေသေရး ရွင္ေရးျဖစ္လို႔ ရဲေတြကို အားကိုးလို႔ကေတာ႔ ေသမွာေသ ခ်ာပါတယ္။

ေနာက္ဆုံး ျမိဳ႕နယ္ရဲတပ္ဖြဲ႔မႈးဖုန္းကို ဆက္ေတာ႔ ျမိဳ႕နယ္မႈးက ကိုင္ပါတယ္။ ရဲမႈးေရ ကြ်န္ေတာ္ ဇင္မိုးပါ။ ဒီေနရာမွာ ဒီလို ဒီလို ျဖစ္ေနပါတယ္။ နယ္ေျမခံစခန္းက တာဝန္ရွိသူေတြရဲ႕ ဖုန္းနံပါတ္ေတြကိုဆက္

တာ မကိုင္ လို႔ ျမိဳ႕နယ္မႈးဆီကို ဆက္ေျပာရတာပါလို႔ အက်ိဳးအေၾကာင္းေျပာလိုက္မွ ျမိဳ႕နယ္မႈးက သူလွမ္းေျပာျပီး လႊတ္ ေပးလိုက္ပါ႔မယ္ ေျပာလို႔ နာရီဝက္ေလာက္ ေစာင္႔ေနလဲ မေရာက္လာေသးသျဖင္႔ Hotel KS က ညဂ်ဴ တီသမားေတြကိုပဲ ေသခ်ာမွာျပီး ျပန္ခဲ႔ရပါတယ္။

တညထဲ အရူးမ ၂ ေယာက္က ကားေတြ ဆိုင္ကယ္ေတြကို ခဲနဲ႔လိုက္ထုေနတာေတာ႔ မသကၤာစရာပါ။ ပထမ အရူးမက ျမင္ဖူးေနေသးတယ္။ ဒုတိယ အရူးမက မျမင္ဖူးဘူး ဘယ္ကမွန္းလဲမသိဘူး။ ပိုဆိုးတ

ယ္။ ရူးေနတယ္သာ ေျပာတယ္။ ေတာ္ေတာ္လည္ပါတယ္။ သူ႔ကို ဓါတ္ပုံလိုက္ရိုက္တဲ႔ ကြ်န္ေတာ္႔သူငယ္ခ်င္းကို ဓါတ္ပုံလိုက္ရိုက္လို႔ ဆိုျပီး ျပသာနာေတြ လိုက္ရွာ ဖုန္းကို လိုက္လုနဲ႔ လည္တယ္ဗ်။ ဘာေတြလဲေတာ႔ မသိဘူး။ သူတို႔ကို ဒီလို လိုက္လုပ္ရမယ္လို႔ ဘယ္သူေျမွာက္ေပးလိုက္လဲ မသိဘူး။

အဲဒါနဲ႔ ျပန္ျပီး။ ျပီးျပီးေပါ႔လို႔ ေနလို႔မဆုံးဘူး။ တမနက္လုံး မအိပ္ရေတာ႔ပါဘူး။ ဖုန္းေတြဆက္တိုက္ဝင္ျပီးျမိဳ႕ေရွာင္လမ္းမွာ အရူးမတေယာက္ ကားေတြ ဆိုင္ကယ္ေတြကို ခဲနဲ႔လိုက္ထုေနလို႔ ကူညီေပးပါဆိုျပီး ဖုန္းေတြ ေတာက္ေလ်ွာက္ကို ဝင္ေနပါတယ္။ ကြ်န္ေတာ္႔ရုံးက အဖြဲ႔ဝင္ေတြကို ေျပာလိုက္ပါတယ္။

ဖုန္းေတြ ဝင္လာရင္ ရဲစခန္းေတြကိုသာ ဖုန္းဆက္လို႔ေျဖခိုင္းထားလိုက္ပါတယ္။

ဟုတ္တယ္ေလ အမ်ားျပည္သူ အသက္အႏၲရာယ္ ထိခိုက္ေစေလာက္တဲ႔ ျပစ္မႈမ်ိဳး က်ဴ းလြန္ေနတာ ရဲတပ္ဖြဲ႔မွာ တာဝန္ အျပည္႔ရွိတယ္ထယ္ပါတယ္။ ရဲစခန္းကို ဖုန္းဆက္တိုင္ၾကပါ။ လာတာ မလာတာ သူတို႔ရဲ႕အလုပ္ပါ

ကြ်န္ေတာ္တို႔က အဲဒီလို ေသာင္းက်န္းေနတဲ႔ အရူးမကို ကိုယ္႔သေဘာနဲ႔ ကိုယ္သြားလုပ္လို႔ မရပါဘူး။ သူတို႔ ျပန္လုပ္ရင္ ကိုယ္ပဲ ခံရမွာ ျဖစ္သလို ကိုယ္ျပန္လုပ္လို႔ တခုခု ျဖစ္သြားရင္လဲ ကိုယ္ပဲ ခံရမွာပါ။

ပထမေတာ႔ ဘာ Post မွမတင္ေတာ႔ဘူး စဥ္းစားေပမဲ႔ ခုထိ ဖုန္းတဂြမ္ဂြမ္ ဆက္ေနလို႔ ခရီးသြားလာတဲ႔ မိဘျပည္သူေတြ သိရေအာင္ ေၾကျငာေပးတာပါ။

ေမာ္လျမိဳင္ ျမိဳ႕ေရွာင္လမ္းမွာ အရူးမ ၂ ေယာက္ ေသာင္းက်န္းေနပါတယ္။ ကားေတြ ဆိုင္ကယ္ေတြကို ခဲနဲ႔ လိုက္ထုေနပါတယ္။ ကိုယ္႔အႏၲရာယ္ ကိုယ္ကာကြယ္တဲ႔ အေနနဲ႔ ေရွာင္တိမ္းျပီး သြားလာၾကပါဗ်ိဳ႕။ရဲေတြ လာမလား မလာမလား မေသခ်ာပါ။ သူတို႔လဲ အလုပ္အရမ္းမ်ားေနလို႔ ျဖစ္မယ္ေနာ္။

ကားေတြဆိုင္ကယ္ေတြ မေမွာက္ၾကပါေစနဲ႔။ ဘယ္သူမွလဲ အႏၲရာယ္မျဖစ္ၾကပါေစနဲ႔။ Credit – Zin Moe

  • Unicode version

မော်လမြိုင် မြို့သူမြို့သားများ သတိထားနိုင်ပါရန် …မော်လမြိုင် မြို့ရှောင်လမ်း တလျှောက်မှာ အရူးမ (၂) ယောက် သောင်းကျန်းနေပါတယ် …

လမ်းပေါ်ဖြတ်သွားသမျှ ကား ဆိုင်ကယ်များကို ခဲနဲ့ လိုက်ထုနေပါတယ်။ ဆိုင်ကယ်ဖြည်းဖြည်း မောင်းလာ ရင် ပြေးဝင်လာပြီး အနီးကပ်ရောက်မှ အုတ်ခဲနဲ့ လှမ်းထုတတ်ပါတယ်။ မကြားဝံ့ မနာသာ ပတ်ဆဲနေပါတယ်

မနေ့ညနေပိုင်း ၆ နာရီလောက်က မြို့ရှောင်လမ်း ရွှေမြင့်မိုရ်ထွန်း ဟိုတယ် ရှေ့မှာ အရူးမတယောက် ကားဆိုင်ကယ်တွေကို အုတ်ခဲနဲ့ လိုက်ထုလို့ ကျောင်းသူတစ်ဦး ခေါင်းပေါက်ပြီး ကားတစ်စီး မှန်ကွဲသွားကြောင်း အဲနား က ဒေသခံတွေကို ကျွန်တော့်ကို ဖုန်းဆက်အကူအညီ တောင်းခံလာပါတယ်။

ဒါမျိုးကျ ကျွန်တော်တို့လုပ်ကိုင်ရခက်ပါတယ်။ အများပြည်သူ အသင်အန္တရာယ် ဖြစ်စေတဲ့ထိ ဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပါ။ နောက်ထပ်လိုအပ်တာ ရှိရင်တော့ ထပ်ကူညီပေးမယ်လို့ ပြောလိုက်ပါတယ်။

ခဏနေကျတော့ နယ်ခံတွေပြန်ဆက်သွယ်လာပါတယ်။ ညီလေး ဇင်မိုးရေ အရေးပေါ်ကားတစ်စီးလောက် လွှတ်ပေးပါတဲ့။ ဒီအရူးမ ကို ဆေးရုံခေါ်သွားပေးပါတဲ့စိတ်ငြိမ်ဆေးလေး ဘာလေး တိုက်ရအောင်တဲ့။ နယ် ထိန်းလဲ ရောက်နေပါပြီးတဲ့။ ဒါပေမဲ့ အဲဒီနယ်ထိန်းလဲ ဘာမှလုပ် မတတ်ဘူးလို့ ပြောလာပါတယ်။

ကျွန်တော်ကတောင် ထပ်ပြောလိုက်သေးတယ်။ နယ်ထိန်းလုပ်ပြီး ပြသာနာတခုကို ကိုင်တွယ်မတတ်ဘူး လားပေါ့။ သူက တာဝန်ရှိသူလေ။ သူတို့ စီစဉ်တဲ့အတိုင်းပဲ ကျွန်တော်တို့ လုပ်ပေးလို့ရမယ်လို့ ပြန်ပြောတော့

နယ်ခံတွေက ညီလေးရေ အစ်ကိုတို့ဟာ အစ်ကိုတို့ပဲချော့မော့ပြီး ဝိုင်းဖမ်းထားပါ့မယ်။ ဆေးရုံပဲ ပို့ပေးဖို့ ကား လွှတ်ပေးပါကွာလို့ ထပ်ပြောလာတဲ့အတွက် ကျွန်တော် တို့ မော်လမြိုင် RESCUE အဖွဲ့က အဖွဲ့ဝင်တွေနဲ့အတူ ကားလွှတ် ပေးလိုက်ပါတယ်။

အရူးမကို ချော့မော့ပြီး ဆေးရုံခေါ်သွားတော့ လူနာစောင့်ကမရှိ။ စိတ်ငြိမ်ဆေး တို့ အိပ်ဆေးတို့ ထိုးပေးဖို့ကလည်း ဆေးရုံဘက်ကအဆင်မပြေ။ အိပ်ပျော်သွားရင် အဲဒီ အရူးမကြီးကို ဘယ်မှာထားလို့ ထားရမှန်းမသိနဲ့။

နောက်ဆုံး နယ်ထိန်းဆိုသူကို မေးတော့ သူကလဲ ဘာမှ လုပ်မမတ်ဘူးဆိုလို့ အဲဒီအရူးမကို ချော့မော့ပြီး ဘူတာကြီးဘက်ကို ပြန်ပို့ပေးလိုက်ရပါတယ်။

ဒါကတမှုပြီးပြီးပေါ့။ အရူးမလဲ ငြိမ်သွားပြီး။ ဒီလောက်က Post တွေဘာတွေ တင်နေစရာလဲမလိုဘူး။ လူတွေ အန္တရာယ်ကင်းရင် ရပြီးဆိုပြီး နေနေလိုက်တော့တယ်။

ဒါပေမဲ့ မပြီးသေးဘူး။ ညက ၁၂ နာရီ ၁ နာရီလောက် က သူငယ်ချင်းတယောက်နဲ့ ကျွန်တော် မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ်နဲ့ ပြန်လာရင်း HOTEL KS ရှေ့ အရောက်မှာ အမျိုးသမီးတယောက် အုတ်

ခဲကြီးကိုင်ပြီးဆိုင် ကယ်ထဲ ပြေးဝင်လာတယ်။ ဘာမသိ ညာမနဲ့ဗျ။ အနားလဲ ရောက်ရော လက်ထဲက အုတ်ခဲနဲ့ လှမ်းထုပါတယ်။ရုတ်တရတ်ဆိုပေမဲ့ ကိုယ်တွေက သိုင်းသမားတွေဆို တော့ ရှောင်လိုက်တာ လွတ်သွားပါတယ်။

ဘာလို့လဲ သေချာပြန်ကြည့်တော့ အရူးမ အသစ် နောက်တယောက်ဖြစ်နေပါတယ်။ ညနေက အရူးမ မဟုတ် ပါဘူး။ အော်လဲ ဆဲနေပါတယ်။ ဒါနဲ့ကိုယ်လဲ အုတ်ခဲစာ လွတ်သွားတော့ ဆိုင်ကယ်မောင်းထွက်လာရင်း ပြန်ကြည့်တော့ နောက်ထပ် ဖြတ်သွားတဲ့ Express ကားတွေ ဆိုင်ကယ်တွေ အခြားကားတွေကိုရော ဖြတ်သမျှ ခဲနဲ့ ထုနေတာ တွေ့ရပါတယ်။

ဒါနဲ့ ကျွန်တော်ပြန်စဉ်းစားတော့ စိတ်က သိတဲ့အတိုင်း မနေနိုင်တော့ပါဘူး။ ဟုတ်တယ်လေ သူ့ဟာသူ ရူးပြီး ဆဲနေတာ ပြသာနာမရှိဘူး။ ခုဟာက ကားတွေ ဆိုင်ကယ်တွေကို အုတ်ခဲကြီးတွေနဲ့ ထိုင်ထုနေတာ။ Express ကားကြီးတွေကိုလဲ ထုနေပါတယ်။ Express ကားကြီး တွေမှာက ခရီးသည်တွေအများကြီးပါ။ တခုခုဆို အသက်တွေ အများကြီး။

အဲဒါနဲ့ ကျွန်တော်ဆိုင်ကယ်ကို ပြန်ကွေ့ ဟိုတယ်က ညစောင့်ဝန်ထမ်းတွေကို ခေါ်ပြီး အရူးမတယောက် ဟိုတယ်ရှေ့မှာ ဒီလိုလုပ်နေတာ မမြင်ဘူးလား တခုခုဆို အစ်ကိုတို့ တာဝန်မကင်းဘူး ဘာညာနဲ့ မေးတော့မှ သူတို့လဲပြောတယ်။ မနိုင်ဘူးတဲ့ အော်လဲ ဆဲနေတယ်တဲ့။ ဘယ်ကို တိုင်ရမှန်းလဲ မသိလို့တဲ့။ ဖြစ်ရလေ ရဲတွေရှိတယ်ဆိုတာ သူတို့လဲ မေ့နေတယ်ထင်တယ်။

ဒါနဲ့ ကျွန်တော်လဲ တာဝန်ရှိမယ်ထင်တဲ့ ရဲစခန်းနဲ့ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ တစ်ဦးချင်းကိုင်တဲ့ လက်ကိုင်ဖုန်းတွေကို ထိုင်ဆက်တာ တလုံးမှ မကိုင်ပါဘူးခင်ဗျာ။ သေရေး ရှင်ရေးဖြစ်လို့ ရဲတွေကို အားကိုးလို့ကတော့ သေမှာသေ ချာပါတယ်။

နောက်ဆုံး မြို့နယ်ရဲတပ်ဖွဲ့မှုးဖုန်းကို ဆက်တော့ မြို့နယ်မှုးက ကိုင်ပါတယ်။ ရဲမှုးရေ ကျွန်တော် ဇင်မိုးပါ။ ဒီနေရာမှာ ဒီလို ဒီလို ဖြစ်နေပါတယ်။ နယ်မြေခံစခန်းက တာဝန်ရှိသူတွေရဲ့ ဖုန်းနံပါတ်တွေကိုဆက်

တာ မကိုင် လို့ မြို့နယ်မှုးဆီကို ဆက်ပြောရတာပါလို့ အကျိုးအကြောင်းပြောလိုက်မှ မြို့နယ်မှုးက သူလှမ်းပြောပြီး လွှတ် ပေးလိုက်ပါ့မယ် ပြောလို့ နာရီဝက်လောက် စောင့်နေလဲ မရောက်လာသေးသဖြင့် Hotel KS က ညဂျူ တီသမားတွေကိုပဲ သေချာမှာပြီး ပြန်ခဲ့ရပါတယ်။

တညထဲ အရူးမ ၂ ယောက်က ကားတွေ ဆိုင်ကယ်တွေကို ခဲနဲ့လိုက်ထုနေတာတော့ မသင်္ကာစရာပါ။ ပထမ အရူးမက မြင်ဖူးနေသေးတယ်။ ဒုတိယ အရူးမက မမြင်ဖူးဘူး ဘယ်ကမှန်းလဲမသိဘူး။ ပိုဆိုးတ

ယ်။ ရူးနေတယ်သာ ပြောတယ်။ တော်တော်လည်ပါတယ်။ သူ့ကို ဓါတ်ပုံလိုက်ရိုက်တဲ့ ကျွန်တော့်သူငယ်ချင်းကို ဓါတ်ပုံလိုက်ရိုက်လို့ ဆိုပြီး ပြသာနာတွေ လိုက်ရှာ ဖုန်းကို လိုက်လုနဲ့ လည်တယ်ဗျ။ ဘာတွေလဲတော့ မသိဘူး။ သူတို့ကို ဒီလို လိုက်လုပ်ရမယ်လို့ ဘယ်သူမြှောက်ပေးလိုက်လဲ မသိဘူး။

အဲဒါနဲ့ ပြန်ပြီး။ ပြီးပြီးပေါ့လို့ နေလို့မဆုံးဘူး။ တမနက်လုံး မအိပ်ရတော့ပါဘူး။ ဖုန်းတွေဆက်တိုက်ဝင်ပြီးမြို့ရှောင်လမ်းမှာ အရူးမတယောက် ကားတွေ ဆိုင်ကယ်တွေကို ခဲနဲ့လိုက်ထုနေလို့ ကူညီပေးပါဆိုပြီး ဖုန်းတွေ တောက်လျှောက်ကို ဝင်နေပါတယ်။ ကျွန်တော့်ရုံးက အဖွဲ့ဝင်တွေကို ပြောလိုက်ပါတယ်။

ဖုန်းတွေ ဝင်လာရင် ရဲစခန်းတွေကိုသာ ဖုန်းဆက်လို့ဖြေခိုင်းထားလိုက်ပါတယ်။

ဟုတ်တယ်လေ အများပြည်သူ အသက်အန္တရာယ် ထိခိုက်စေလောက်တဲ့ ပြစ်မှုမျိုး ကျူ းလွန်နေတာ ရဲတပ်ဖွဲ့မှာ တာဝန် အပြည့်ရှိတယ်ထယ်ပါတယ်။ ရဲစခန်းကို ဖုန်းဆက်တိုင်ကြပါ။ လာတာ မလာတာ သူတို့ရဲ့အလုပ်ပါ

ကျွန်တော်တို့က အဲဒီလို သောင်းကျန်းနေတဲ့ အရူးမကို ကိုယ့်သဘောနဲ့ ကိုယ်သွားလုပ်လို့ မရပါဘူး။ သူတို့ ပြန်လုပ်ရင် ကိုယ်ပဲ ခံရမှာ ဖြစ်သလို ကိုယ်ပြန်လုပ်လို့ တခုခု ဖြစ်သွားရင်လဲ ကိုယ်ပဲ ခံရမှာပါ။

ပထမတော့ ဘာ Post မှမတင်တော့ဘူး စဉ်းစားပေမဲ့ ခုထိ ဖုန်းတဂွမ်ဂွမ် ဆက်နေလို့ ခရီးသွားလာတဲ့ မိဘပြည်သူတွေ သိရအောင် ကြေငြာပေးတာပါ။

မော်လမြိုင် မြို့ရှောင်လမ်းမှာ အရူးမ ၂ ယောက် သောင်းကျန်းနေပါတယ်။ ကားတွေ ဆိုင်ကယ်တွေကို ခဲနဲ့ လိုက်ထုနေပါတယ်။ ကိုယ့်အန္တရာယ် ကိုယ်ကာကွယ်တဲ့ အနေနဲ့ ရှောင်တိမ်းပြီး သွားလာကြပါဗျို့။ရဲတွေ လာမလား မလာမလား မသေချာပါ။ သူတို့လဲ အလုပ်အရမ်းများနေလို့ ဖြစ်မယ်နော်။

ကားတွေဆိုင်ကယ်တွေ မမှောက်ကြပါစေနဲ့။ ဘယ်သူမှလဲ အန္တရာယ်မဖြစ်ကြပါစေနဲ့။ Credit – Zin Moe

About the author

Crypoetess

Leave a Comment