Shwe News

တူေလးျမတ္ေသာေမာင္ကို အေမရိကားခရီးစဥ္လိုက္ပို႔ေပးေနတဲ့ စိုးျမတ္သူဇာ

စုိးျမတ္သူဇာ တစ္ေယာက္ အေမရိကား ခရီးစဥ္ကုိ ညီမျဖစ္သူ စုိးျမတ္နႏၵာ၊ တူေလးျဖစ္သူ ျမတ္ေသာေမာင္ တုိ႔နဲ႔ ေရာက္ရွိေနတာျဖစ္ပါတယ္။ သူ႔အတြက္ေတာ့ ပ်င္းရိဖြယ္ေကာင္းတဲ့ ခရီးစဥ္တစ္ခုျဖစ္တယ္လုိ႔ ဆုိပါတယ္။

သရုပ္ေဆာင္ စုိးျမတ္သူဇာ တစ္ေယာက္ တူေလးျဖစ္သူ ျမတ္ေသာေမာင္ကုိ အေမရိကား လုိက္ပုိ႔ေပးေနတယ္လုိ႔ သိရပါတယ္။ ျမတ္ေသာေမာင္ရဲ႕ အေမ စုိးျမတ္နႏၵာကလည္း အေမရိကားကုိ ေရာက္ရွိေနတာျဖစ္ပါတယ္။

‘’ျမတ္ေသာေမာင္ ကို လိုက္ပို႔ရ သည့္ တစ္ခဏ အင္မတန္ ကို ပ်င္းရိ ဖြယ္ ေကာင္း သည့္ ေန႔ရက္ မ်ားအား ခက္ခဲ စြာ ေက်ာ္ျဖတ္ ရပါတယ္။ ေအာ္ .. အေမရိကား တဲ့’’ ဆုိၿပီးေတာ့ မတ္လ ၁၀ ရက္ေန႔ မနက္ ၃ နာရီ ၄၁ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့ပါတယ္။ အဲ့ဒီေနာက္ သြားသြားလာလာလုပ္ရင္း ကားေပၚက အမွတ္တရ ဓာတ္ပုံကုိလည္း တင္ခဲ့ပါေသးတယ္။

စုိးျမတ္သူဇာဟာ တစ္ေယာက္တည္းသမားဆုိေပမယ့္ တူေတြ၊ တူမေတြအေပၚ သားသမီးအရင္းတစ္ေယာက္လုိ ခ်စ္ခင္တဲ့သူျဖစ္ပါတယ္။ သူ႔မွာေတာ့ ညီမျဖစ္သူ စုိးျမတ္ကလ်ာရဲ႕ သမီးေလး ေခတ္သခင္နဲ႔ စုိးျမတ္နႏၵာ ရဲ႕ သားေလး ျမတ္ေသာေမာင္ တုိ႔ကုိ ပိုင္ဆုိင္ထားတာျဖစ္ပါတယ္။ စုိးျမတ္သူဇာဟာ အလုပ္ေတြ မအားလပ္တဲ့ၾကားက မိသားစုနဲ႔ အတူခရီးထြက္ခဲ့တာကုိ ေတြ႔ရပါတယ္။

စုိးျမတ္သူဇာက အခုဆုိရင္ အသက္ ၄၇ ႏွစ္ရွိၿပီျဖစ္ပါတယ္။ သူမရဲ႕ အႏုပညာသက္တမ္းကလည္း ဆယ္စုႏွစ္တစ္ခုကုိ ေက်ာ္လြန္ခဲ့ပါၿပီ။ ဒီဆယ္စုႏွစ္အတြင္းမွာလည္း အကယ္ဒမီဆုေတြ ရရွိပုိင္ဆုိင္ခဲ့ပါေသးတယ္။ ဒီေန႔ဒီအခ်ိန္ထိလည္း အႏုပညာေလာကမွာ ေအာင္ျမင္မႈထိပ္ဆုံးေရာက္ရွိေနတဲ့ မင္းသမီးေတြထဲက တစ္ဦးအပါအဝင္ ျဖစ္ပါတယ္။

စုိးျမတ္သူဇာက လက္ရွိမွာ အႏုပညာအလုပ္ေတြ ဆက္တုိက္လုပ္ေနတာျဖစ္သလုိ ညီအစ္မ ၄ ဦး အတူတူ ဖြင့္ထားတဲ့ ‘’မင္းသမီး’’ ပုိးထည္တုိက္ကုိလည္း အခ်ိန္ရရင္ရသလုိ ဝင္ကူညီေပးေနတာကုိ ေတြ႔ရပါတယ္။ အခုလက္ရွိမွာေတာ့ ညီမျဖစ္သူ စုိးျမတ္နႏၵာ အပါအဝင္ တူေလး ျမတ္ေသာေမာင္၊ အဆုိေတာ္ စုိးသူ တုိ႔နဲ႔ အတူ အေမရိကား ခရီးစဥ္ေရာက္ရွိေနၾကတာပါ။

Credit: Duwun

Unicode

စိုးမြတ်သူဇာ တစ်ယောက် အမေရိကား ခရီးစဉ်ကို ညီမဖြစ်သူ စိုးမြတ်နန္ဒာ၊ တူလေးဖြစ်သူ မြတ်သောမောင် တို့နဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။ သူ့အတွက်တော့ ပျင်းရိဖွယ်ကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် စိုးမြတ်သူဇာ တစ်ယောက် တူလေးဖြစ်သူ မြတ်သောမောင်ကို အမေရိကား လိုက်ပို့ပေးနေတယ်လို့ သိရပါတယ်။ မြတ်သောမောင်ရဲ့ အမေ စိုးမြတ်နန္ဒာကလည်း အမေရိကားကို ရောက်ရှိနေတာဖြစ်ပါတယ်။

‘’မြတ်သောမောင် ကို လိုက်ပို့ရ သည့် တစ်ခဏ အင်မတန် ကို ပျင်းရိ ဖွယ် ကောင်း သည့် နေ့ရက် များအား ခက်ခဲ စွာ ကျော်ဖြတ် ရပါတယ်။ အော် .. အမေရိကား တဲ့’’ ဆိုပြီးတော့ မတ်လ ၁၀ ရက်နေ့ မနက် ၃ နာရီ ၄၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သွားသွားလာလာလုပ်ရင်း ကားပေါ်က အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။

စိုးမြတ်သူဇာဟာ တစ်ယောက်တည်းသမားဆိုပေမယ့် တူတွေ၊ တူမတွေအပေါ် သားသမီးအရင်းတစ်ယောက်လို ချစ်ခင်တဲ့သူဖြစ်ပါတယ်။ သူ့မှာတော့ ညီမဖြစ်သူ စိုးမြတ်ကလျာရဲ့ သမီးလေး ခေတ်သခင်နဲ့ စိုးမြတ်နန္ဒာ ရဲ့ သားလေး မြတ်သောမောင် တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ စိုးမြတ်သူဇာဟာ အလုပ်တွေ မအားလပ်တဲ့ကြားက မိသားစုနဲ့ အတူခရီးထွက်ခဲ့တာကို တွေ့ရပါတယ်။

စိုးမြတ်သူဇာက အခုဆိုရင် အသက် ၄၇ နှစ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပါပြီ။ ဒီဆယ်စုနှစ်အတွင်းမှာလည်း အကယ်ဒမီဆုတွေ ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒီနေ့ဒီအချိန်ထိလည်း အနုပညာလောကမှာ အောင်မြင်မှုထိပ်ဆုံးရောက်ရှိနေတဲ့ မင်းသမီးတွေထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

စိုးမြတ်သူဇာက လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်သလို ညီအစ်မ ၄ ဦး အတူတူ ဖွင့်ထားတဲ့ ‘’မင်းသမီး’’ ပိုးထည်တိုက်ကိုလည်း အချိန်ရရင်ရသလို ဝင်ကူညီပေးနေတာကို တွေ့ရပါတယ်။ အခုလက်ရှိမှာတော့ ညီမဖြစ်သူ စိုးမြတ်နန္ဒာ အပါအဝင် တူလေး မြတ်သောမောင်၊ အဆိုတော် စိုးသူ တို့နဲ့ အတူ အမေရိကား ခရီးစဉ်ရောက်ရှိနေကြတာပါ။

Credit: Duwun

About the author

ilove

Leave a Comment