Shwe News
ကြီးမားလှတဲ့အမှိုက်ပုံကြီးကို လူ(၁၄) ယောက်နဲ့ (၂) နာရီခွဲကြာရှင်းလင်ပြီး Challenge လုပ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများ အဖွဲ့
  • Unicode version
ခုဆိုရင် အမှိုက်ပုံတွေကို တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ရှင်းလင်းပြီး . .အမှိုက်မရှင်းခင်ကပုံနဲ့ ရှင်းပြီးပုံတွေကို နှိုင်းယှဉ်ပြီး Facebook မှာတင်ကာ Challenge လုပ်တာတွေ တော်တော်များများတွေ့နေရပါတယ်. . .
တခြားနည်းလမ်းတွေနဲ့ Challenge လုပ်တာနဲ့စာရင် ခုလိုလုပ်တာက အများကြီး အကျိုးရှိပါတယ်. . .ခုတင်ပြပေးမှာကတော့ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေနဲ့ TU-Meikhtila မှ ကျောင်းသားကျောင်းသူတွေရဲ့ အမှိုက်ရှင်းတဲ့ Challenge လေးအကြောင်းဖြစ်ပါတယ်
သူတို့အဖွဲ့က ခုလို Post တင်ထားပါတယ်
“ကျနော်တို့တွေ ပုံမှာမြင်ရတဲ့ အမှိုက်ပုံကြီးကို ရှင်းခဲ့ပါတယ်။ ခက်လည်း ခက်ခဲခဲ့ပါတယ်။ လူ(၁၄)ယောက်အားနဲ့ (၂)နာရီခွဲကျော်နီးပါး အချိန်ကြာခဲ့ပါတယ်။
ဒါကြီး တကယ်ဖြစ်မြောက်သွားဖို့အတွက်ကူညီပေးခဲ့တဲ့ လူတွေကို အခု ကျေးဇူးတင်ချင်ပါတယ်။
MAEU ရဲ့ year အသီးသီးမှ ကျောင်းသားကျောင်းသူများ(အထူးအားဖြင့် ဂျုနီယာအတန်းများမှ ညီငယ်ညီမငယ်များ)TU-Meikhtila မှရော ကျောင်းပြင်ပ ကပါတကူးတက ပါဝင်ကူညီခဲ့တဲ့ သူငယ်ချင်းတွေရော
ဆက်လက်ပြီး ထုတ်ပိုးပြီးသော ဆာလာအိတ် (၁၆) အိတ်ခန့် ရှိတဲ့ အမှိုက်တွေကို အမှိုက်ပုံအထိ သယ်ပို့ဖို့ လိုအပ်တဲ့ အကူညီကိုနယ်မြေ ဌာနအထိ အကူညီ လိုက်တောင်းပေးပါတဲ့ ဆရာဆရာမများသမဂ္ဂမှ ဒုဥက္ကဌဆရာ နန်းဦးကိုရော စိတ်ရှည်ရှည်နဲ့ ကားအကြိုအပို့ကူညီခဲ့တဲ့ နယ်မြေဌာနမှ ကိုပိုင်သ တို့ကိုရော
အားလုံးအားလုံး ကိုယ်စား ကျနော်တို့ MAEU Language Club မှ အထူးကျေးဇူးတင်ရှိပါတယ်။
P.S အမှိုက် မီးရှို့တာနဲ့ ပတ်သက်ပြီးနားလည်မှု မလွဲရန် ကြိုရှင်းပြထားချင်ပါတယ်။ကျနော်တို့ သစ်ရွက်ခြောက် အမှိုက်များသာရှို့ခဲ့ပြီး ပုပ်ပွ အနံထွက်နေတဲ့ ခွေးသေအလောင်းတခုကိုပါ တပါတည်း မီးရှို့ပေးခဲ့ပါတယ်။
မိတ္ထီလာမြို့အပြင် တခြား မြို့နယ်တွေ အထိပါဒီ awareness လေးနဲ့ impact လေး ပြန့်သွားဖို့အတွက် ဒီ ပိုစ့်လေးကို Share ပေးခြင်းဖြင့်လည်း ကူညီနိုင်ပါတယ်။
အားလုံးကို ကျေးဇူးပါ။” ဆိုပြီး တင်ထားတာဖြစ်ပါတယ်
ဒီchallengeတွေကိုကျောင်းသားလူငယ်တွေလူငယ်တွေတိုင်းအသိကိုယ်စီနဲ့ စတင်ပြောင်းလဲပေးဖို့တက်တက်ကြွကြွလုပ်လာစေချင်တယ်အရမ်းကောင်းတဲ့လုပ်ရပ်တွေမို့နောင်အနာဂတ်အပြောင်းလဲတစ်ခုထိဖြစ်လာနိုင်ပါစေဆုတောင်းမိတယ် …လူငယ်တွေကဦးဆောင်ပြီးစည်းကမ်းတကျအမှိုက်ပစ်ဖို့နဲ့အမှိုက်သိမ်းဖို့ ပြောင်းလဲတစ်ခုဖြစ်လာနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်
Credit – maharmedianews
About the author
Crypoetess
Leave a Comment