Shwe News
ငါးပူတင်းချက်စားပြီး မိသားစုလိုက် အစာအဆိပ်သင့် (၂) ဦးသေဆုံး
11.3.2019 ၊လပွတ္တာမြို့ ။
ယနေ့ညနေပိုင်း
….. လပွတ္တာမြို့ ။
Credit – Heart Laputta
  • Unicode version
ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုလို့ပြောလို့ရပါတယ်.. များများ ရှယ်ပြီး မျှဝေပေးကြပါနော်။ တစ်ချို့သောသူများ သိပြီးဖြစ်သော်လည်း မသိသေးသူများအတွက် သတိထားနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဘုန်းကြီးကုန်းကျေးရွာမှာ မိသားစုလိုက် ငါးပူတင်းစာပြီး မိသားစု (၆) ယောက်လုံး အစာအဆိပ်သင့်မှုဖြစ်ကာ အော့အန်နေကြာင်းသိရပါတယ်..။
မိသားစု (၆)ယောက်စားသုံးပြီး ဝေဒနာခံစားရကာ ကလေး (၂)ယောက်ကတော့ သေဆုံးသွားပြီလို့သိရပါတယ်..။
ကျန်ရှိတဲ့ မိသားသားစုလေးယောက်ကိုတော့ နှလုံးသား ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့မှ လူနာတင်ယာဉ်ဖြင့် ၃ မိုင် ခုတင် ၂၀၀ ဆေးရုံသို့ အရေးပေါ်ပို့ဆောင် ကူညီပေးခဲ့ရကြောင်း သိရပါတယ်..။
မသိသေးသူများအတွက် အခုလို အဖြစ်ဆိုးမျိုးနဲ့ နောက်ထက်မကြုံရလေအောင် ဒီပို့လေးကိုလည်း ဝိုင်းဝန်းလို့ ရှယ်ယာလုပ်မျှဝေပေးကြပါလို့ ဆောင်းဆိုလိုက်ပါတယ်..။
လွန်ခဲ့သော ၂၀၁၆ ခုနှစ်တုန်းကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ချောင်းကလေးကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာတွင် အခုလို အဖြစ်မျိုး ဖြစ်ခဲ့ဖူးပါသေးတယ်..
အဲ့ဒီတုန်းကလည်း အသက် (၈) နှစ်အရွယ်မိန်းကလေး မအိထက် ဆိုသူ သေဆုံးခဲ့ရပြီး မိသားစုတွေ အားလုံး ဆေးရုံတင်ကုသရတဲ့ အထိခံစားခဲ့ကြရပါတယ်..။
ထိုသို့သော ဗဟုသုတ နည်းပါးသည့် ပြည်သူများအနေနှင့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော ငါးပူတင်းအား လုံးဝလုံးဝ မစားမိကြရန် ပညာပေး ရင်နှင့်ဖွယ်ဖြစ်ရပ်ဖြင့် တင်ပြလိုက်ပါသည်။
လက်ရှိခံစားနေရသော မိသားစုများလည်း အမြန်ကျန်းမာနေကောင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။ ApannPyay
လက်ရှိ ဖြစ်ပေါ်နေသော မူးရင်းပို့…..
ငါးပူတင်းစားပြီး မိသားစု (၆)ယောက်အစာအဆိပ်သင့်
11.3.2019 ၊လပွတ္တာမြို့ ။
ယနေ့ညနေပိုင်း
ဘုန်းကြီးကုန်းကျေးရွာတွင် ငါးပူတင်းစားရာမှ
မိသားစု (၆)ယောက်အစာအဆိပ်သင့်ပြီး
ကလေး (၂)ယောက်သေဆုံးမှုဖြစ်
ကျန်မိသားစု (၄)ယောက်အား နှလုံးသား အဖွဲ့ လူနာတင်ယာဉ်ဖြင့်
၃မိုင် ကုတင် ၂၀၀ဆေးရုံသို့အရေးပေါ် ပို့ဆောင်ပေးခဲ့ပါသည် ။
.နှလုံးသာ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့
….. လပွတ္တာမြို့ ။
Credit – Heart Laputta
About the author
Crypoetess
Leave a Comment