Shwe News

တနသၤာရီ ၀န္ႀကီးခ်ဳပ္ကိစၥ ႏိုင္ငံေတာ္သမၼတ အမိန္႔ထြက္ျပီ

သမၼတအမိန္႔ထြက္ၿပီ

တနသၤာရီတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ေဒၚလဲ့လဲ့ေမာ္ကိုယေန႔မွစ၍တာ၀န္မွရပ္စဲလိုက္ေၾကာင္းႏိုင္ငံေတာ္သမၼတရံုးကအမိန္႔ေၾကညာခ်က္ထုတ္ျပန္လိုက္သည္။Ko Kyaw Swar Min

တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာလဲလဲ့ေမာ္အား ေကာ့ေသာင္းရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္းထား ။တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာလဲလဲ့ေမာ္ကို မတ္လ ၁၀ ရက္ေန႔ ညေန ၃ နာရီခြဲ ခန္႔က ေကာ့ေသာင္းရဲစခန္းတြင္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ခိုင္မာတဲ့သတင္းအရင္းျမစ္မွ စံုစမ္းသိရပါတယ္။

တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္နွင့္အစိုးရအဖြဲ႕သည္ ဘုတ္ျပင္းၿမိဳ႕နယ္ျပည္ႀကီးမ႑ိဳင္ၿမိဳ႕တြင္ ေဒသခံမ်ားနွင့္ ေတြ႕ဆံုပြဲ ျပဳလုပ္ၿပီးခ်ိန္မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းလိုက္တာပါ။

“”ျပည္ႀကီးမ႑ိဳင္ၿမိဳ႕က ေဒသခံေတြနဲ႔ေတြ႕ဆံုပြဲအၿပီးမွာ ထိန္းသိမ္းလိုက္တယ္။ သူတစ္ေယာက္တည္းကို ကားနဲ႔ေကာ့ေသာင္းကိုေခၚသြားတယ္။ ကရသူရိၿမိဳ႕က ေတြ႕ဆံုပြဲမွာေတာ့ဝန္ႀကီးခ်ဳပ္မပါေတာ့ဘူး အစိုးရအဖြဲ႕ဝန္ႀကီးေတြနဲ႔ပဲ ေတြ႕ဆံုပြဲလုပ္ခဲ့တယ္။ အခု ဝန္ႀကီးခ်ဳပ္ကို ၿမိဳ႕နယ္ရဲမွဴးအခန္းထဲမွာထိန္းသိမ္းထားတယ္”” လို႔ ေကာ့ေသာင္းၿမိဳ႕နယ္ ေဒသခံတစ္ဦးက ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ေဒါက္တာလဲ့လဲ့ေမာ္နွင့္ တာဝန္ရွိသူမ်ား အကတိလိုက္စားမႈရွိသည္ဟု ဆိုကာ စံုစမ္းစစ္ေဆးေပးရန္ ထားဝယ္ နွင့္ ၿမိတ္ တို႔မွ ေဒသခံ ၁၀၀ ေက်ာ္က နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုႀကည္၊ နိုင္ငံေတာ္ သမၼတ ႏွင့္ NLD ဗဟိုတိုင္ၾကားစာဌာနသို႔ တိုင္ၾကားစာမ်ားေပးပို႔တာေၾကာင့္

တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄ ဦးကလည္း ေဒသခံမ်ားရဲ႕တိုင္ၾကားခ်က္ကို အေထာက္အထားမ်ား ေပးပို႔တင္ျပတာေၾကာင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္မွ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ျပစ္မႈထင္ရွားတာေၾကာင့္ ဖမ္းဆီးထ္ိန္းသိမ္းလိုက္ေၾကာင္းသိရပါတယ္။ျမတ္ထြဋ္ (ၿမိတ္)

  • Unicode version

သမ္မတအမိန့်ထွက်ပြီ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်ကိုယနေ့မှစ၍တာဝန်မှရပ်စဲလိုက်ကြောင်းနိုင်ငံတော်သမ္မတရုံးကအမိန့်ကြေညာချက်ထုတ်ပြန်လိုက်သည်။Ko Kyaw Swar Min

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲလဲ့မော်အား ကော့သောင်းရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထား ။တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲလဲ့မော်ကို မတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲ ခန့်က ကော့သောင်းရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ခိုင်မာတဲ့သတင်းအရင်းမြစ်မှ စုံစမ်းသိရပါတယ်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသခံများနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီးချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ။

“”ပြည်ကြီးမဏ္ဍိုင်မြို့က ဒေသခံတွေနဲ့တွေ့ဆုံပွဲအပြီးမှာ ထိန်းသိမ်းလိုက်တယ်။ သူတစ်ယောက်တည်းကို ကားနဲ့ကော့သောင်းကိုခေါ်သွားတယ်။ ကရသူရိမြို့က တွေ့ဆုံပွဲမှာတော့ဝန်ကြီးချုပ်မပါတော့ဘူး အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ပဲ တွေ့ဆုံပွဲလုပ်ခဲ့တယ်။ အခု ဝန်ကြီးချုပ်ကို မြို့နယ်ရဲမှူးအခန်းထဲမှာထိန်းသိမ်းထားတယ်”” လို့ ကော့သောင်းမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် တာဝန်ရှိသူများ အကတိလိုက်စားမှုရှိသည်ဟု ဆိုကာ စုံစမ်းစစ်ဆေးပေးရန် ထားဝယ် နှင့် မြိတ် တို့မှ ဒေသခံ ၁၀၀ ကျော်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ နှင့် NLD ဗဟိုတိုင်ကြားစာဌာနသို့ တိုင်ကြားစာများပေးပို့တာကြောင့်

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးကလည်း ဒေသခံများရဲ့တိုင်ကြားချက်ကို အထောက်အထားများ ပေးပို့တင်ပြတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးမှုများပြုလုပ်ပြီး ပြစ်မှုထင်ရှားတာကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရပါတယ်။မြတ်ထွဋ် (မြိတ်)

About the author

Crypoetess

Leave a Comment