Shwe News

မိသားစုလိုက္ ငါးပူတင္ငါးခ်က္စားရာက ကေလးႏွစ္ဦးေသ ေလးဦးေဆး႐ုံတင္ထား

မိသားစုလိုက္ ငါးပူတင္ငါးခ်က္စားရာက ကေလးႏွစ္ဦးေသေလးဦးေဆး႐ုံတင္ထား
**********************************************************
ဧရာ၀တီတိုင္းေဒသႀကီး လပြတၱာၿမိဳ႕နယ္မွာ မိသားစုလိုက္ ငါးပူတင္ငါးခ်က္စားမိတာေၾကာင့္ ကေလးႏွစ္ဦးေသဆံုးၿပီးေလးဦးေဆး႐ုံတင္ထားရတယ္လို႔ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ုံးက သိရပါတယ္။ မတ္လ(၁၁)ရက္က လပြတၱာၿမိဳ႕နယ္ ဘုန္းႀကီးကုန္းေက်းရြာေန ေစာဂ်င္းဘတ္တို႔မိသားစုဟာ လယ္ကြင္းထဲ ပိုက္ေထာင္ ရာက မိလာတဲ့ အစိမ္းေရာင္ ငါးပူတင္းငါး (၈)ေကာင္ကို ခ်က္စားရာ ကေန ျဖစ္ပြားခဲ့တာပါ။

ဒီျဖစ္စဥ္ေၾကာင့္ အသက္(၅)ႏွစ္နဲ႔ (၁၂)ႏွစ္ အရြယ္ ကေလးႏွစ္ဦးေသဆံုးခဲ့တယ္လို႔ ဘုန္းႀကီးကုန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး႐ုံးက အတည္ျပဳပါတယ္။ က်န္တဲ့မိသားစု၀င္ေလးဦးကေတာ့ လပြတၱာၿမိဳ႕ (၃)မိုင္ေဆး႐ုံကို ပို႔ေဆာင္ထားၿပီး စိုးရိမ္စရာမရွိေတာ့ဘူးလို႔ ဆိုပါတယ္။

အခုျဖစ္စဥ္ဟာ လပြတၱာၿမိဳ႕နယ္မွာ ပထမဆံုးအႀကိမ္ျဖစ္ပြားတာ လို႔လည္း ေျပာပါတယ္။ ဒီေသဆံုးမႈနဲ႔ပတ္သက္ၿပီးကန္ဘက္နယ္ေျမ ရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ (၂/၂၀၁၉)နဲ႔ အမႈဖြင့္ေဆာင္ရြက္ေနပါတယ္။ ငါးပူတင္းငါးစားၿပီး (၂၀၁၅)ခုႏွစ္က တနသၤာရီတိုင္း
ေဒသႀကီး ေရျဖဴၿမိဳ႕မွာ လူႏွစ္ဦး၊ (၂၀၁၆)ခုႏွစ္က ေလာင္းလံုၿမိဳ႕နယ္ သေဘၤာဆိပ္ေက်းရြာမွာ လူႏွစ္ဦး၊ (၂၀၁၇)ခုႏွစ္က ရခိုင္ျပည္နယ္ ဂြၿမိဳ႕နယ္ ေရႊခ်ိဳင္ေက်းရြာမွာ လူသံုးဦး ေသဆံုးခဲ့ဖူးပါတယ္။

သတင္း – ကိုလတ္(ပုသိမ္)
Credit: 5 Plus News

Unicode

မိသားစုလိုက် ငါးပူတင်ငါးချက်စားရာက ကလေးနှစ်ဦးသေလေးဦးဆေးရုံတင်ထား
**********************************************************
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ မိသားစုလိုက် ငါးပူတင်ငါးချက်စားမိတာကြောင့် ကလေးနှစ်ဦးသေဆုံးပြီးလေးဦးဆေးရုံတင်ထားရတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ မတ်လ(၁၁)ရက်က လပွတ္တာမြို့နယ် ဘုန်းကြီးကုန်းကျေးရွာနေ စောဂျင်းဘတ်တို့မိသားစုဟာ လယ်ကွင်းထဲ ပိုက်ထောင် ရာက မိလာတဲ့ အစိမ်းရောင် ငါးပူတင်းငါး (၈)ကောင်ကို ချက်စားရာ ကနေ ဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်စဉ်ကြောင့် အသက်(၅)နှစ်နဲ့ (၁၂)နှစ် အရွယ် ကလေးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဘုန်းကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးက အတည်ပြုပါတယ်။ ကျန်တဲ့မိသားစုဝင်လေးဦးကတော့ လပွတ္တာမြို့ (၃)မိုင်ဆေးရုံကို ပို့ဆောင်ထားပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။

အခုဖြစ်စဉ်ဟာ လပွတ္တာမြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်ပွားတာ လို့လည်း ပြောပါတယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီးကန်ဘက်နယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၉)နဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်။ ငါးပူတင်းငါးစားပြီး (၂၀၁၅)ခုနှစ်က တနင်္သာရီတိုင်း
ဒေသကြီး ရေဖြူမြို့မှာ လူနှစ်ဦး၊ (၂၀၁၆)ခုနှစ်က လောင်းလုံမြို့နယ် သင်္ဘောဆိပ်ကျေးရွာမှာ လူနှစ်ဦး၊ (၂၀၁၇)ခုနှစ်က ရခိုင်ပြည်နယ် ဂွမြို့နယ် ရွှေချိုင်ကျေးရွာမှာ လူသုံးဦး သေဆုံးခဲ့ဖူးပါတယ်။

သတင်း – ကိုလတ်(ပုသိမ်)
Credit: 5 Plus News

About the author

ilove

Leave a Comment