Shwe News

ေ႐ႊမႈန္ရတီကို …ခ်စ္မိသြားတဲ့ ေ႐ႊထူးရဲ႕ အမွတ္တရမ်ား

ေ႐ႊမႈန္ ရတီကို ခ်စ္မိသြားတဲ့အေၾကာင္းေတြကို ေ႐ႊထူးက အခုလို ေျပာျပထားပါတယ္။ ေ႐ႊမႈန္ရတီကလည္း ခင္ပြန္းျဖစ္တဲ့ ေ႐ႊထူးကို အရမ္းခ်စ္တဲ့အိမ္ေထာင္ရွင္မေလးပါ။

ေ႐ႊထူး က ဇနီးေခ်ာေလး ေ႐ႊမႈံရတီကို ခ်စ္မိသြားတဲ့ အမွတ္တရေတြ ေျပာျပလာပါတယ္။ သူတို႔ရဲ႕ အိမ္ေထာင္သက္တမ္းဟာ ၄ လေက်ာ္ခဲ့ၿပီးျဖစ္ပါတယ္။

‘’ခ်စ္မိ သြားတယ္။ အျပစ္ဆိုလည္း ခြင့္လႊတ္ပါ’’ ဆိုၿပီးေတာ့ မတ္လ ၁၄ ရက္ေန႕ ေန႕လယ္ ၁ နာရီ ၁၀ မိနစ္က သူ႕ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ ခ်စ္ဇနီးေလးနဲ႕ ခ်စ္သူသက္တမ္းအမွတ္တရ ဓာတ္ပုံေလးေတြကိုလည္း တင္ခဲ့ပါေသးတယ္။ ေ႐ႊထူး နဲ႕ ႐ႊႊေမႈံကို ခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ အားမက်မဆုံးေအာင္ ျဖစ္ေနၾကတာကို Comment ကေနတဆင့္ ေတြ႕နိုင္ပါတယ္။

ေ႐ႊထူးနဲ႕ ေ႐ႊမႈံရတီတို႔ ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္သက္တမ္းကေတာ့ ၄ လရွိၿပီးျဖစ္ပါတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ ပိုၿပီး ခ်စ္လာၾကတာကိုလည္းေတြ႕ျမင္ရမွာပါ။ ဒီလို အိမ္ေထာင္ေရးဘဝကို ပိုင္ဆိုင္ထားတဲ့အတြက္ ေက်နပ္တယ္လို႔ ေ႐ႊမႈံရတီက ဆိုပါတယ္။

‘’ခ်စ္တယ္ ေယာက်ာ္းရယ္။ ဘာလိုလိုနဲ႕ မဂၤလာသက္တမ္း ၄ လ ရွိၿပီေနာ္။ ၄ ႏွစ္ လိုပါပဲ နားလည္မႈေတြ ပိုရွိလာတာ၊ ခ်စ္လာတာေတြက နစ္ေယာက္တစ္ဘဝကိုေပ်ာ္႐ႊင္ေက်နပ္မိပါတယ္။ ဒီဘဝက ဘုရားေပးတဲ့ဆုတစ္ခုလိုပါပဲ’’ လို႔ မတ္လ ၁၁ ရက္ေန႕ ည ၁၀ နာရီေက်ာ္က သူ႕ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ေ႐ႊထူး(Htoo Khant)နဲ႕ ေ႐ႊမႈန္ရတီ(Shwe Mhone Yati)တို႔ ဟာ ေအာက္တိုဘာ(၃၀) ရက္ေန႕ေနျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ၿပီး နိုဝင္ဘာ(၉) ရက္ေန႕မွာ ေမွာ္ဘီၿမိဳ႕နယ္မွာ ရွိတဲ့ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ မဂၤလာဦးဆြမ္းေကြၽး အလႉျပဳလုပ္ခဲ့ပါတယ္။ အဲဒီေနာက္ မဂၤလာညစာစားပြဲကိုေတာ့ နိုဝင္ဘာလ ၁၁ ရက္ေန႕က ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အင္းယားလိတ္ဟိုတယ္ မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေ႐ႊထူးဟာ ဂီတအပိုင္းမွာေတာ့ ပရိသတ္အခိုင္အမာ ရရွိပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ ေ႐ႊမႈံရတီကလည္း သ႐ုပ္ေဆာင္ဘက္မွာ ပရိသတ္အခိုင္အမာရရွိထားသူျဖစ္ပါတယ္။သူတို႔ႏွစ္ေယာက္စလုံးဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ကေနစၿပီး အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနပါၿပီ။ ေ႐ႊထူးကလည္း လက္ရွိမွာ တတိယေျမာက္ တစ္ကိုယ္ေတာ္အေခြ အတြက္ ျပင္ဆင္ေနတာျဖစ္သလို ေ႐ႊမႈန္ရတီကလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ရိုက္ကူးေနရသူပါ။

Credit-Cele Yatkwat

Unicode

ရွှေမှုန် ရတီကို ချစ်မိသွားတဲ့အကြောင်းတွေကို ရွှေထူးက အခုလို ပြောပြထားပါတယ်။ ရွှေမှုန်ရတီကလည်း ခင်ပွန်းဖြစ်တဲ့ ရွှေထူးကို အရမ်းချစ်တဲ့အိမ်ထောင်ရှင်မလေးပါ။

ရွှေထူး က ဇနီးချောလေး ရွှေမှုံရတီကို ချစ်မိသွားတဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ၄ လကျော်ခဲ့ပြီးဖြစ်ပါတယ်။

‘’ချစ်မိ သွားတယ်။ အပြစ်ဆိုလည်း ခွင့်လွှတ်ပါ’’ ဆိုပြီးတော့ မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ချစ်ဇနီးလေးနဲ့ ချစ်သူသက်တမ်းအမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့ပါသေးတယ်။ ရွှေထူး နဲ့ ရွှွှမှေုံကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ အားမကျမဆုံးအောင် ဖြစ်နေကြတာကို Comment ကနေတဆင့် တွေ့နိုင်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၄ လရှိပြီးဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ချစ်လာကြတာကိုလည်းတွေ့မြင်ရမှာပါ။ ဒီလို အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ထားတဲ့အတွက် ကျေနပ်တယ်လို့ ရွှေမှုံရတီက ဆိုပါတယ်။

‘’ချစ်တယ် ယောကျာ်းရယ်။ ဘာလိုလိုနဲ့ မင်္ဂလာသက်တမ်း ၄ လ ရှိပြီနော်။ ၄ နှစ် လိုပါပဲ နားလည်မှုတွေ ပိုရှိလာတာ၊ ချစ်လာတာတွေက နစ်ယောက်တစ်ဘဝကိုပျော်ရွှင်ကျေနပ်မိပါတယ်။ ဒီဘဝက ဘုရားပေးတဲ့ဆုတစ်ခုလိုပါပဲ’’ လို့ မတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပါပြီ။ ရွှေထူးကလည်း လက်ရှိမှာ တတိယမြောက် တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်နေတာဖြစ်သလို ရွှေမှုန်ရတီကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူပါ။

Credit-Cele Yatkwat

About the author

ilove

Leave a Comment