Shwe News

“မင်းသွေး” လို ဖြစ်ခဲ့ပေမယ့် ပြန်လည် ကောင်းမွန် လာခဲ့တဲ့ X Factor winner ဆုရှင်




Credit – ပြောချင်လွန်းလို့

  • Unicode version

ပြီး ခဲ့တဲ့ မတ်လ ၉ ရက်နေ့ ကတော့ The X Factor Myanmar 2017 မှာ Winner ရရှိခဲ့တဲ့ အဆိုတော် David Derrick ကတော့ သူ့အနေနဲ့ ဘောလုံးကန်နေရင် အနားယူနေရင်း အအေးသောက်မိရာမှ ရုတ်တရတ်အမော ဆို့သလို ဖြစ်ခဲ့ပြီး စိုးရိမ်စရာ အခြေအနေ ဖြစ်ခဲ့တာကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒေးဗစ်ရဲ့ အခြေနေဟာရုတ်တရတ် စိုးရိမ်ရတဲ့ အခြေနေနဲ့ ကြုံခဲ့ရတာကြောင့် သူ့ရဲ့ပရိသတ်တွေရော မိသားစုဝင်တွေပါ အရမ်းကို တုန်လှုပ်သွားခဲ့တာ ဖြစ်ပါတယ်။

သူ ဟာဒီလိုမျိုး စိုးရိမ်စရာအခြေနေစဖြစ်တဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်ရဲ့ ညာဖက်တခြမ်းလုံး လှုပ်လို့မရဖြစ်ခဲ့ပြီး ဦးနှောက်သွေးကြောလည်းပေါက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ David Derrick ကိုရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနမှာ ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒေးဗစ်ရဲ့ ဆေးကုသမှုက အောင်မြင်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။လက်ရှိမှာတော့ ဒေးဗစ်တယောက် ဆန်ပြုတ်တောင် ပြန်သောက်နိုင်နေပြီဖြစ်ပါတယ်။ David Derrick တစ်ယောက်ကို စိတ်ပူနေတဲ့ ပရိသတ်တွေအတွက် ပုံလေးအတူ စာသားလေးတစ်ချို့ကို

အမ ဖြစ်သူက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ David Derrick အမဖြစ်သူကတော့ “ ကျေးဇူးတော်ကြောင့် DD လေး ဆန်ပြုတ်လေးထိုင်စားနိုင်ပါပြီ။ ဆုတောင်းပေးတဲအခါ အာမင်လို့လည်းပြောလာနိုင်ပါပြီ။ ဆုတောင်းပေးကြတဲ့သူ အယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ဆုတောင်းပေးပါဦးနော်” ဆိုတဲ့စာသားလေးနဲ့အတူ David Derrick ရဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။အလားတူဖြစ်ရပ်မျိုးကိုတော့ သရုပ်ဆောင် မင်းသွေးတယောက်လည်း ဖြစ်ခဲ့ပြီး မင်းသွေးကတော့ စိတ်မကောင်းစွာနဲ့ပဲ အချိန်မမှီခဲ့ပါဘူး။ David Derrick ကတော့ သူ့အနေနဲ့ ပြန်လည်နလန်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Credit – ပြောချင်လွန်းလိ့ု

About the author

Crypoetess

Leave a Comment