Shwe News

ထုိင္းတြင္ ျမန္မာအိမ္ေဖာ္ကုိ ထုိင္းအရာရွိမ်ား ခ်ီးက်ဴးဂုဏ္ျပဳ

ဘန္ေကာက္ ၊ ဇူလုိင္ (၂၂)

ထုိင္းႏိုင္ငံ Koh Samui သုိ႔ လာေရာက္လည္ပတ္ေသာ ဒခ်္လူမ်ဳိး ကမၻာ့လွည့္ခရီးသည္တစ္ဦး ေမ့က်န္ခဲ႔ေသာ ပမာဏမ်ားေသာ ေငြသားမ်ားပါသည့္ အထုတ္တထုတ္ကုိ ျမန္မာအိမ္အကူတစ္ဦးက ျပန္လည္ေတြ႔ရွိခဲ႔သည္။

အိမ္အကူမိန္းကေလးက အဂၤါေန႔တြင္ သန္႔ရွင္းေရးလုပ္ေနစဥ္ ခ်ာဝန္ကမ္းေျခ အာ့က္ဘာကမ္းေျခဟုိတယ္ ေလွကားထစ္ေပၚတြင္ ၾသစေတးလ် ေဒၚလာ ၁၁၀၀၀ ထုိင္းဘတ္ (၂၈၀၀၀၀)ထည့္ထားေသာ ပလပ္စတစ္အထုတ္ တစ္ခုကုိ ေတြ႔ရွိခဲ႔သည္။

သူမက အဆုိပါေငြမ်ားကုိ ဟုိတယ္ဧည့္ႀကိဳ႒ာနသုိ႔ ျပန္ေပးခဲ႔ရာ ထုိမွတဆင့္ ပုိင္ရွင္ျဖစ္သူကုိ ဆက္သြယ္ခဲ႔သည္။

Bor Phut ရဲစခန္းမွ ဟုိတယ္ လုံျခံဳေရးကင္မရာမွတ္တမ္းဗီဒီယုိဖုိင္မ်ားကုိ ျပန္လည္ၾကည့္ရႈစစ္ေဆးခဲ႔ရာ အသက္ ၃၁ ႏွစ္အရြယ္ နယ္သာလန္နုိင္ငံသား ကမၻာလွည့္ခရီးသည္ အလက္ဇန္းဒါးဂ်ဳိးဇက္ ဟုိတယ္ေလွကားထစ္ေပၚတြင္ ေဆးလိပ္ေသာက္ျပီးေနာက္ တည္းခုိေနရာအခန္းသုိ႔ မျပန္မွီ ေငြထုတ္ကုိ ျပန္မယူပဲ ေမ႔သြားခဲ႔သည္ကုိ ေတြ႔ရသည္။

ဟုိတယ္အေထြေထြမန္ေနဂ်ာ သာနာပြန္က အဆုိပါဧည့္သည္ကုိ အေၾကာင္းၾကားခဲ႔ျပီး ေငြထုတ္ကုိစစ္ေဆးၾကည့္ရာ ေငြအားလုံး မူလထည့္ထားသည့္အတုိင္း ရွ္ိေနသည္ဟု အတည္ျပဳခဲ႔သည္။ အလက္ဇန္းဒါးက အိမ္ေဖာ္မိန္းကေလး၏ စိတ္ထားတည္ၾကည္ေျဖာင့္မတ္မႈကုိ ေလးစားေၾကာင္း ျပသသည့္အေနျဖင့္ မုန္႔ဖုိး ေဒၚလာ ၁၀၀ ေပးခဲ႔သည္။

ထုိင္းဘတ္ေငြ ၂၈၀၀၀၀ ခန္႔ တန္ဖုိးရွိ ေဒၚလာမ်ားထည့္ထားေသာ အထုတ္ကုိ ျပန္ေပးခဲ႔သည့္ ျမန္မာအိမ္ေဖာ္ ဆုလတ္ေမာ္၏ စိတ္ထားျဖဴစင္မႈကုိ ဂုဏ္ျပဳေသာအားျဖင့္ ဆူရတ္တာနီအုပ္ခ်ဳပ္ေရးမႈး ဝစ္ခ်ာဝတ္က အာ့က္ဘာကမ္းေျခဟုိတယ္ ဧည့္ခန္းေဆာင္တြင္ ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ခဲ႔သည္။

ျမန္မာလူမ်ဳိ း အိမ္ေဖာ္မိန္းကေလး ဆုလတ္ေမာ္က အပန္းေျဖက်ြန္း၏ ပုံရိပ္ကုိ ျမွင့္တင္ရာတြင္ အေထာက္အကူျပဳခဲ႔သည္ဟု ထုိင္းနုိင္ငံ ဆူရတ္တာနီအုပ္ခ်ဳပ္ေရးမႈး ဝစ္ခ်ာဝတ္က တနဂၤေႏြေန႔တြင္ ေျပာၾကားသည္။

By – KSM / MUNA
Ref : The Bangkok Post

  • Unicode

ဘန်ကောက် ၊ ဇူလိုင် (၂၂)

ထိုင်းနိုင်ငံ Koh Samui သို့ လာရောက်လည်ပတ်သော ဒချ်လူမျိုး ကမ္ဘာ့လှည့်ခရီးသည်တစ်ဦး မေ့ကျန်ခဲ့သော ပမာဏများသော ငွေသားများပါသည့် အထုတ်တထုတ်ကို မြန်မာအိမ်အကူတစ်ဦးက ပြန်လည်တွေ့ရှိခဲ့သည်။

အိမ်အကူမိန်းကလေးက အင်္ဂါနေ့တွင် သန့်ရှင်းရေးလုပ်နေစဉ် ချာဝန်ကမ်းခြေ အာ့က်ဘာကမ်းခြေဟိုတယ် လှေကားထစ်ပေါ်တွင် သြစတေးလျ ဒေါ်လာ ၁၁၀၀၀ ထိုင်းဘတ် (၂၈၀၀၀၀)ထည့်ထားသော ပလပ်စတစ်အထုတ် တစ်ခုကို တွေ့ရှိခဲ့သည်။

သူမက အဆိုပါငွေများကို ဟိုတယ်ဧည့်ကြိုဋ္ဌာနသို့ ပြန်ပေးခဲ့ရာ ထိုမှတဆင့် ပိုင်ရှင်ဖြစ်သူကို ဆက်သွယ်ခဲ့သည်။

Bor Phut ရဲစခန်းမှ ဟိုတယ် လုံခြုံရေးကင်မရာမှတ်တမ်းဗီဒီယိုဖိုင်များကို ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ အသက် ၃၁ နှစ်အရွယ် နယ်သာလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် အလက်ဇန်းဒါးဂျိုးဇက် ဟိုတယ်လှေကားထစ်ပေါ်တွင် ဆေးလိပ်သောက်ပြီးနောက် တည်းခိုနေရာအခန်းသို့ မပြန်မှီ ငွေထုတ်ကို ပြန်မယူပဲ မေ့သွားခဲ့သည်ကို တွေ့ရသည်။

ဟိုတယ်အထွေထွေမန်နေဂျာ သာနာပွန်က အဆိုပါဧည့်သည်ကို အကြောင်းကြားခဲ့ပြီး ငွေထုတ်ကိုစစ်ဆေးကြည့်ရာ ငွေအားလုံး မူလထည့်ထားသည့်အတိုင်း ရှိနေသည်ဟု အတည်ပြုခဲ့သည်။ အလက်ဇန်းဒါးက အိမ်ဖော်မိန်းကလေး၏ စိတ်ထားတည်ကြည်ဖြောင့်မတ်မှုကို လေးစားကြောင်း ပြသသည့်အနေဖြင့် မုန့်ဖိုး ဒေါ်လာ ၁၀၀ ပေးခဲ့သည်။

ထိုင်းဘတ်ငွေ ၂၈၀၀၀၀ ခန့် တန်ဖိုးရှိ ဒေါ်လာများထည့်ထားသော အထုတ်ကို ပြန်ပေးခဲ့သည့် မြန်မာအိမ်ဖော် ဆုလတ်မော်၏ စိတ်ထားဖြူစင်မှုကို ဂုဏ်ပြုသောအားဖြင့် ဆူရတ်တာနီအုပ်ချုပ်ရေးမှုး ဝစ်ချာဝတ်က အာ့က်ဘာကမ်းခြေဟိုတယ် ဧည့်ခန်းဆောင်တွင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

မြန်မာလူမျို း အိမ်ဖော်မိန်းကလေး ဆုလတ်မော်က အပန်းဖြေကျွန်း၏ ပုံရိပ်ကို မြှင့်တင်ရာတွင် အထောက်အကူပြုခဲ့သည်ဟု ထိုင်းနိုင်ငံ ဆူရတ်တာနီအုပ်ချုပ်ရေးမှုး ဝစ်ချာဝတ်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။

By – KSM / MUNA
Ref : The Bangkok Post

About the author

Wai Phyo Oo

Leave a Comment