Shwe News

“အာဆီယံ ေဘာလံုးအဖြဲ႕ခ်ဳပ္ ဒုဥကၠဌအျဖစ္ ဦးေဇာ္ေဇာ္ ေရြးခ်ယ္ခံရ”

လက္ ရွိ ျမန္မာႏိုင္ငံ ေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠဌျဖစ္သည့္ ဦးေဇာ္ေဇာ္ ကို အာဆီယံ ေဘာလံုးအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠဌအျဖစ္ ေရြးခ်ယ္တာဝန္ေပးခံရေၾကာင္း သတင္းရရွိသည္။

ယ ခုေရြးခ်ယ္တာဝန္ေပးခံရျခင္းသည္ ဒုတိယအႀကိမ္ေျမာက္အျဖစ္ တာဝန္ေပးအပ္ျခင္းျဖစ္ၿပီး အာဆီယံ ေဘာလံုးအဖဲြ႔ခ်ဳပ္ ဒုတိယ ဥကၠ႒အျဖစ္ ဦးေဇာ္ေဇာ္ကို ယခုႏွစ္ ၂၀၁၉ မွ ၂၀၂၃ အထိ ေရြးခ်ယ္ တာ၀န္ေပးအပ္လိုက္ျခင္းျဖစ္သည္။

” ကေမၻာဒီးယားႏိုင္ငံ ဆီယမ္ရိၿမိဳ႕တြင္ ယေန႔က်င္းပခဲ့သည့္ အာဆီယံ ေဘာလံုးအဖဲြ႔ခ်ဳပ္ ကြန္ဂရက္စ္တြင္ အဆုိျပဳေရြးခ်ယ္မႈ အရ ျမန္မာႏိုင္ငံ ေဘာလံုးအဖဲြ႔ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္သည္ ဒုတိယ အၾကိမ္ေျမာက္အျဖစ္ အာဆီယံ ေဘာလံုးအဖဲြ႔ခ်ဳပ္ ဒုတိယ ဥကၠ႒ တာ၀န္ကို ဆက္လက္ထမ္းေဆာင္ သြားမည္ျဖစ္သည္” ဟု ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္မွ သတင္းထုတ္ျပန္ထားသည္။

ၾသ စေၾတးလ်ႏွင့္ အာဆီယံေဒသတြင္း ႏိုင္ငံမ်ားအားလံုး ပါ၀င္သည့္ အာဆီယံ ေဘာလံုး အဖဲြ႔ခ်ဳပ္တြင္ ဥကၠ႒အသစ္အျဖစ္ ကေမၻာဒီးယားႏိုင္ငံမွ Major General Khiev Sameth က ေရြးခ်ယ္ တင္ေျမွာက္ခံခဲ့ရျခင္ျဖစ္သည္။
ျမန္မာမွ MFF (Myanmar Football Federation) ဥကၠ႒ ဦးေဇာ္ေဇာ္သည္ မေလးရွားမွ ဘင္ဟာဂ်ီမိုဒ္ အမင္၊ တီေမာမွ ဖရန္စၥကို ခါလ္ဘူအာဒီေလ တို႔ႏွင့္အတူ ဒုတိယ ဥကၠ႒ တာ၀န္မ်ား ထမ္းေဆာင္သြားၾကမည္ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ အာဆီယံ ေဘာလံုးအဖဲြ႔ခ်ဳပ္ ေကာင္စီအစည္းအေ၀းသို႔ MFF ဥကၠ႒ႏွင့္အတူ စီအီးအုိ ဦးဘုန္းႏိုင္ေဇာ္၊ အေထြေထြ အတြင္းေရးမွဴး ဦးကိုကုိသိန္းတို႔လည္း တက္ေရာက္ခဲ့ၾကေၾကာင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

MUNAPhoto – MFF

  • Unicode version

လက် ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်သည့် ဦးဇော်ဇော် ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တာဝန်ပေးခံရကြောင်း သတင်းရရှိသည်။

ယ ခုရွေးချယ်တာဝန်ပေးခံရခြင်းသည် ဒုတိယအကြိမ်မြောက်အဖြစ် တာဝန်ပေးအပ်ခြင်းဖြစ်ပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ကို ယခုနှစ် ၂၀၁၉ မှ ၂၀၂၃ အထိ ရွေးချယ် တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်။

” ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ယနေ့ကျင်းပခဲ့သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်တွင် အဆိုပြုရွေးချယ်မှု အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဒုတိယ အကြိမ်မြောက်အဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်သည်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

သြ စတြေးလျနှင့် အာဆီယံဒေသတွင်း နိုင်ငံများအားလုံး ပါဝင်သည့် အာဆီယံ ဘောလုံး အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေးချယ် တင်မြှောက်ခံခဲ့ရခြင်ဖြစ်သည်။
မြန်မာမှ MFF (Myanmar Football Federation) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မလေးရှားမှ ဘင်ဟာဂျီမိုဒ် အမင်၊ တီမောမှ ဖရန်စ္စကို ခါလ်ဘူအာဒီလေ တို့နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်သွားကြမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအစည်းအဝေးသို့ MFF ဥက္ကဋ္ဌနှင့်အတူ စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့လည်း တက်ရောက်ခဲ့ကြကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

MUNAPhoto – MFF

About the author

Crypoetess

Leave a Comment