Shwe News

People Choice Awards ဆုကေန ႏႈတ္ထြက္ လိုက္တဲ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္

People Choice Award အတြက္ ေျပတီဦးနဲ႔ အိၿႏၵာေက်ာ္ဇင္တုိ႔ ဇနီးေမာင္ႏွံကလည္း ပါဝင္ေတာ့မွာ မဟုတ္ဘူးလုိ႔ ဆုိပါတယ္။ Star Awards ဆုေရြးခ်ယ္မႈကုိေတာ့ ျမန္မာႏုိင္ငံ သတင္းစာ ဆရာႀကီးမ်ားအသင္းက ႀကီးမွဴးက်င္းပတာျဖစ္ပါတယ္။

Star Awards ရဲ႕ People Choice Award ဆုအတြက္ အကယ္ဒမီ ေျပတီဦးနဲ႔ အကယ္ဒမီ အိၿႏၵာေက်ာ္ဇင္ တုိ႔ကလည္း ပါဝင္ျခင္းမရွိေတာ့ဘူးလုိ႔ ေျပတီဦးကုိယ္တုိင္က ပရိသတ္ကုိ တရားဝင္ေၾကညာလုိက္ၿပီျဖစ္ပါတယ္။

‘’ကၽြန္ေတာ္ ႏွင့္ အူဝဲ STAR AWARD , people’s choice မွာ ပါဝင္ျခင္းမရွိေတာ့ပါခင္ဗ်ာ။ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကို ခ်စ္ခင္အားေပးၾကေသာ ပရိသတ္မ်ား ဆက္လက္ၿပီး vote မလုပ္ၾကပါရန္ ေမတၱာရပ္ခံအပ္ပါတယ္ခင္ဗ်ာ’’ ဆုိၿပီးေတာ့ မတ္လ ၁၈ ရက္ေန႔ မနက္ ၇ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ သူတုိ႔ဇနီးေမာင္ႏွံကုိ ခ်စ္ၾကတဲ့ ပရိသတ္ေတြကလည္း စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။

ေျပတီ ဦးဟာ People Choice Awards အတြက္ ေရြးခ်ယ္ရမယ့္ နံပါတ္ ၂ အေနနဲ႔ ပါဝင္ထားတာျဖစ္ပါတယ္။ အိၿႏၵာေက်ာ္ဇင္ကလည္း အဆုိပါ ဆု အတြက္ နံပါတ္ ၁၁ ေနရာကပါဝင္ခဲ့တာပါ။ သူတုိ႔ ဇနီးေမာင္ႏွံကုိ ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္မ်ားစြာတို႔ကလည္း Voting ေပးထားၾကတာကုိ ေတြ႔ရပါတယ္။ Star Awards ရဲ႕ People choice Awards ဆုအတြက္ Voting တစ္ခုကုိ ေငြ ၁၅ က်ပ္ ေပးရတယ္လုိ႔ သိရပါတယ္။ ဒီလုိ ေငြေပးစနစ္ ပါလာတာေၾကာင့္လည္း အႏုပညာရွင္တခ်ဳိ႕ ႏႈတ္ထြက္ခဲ့တာကုိ ေတြ႔ရပါတယ္။

Star Awards ဆုဟာ ျမန္မာႏိုင္ငံ သတင္းစာ ဆရာမ်ားအသင္းက ႀကီးမႉးက်င္းပၿပီး Stellar Seven Entertainment က Organizer အျဖစ္ ျပဳလုပ္တာျဖစ္ပါတယ္။ ဒီဆုက ရုပ္ရွင္ဇာတ္ကားႀကီးေတြသာ မကပဲ ရုပ္သံဇာတ္လမ္းတြဲအတြက္ကုိပါ ဆုခ်ီးျမႇင့္သြားမွာ ျဖစ္ပါတယ္။ ယခင္က ႐ုပ္ရွင္ဇာတ္ကားႀကီးေတြအတြက္ ဆု(၁၅)ဆု ခ်ီးျမႇင့္ဖို႔ ျပင္ဆင္ထားရာက အခုအခါမွာ ႐ုပ္ရွင္ဇာတ္လမ္းတြဲေတြအတြက္ ဆု(၅)ဆု ထည့္သြင္းခ်ီးျမႇင့္သြားမွာ ျဖစ္တယ္လို႔ မတ္လ၁၇ရက္ မွာ ျပဳလုပ္တဲ့ Star Awards သတင္းစာရွင္းလင္းပြဲမွာ ဆုေရြးခ်ယ္ေရး တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့တာပါ။

Star Awards Movie/ TV Series ဆုမ်ားေပးအပ္ျခင္း အစီအစဥ္တြင္ ေပးအပ္မယ့္ ဆုမ်ားမွာ ဇာတ္ကားဆု၊ ဒါရိုက္တာဆု၊ သရုပ္ေဆာင္ (က်ား)၊သရုပ္ေဆာင္(မ)နဲ႕ အထူးဆုတို႕ ျဖစ္ၿပီး ဆုတစ္ဆုကို ေငြေရာင္ဆုတံဆိပ္နွင့္ဆုေၾကးေငြ က်ပ္သိန္း(၃၀) တို႕ကို ခ်ီးျမွင့္သြားမွာ ျဖစ္ပါတယ္။ ရုပ္သံဇာတ္လမ္းတြဲအတြက္ MRTV၊MWD၊ MRTV-4၊ Sky-Net တို႕က ရုပ္သံဇာတ္လမ္းတြဲဆုအတြက္ ဇာတ္လမ္းတြဲ(၁၁)တြဲ ေပးပို႕ပါဝင္ခဲ့တယ္လို႕ သိရပါတယ္။

Credit-Cele Yatkwat

Unicode

People Choice Award အတွက် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကလည်း ပါဝင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Star Awards ဆုရွေးချယ်မှုကိုတော့ မြန်မာနိုင်ငံ သတင်းစာ ဆရာကြီးများအသင်းက ကြီးမှူးကျင်းပတာဖြစ်ပါတယ်။

Star Awards ရဲ့ People Choice Award ဆုအတွက် အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့ကလည်း ပါဝင်ခြင်းမရှိတော့ဘူးလို့ ပြေတီဦးကိုယ်တိုင်က ပရိသတ်ကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။

‘’ကျွန်တော် နှင့် အူဝဲ STAR AWARD , people’s choice မှာ ပါဝင်ခြင်းမရှိတော့ပါခင်ဗျာ။ကျွန်တော်တို့နှစ်ယောက်ကို ချစ်ခင်အားပေးကြသော ပရိသတ်များ ဆက်လက်ပြီး vote မလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ’’ ဆိုပြီးတော့ မတ်လ ၁၈ ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

ပြေတီ ဦးဟာ People Choice Awards အတွက် ရွေးချယ်ရမယ့် နံပါတ် ၂ အနေနဲ့ ပါဝင်ထားတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကလည်း အဆိုပါ ဆု အတွက် နံပါတ် ၁၁ နေရာကပါဝင်ခဲ့တာပါ။ သူတို့ ဇနီးမောင်နှံကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်များစွာတို့ကလည်း Voting ပေးထားကြတာကို တွေ့ရပါတယ်။ Star Awards ရဲ့ People choice Awards ဆုအတွက် Voting တစ်ခုကို ငွေ ၁၅ ကျပ် ပေးရတယ်လို့ သိရပါတယ်။ ဒီလို ငွေပေးစနစ် ပါလာတာကြောင့်လည်း အနုပညာရှင်တချို့ နှုတ်ထွက်ခဲ့တာကို တွေ့ရပါတယ်။

Star Awards ဆုဟာ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တာဖြစ်ပါတယ်။ ဒီဆုက ရုပ်ရှင်ဇာတ်ကားကြီးတွေသာ မကပဲ ရုပ်သံဇာတ်လမ်းတွဲအတွက်ကိုပါ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ယခင်က ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု ချီးမြှင့်ဖို့ ပြင်ဆင်ထားရာက အခုအခါမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေအတွက် ဆု(၅)ဆု ထည့်သွင်းချီးမြှင့်သွားမှာ ဖြစ်တယ်လို့ မတ်လ၁၇ရက် မှာ ပြုလုပ်တဲ့ Star Awards သတင်းစာရှင်းလင်းပွဲမှာ ဆုရွေးချယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တာပါ။

Star Awards Movie/ TV Series ဆုများပေးအပ်ခြင်း အစီအစဉ်တွင် ပေးအပ်မယ့် ဆုများမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင် (ကျား)၊သရုပ်ဆောင်(မ)နဲ့ အထူးဆုတို့ ဖြစ်ပြီး ဆုတစ်ဆုကို ငွေရောင်ဆုတံဆိပ်နှင့်ဆုကြေးငွေ ကျပ်သိန်း(၃၀) တို့ကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲအတွက် MRTV၊MWD၊ MRTV-4၊ Sky-Net တို့က ရုပ်သံဇာတ်လမ်းတွဲဆုအတွက် ဇာတ်လမ်းတွဲ(၁၁)တွဲ ပေးပို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Credit-Cele Yatkwat

About the author

ilove

Leave a Comment