Shwe News

“သီလရွင္္….၀တ္ျခင္္းေၾကာင္႔ ရရွိေသာ အက်ိဳး”

“ သီလရွင္၀တ္ျခင္း အက်ိဳးေက်းဇူး”

(ေမး)

သီလရွင္ ၀တ္ျခင္းသည္ ၀တ္သူႏွင့္ ၀တ္သူ၏မိဘမ်ား၌ မည္ကဲ့သို႔ အက်ိဳးေက်းဇူး ရွိႏိုင္သည္ကိုိရွင္းျပေပးေတာ္မူပါဘုရား။

( ႏုႏုခိုင္-ျမိဳ႔နယ္စာရင္းရံု၊ အိမ္မဲျမိဳ႔ )

( ေျဖ )

ဗုဒၶစာေပတြင္္
၁။ ဥပသမၸဒ ပဗၺဇၨ
၂။ သာမေဏရ ပဗၺဇၨ

၃။ ဣသိ ပဗၺဇၨ
၄။ ပရိဗၺာဇက ပဗၺဇၨ ဟူ၍ ပဗၺဇၨ ၄-မ်ိဳး ရွိပါသည္။

ရဟန္းျပဳျခင္း၊ သာမေဏျပဳျခင္း၊ ရေသ့ျပဳျခင္းႏွင့္္သီလရွင္ျပဳျခင္းဟု ဆိုရပါမည္။သီလရွင္မွာ အမွတ္္၄-ပရိဗၺာဇက ပဗၺဇၨ ျဖစ္၍မိန္းကေလးတဦးအေနျဖင့္္ မိမိ၏ အလွအပဗန္းတင္ပစၥည္း ျဖစ္ေသာ ဆံပင္ကို ရိတ္ပယ္လိုက္ႏိုင္္ျခင္းပင္ အလြန္ခံယဥ္းေသာ ကိစၥျဖစ္၍ ပစၥည္းဥစၥာ ရတနာေရႊေငြတို႔ကို စြန္႔လႊတ္သကဲ့သို႔ နိကၡမပါရမီ တမ်ိဳးပင္ ျဖစ္ပါသည္။ထို႔ေနာက္ လူ၀တ္ေၾကာင္ကိုပယ္၍ သီလရွင္၀တ္ဖန္ရည္ဆိုး၀တ္ကို ၀တ္ကာ လူတို႔ေဆာက္တည္ႏိုင္ခဲေသာ၈-ပါး ၉-ပါး ၁၀-ပါး သီလမ်ားကို နိစၥ ေဆာက္တည္ေနႏိုင္ျခင္း။ စာေပက်မ္းဂန္ သင္အံႏိုင္ျခင္း၊ တရားစာေပ ေလ့လာျခင္း၊သမထ ၀ိပႆနာ ဘာ၀နာမ်ားကို ပြားမ်ားေနထုိင္ျခင္း

စသည္ျဖင့္ ဘုရားသာသနာကို ခ်ီးေျမႇာက္ႏိုင္ျခင္းမွာမိန္းမဘ၀ပင္္ ျဖစ္ေသာ္လည္း အလြန္ရခဲေသာဒုလႅဘတရားကို ရျခင္းျဖစ္၍ အထူးျမင့္ျမတ္လွပါသည္။ဘ၀ေပါင္းမ်ားစြာက လင္ယူ သားေမြး ေလာကီေရးကိစၥမ်ားျဖင့္သာ အကုသိုလ္နယ္ပယ္ ဒုဂၢတိနယ္ပယ္တြင္က်င္လည္ရာ က်င္လည္ေၾကာင္း က်င့္ၾကံေနခဲ့ရာမွယခု ဘုရားသာသနာႏွင့္ေတြ႔ခိုက္တြင္ မဂ္ဖိုလ္ရေရးအသက္ေပး အားထုတ္ရျခင္း၊သာသနာႏြယ္၀င္ ျဖစ္ခြင့္ရျခင္းတို႔မွာဘ၀၏အႏွစ္သာရ အစစ္ပင္ျဖစ္ပါသည္။

သမီးကို မိမိတို႔ကိုယ္တိုင္္ဘုရားသမီးေတာ္ဘ၀ိသို႔ိပို႔ေဆာင္ေပးၾကေသာ မိဘမ်ားမွာလည္းသာသနာႏုဂၢဟ ကုသိုလ္ထူးကိုိဆည္းပူးၾကသူမ်ားပင္ျဖစ္၍ လြန္စြာ အက်ိဳးႀကီးလွပါသည္။ဆရာေတာ္ရေ၀ထြန္း(အ႐ွင္တိေလာကသာရ)Photo Credit

Unicode

“ သီလရှင်ဝတ်ခြင်း အကျိုးကျေးဇူး”

(မေး)

သီလရှင် ဝတ်ခြင်းသည် ဝတ်သူနှင့် ဝတ်သူ၏မိဘများ၌ မည်ကဲ့သို့ အကျိုးကျေးဇူး ရှိနိုင်သည်ကိုရှင်းပြပေးတော်မူပါဘုရား။

( နုနုခိုင်-မြို့နယ်စာရင်းရုံ၊ အိမ်မဲမြို့ )

( ဖြေ )

ဗုဒ္ဓစာပေတွင်
၁။ ဥပသမ္ပဒ ပဗ္ဗဇ္ဇ
၂။ သာမဏေရ ပဗ္ဗဇ္ဇ

၃။ ဣသိ ပဗ္ဗဇ္ဇ
၄။ ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ ၄-မျိုး ရှိပါသည်။

ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ပြုခြင်းနှင့်သီလရှင်ပြုခြင်းဟု ဆိုရပါမည်။သီလရှင်မှာ အမှတ်၄-ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍မိန်းကလေးတဦးအနေဖြင့် မိမိ၏ အလှအပဗန်းတင်ပစ္စည်း ဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခံယဉ်းသော ကိစ္စဖြစ်၍ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နိက္ခမပါရမီ တမျိုးပင် ဖြစ်ပါသည်။ထို့နောက် လူဝတ်ကြောင်ကိုပယ်၍ သီလရှင်ဝတ်ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာ လူတို့ဆောက်တည်နိုင်ခဲသော၈-ပါး ၉-ပါး ၁၀-ပါး သီလများကို နိစ္စ ဆောက်တည်နေနိုင်ခြင်း။ စာပေကျမ်းဂန် သင်အံနိုင်ခြင်း၊ တရားစာပေ လေ့လာခြင်း၊သမထ ဝိပဿနာ ဘာဝနာများကို ပွားများနေထိုင်ခြင်း

စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာမိန်းမဘဝပင် ဖြစ်သော်လည်း အလွန်ရခဲသောဒုလ္လဘတရားကို ရခြင်းဖြစ်၍ အထူးမြင့်မြတ်လှပါသည်။ဘဝပေါင်းများစွာက လင်ယူ သားမွေး လောကီရေးကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိနယ်ပယ်တွင်ကျင်လည်ရာ ကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှယခု ဘုရားသာသနာနှင့်တွေ့ခိုက်တွင် မဂ်ဖိုလ်ရရေးအသက်ပေး အားထုတ်ရခြင်း၊သာသနာနွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်။

သမီးကို မိမိတို့ကိုယ်တိုင်ဘုရားသမီးတော်ဘဝိသို့ိပို့ဆောင်ပေးကြသော မိဘများမှာလည်းသာသနာနုဂ္ဂဟ ကုသိုလ်ထူးကိုဆည်းပူးကြသူများပင်ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။ဆရာတော်ရဝေထွန်း(အရှင်တိလောကသာရ)Photo Credit

About the author

ilove

Leave a Comment