Shwe News

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးရဲ႕ ထီးေတာ္မွာ… ေ႐ႊၾကယ္လႉသြားမယ့္…. ေက်ာ္ေက်ာ္ဗို

[Zawgyi Version]

ေက်ာ္ေက်ာ္ဗုိက သူရရွိခဲ့တဲ့ အကယ္ဒမီဆု အတြက္ ပရိသတ္ေတြကုိလည္း ကုသုိလ္မွ်ေဝႏုိင္ေအာင္ အလွဴအတန္းေတြ ေဆာင္ရြက္သြားမယ္လုိ႔ ဆုိပါတယ္။

သရုပ္ေဆာင္ေက်ာ္ေက်ာ္ဗုိက သူ႔ဘဝရဲ႕ ပထမဦးဆုံး အကယ္ဒမီဆုကုိ လွဴဒါန္းဖုိ႔အတြက္ျပင္ဆင္ထားတယ္လို႔ ဆုိပါတယ္။ ဒီေရႊျပားကုိေတာ့ ေရႊတိဂုံေစတီေတာ္ႀကီးမွာပဲ လွဴဒါန္းသြားမယ္လုိ႔ မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ပါတယ္။

‘’ ေရႊတိဂုံဘုရား ထီးေတာ္မွာ လွဴခ်င္ပါတယ္။ ဒီအလွဴအတြက္လည္း ေမးျမန္းစီစဥ္ရပါဦးမယ္။ ဟုိတစ္ေန႔က သမီးေလး ေမြးေန႔သြားတုန္းကေတာ့ ေရႊသကၤန္းကပ္ေနတုန္းပဲဆုိေတာ့ ညန္းဆင္ေတြဘာေတြ မျဖတ္ေလာက္ေသးဘူးလုိ႔ ထင္ပါတယ္’’ လုိ႔ သူကဆုိပါတယ္။

ေက်ာ္ေက်ာ္ဗုိဟာ ပရိသတ္ေတြရဲ႕ ဆုေတာင္းေပးမႈေၾကာင့္ ရရွိလာတဲ့ ဆုအတြက္ ကုသိုလ္ေကာင္းမွဴ ေတြ ေဆာင္ရြက္သြားမယ္လုိ႔ ဆုိပါတယ္။ ပရိသတ္ေတြနဲ႔လည္း ကုသုိလ္ေရစက္ေတြ ဆုံခ်င္ပါေသးတယ္တဲ့။

‘’ ကၽြန္ေတာ့္ရဲ႕ ဘဝမွာ အမွတ္တရ ျဖစ္ခဲ့တဲ့ အရာေတြမွန္သမွ် ကၽြန္ေတာ့္ရဲ႕ ပတ္ဝန္းက်င္၊ ကၽြန္ေတာ့္ရဲ႕ အနေႏၱာအနႏၱ ငါးပါးကုိ တစ္ဦးတည္းသိမ္းဆည္းထားတာထက္ ပရိသတ္အားလုံးနဲ႔ ေရစက္ဆုံခ်င္တာေၾကာင့္ အလွဴအတန္း တစ္ခုအေနနဲ႔ အျမဲတမ္းလုပ္သြားဖုိ႔ စိတ္ကူးရွိထားပါတယ္။ ဒီအကယ္ဒမီမွ မဟုတ္ပါဘူး က်န္တဲ့ ဘာထူးခၽြန္ဆုပဲ ရရ၊ ဘယ္လို ဆုလာဘ္၊ ဘယ္လုိေနရာမွာပဲ ရရပါ’’ လုိ႔ မတ္လ ၂၃ ရက္ေန႔ က အကယ္ဒမီေပးပြဲမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

အကယ္ဒမီထူးခၽြန္ဆု ရရွိသြားၿပီျဖစ္တဲ့ ေက်ာ္ေက်ာ္ဗုိက အႏုပညာအလုပ္ေတြကုိ အရင္ကထက္ပုိၿပီး ႀကိဳးႀကိဳးစားစား ေဆာင္ရြက္သြားမယ္လုိ႔ ဆုိပါတယ္။

‘’ တာဝန္ယူမႈကေတာ့ ပုိၿပီးေတာ့ ေလးနက္သြားတာေပါ့ေနာ္။ ပရိသတ္ေတြ ေတာင္းဆုျပဳၿပီးေတာ့ ေမတၱာထားေပးတဲ့ အႏုပညာသမားတစ္ေယာက္ျဖစ္ေအာင္ ပုိဂရုစုိက္ၿပီးေတာ့ အလုပ္လုပ္ရေတာ့မွာေပါ့။ အရင္တုန္းကလုိ အေပ်ာ္စိတ္ေလးေတြ မျဖစ္မိေအာင္လုိ႔ေတာ့ ထိန္းသိမ္းရမွာေပါ့ေနာ္’’ လုိ႔ ဆုိပါတယ္။

၂၀၁၈ ခုႏွစ္အတြက္ ‘’မုန္းစြဲ’’ရုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ဳိးသားဇာတ္ပုိ႔ဆုကုိ သရုပ္ေဆာင္ ေက်ာ္ေက်ာ္ဗုိက ရရွိပုိင္ဆုိင္သြားတာျဖစ္ပါတယ္။ ဒီအကယ္ဒမီေပးပြဲကုိေတာ့ မတ္လ ၂၃ ရက္ေန႔က The One Entertainment Park မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒီ ပြဲဟာ ျမန္မာတစ္ႏုိင္ငံလုံးမွာရွိတဲ့ ပရိသတ္ေတြက စိတ္လႈပ္ရွားၿပီး ေစာင့္ေမွ်ာ္အားေပးရတဲ့ ပြဲတစ္ပြဲလည္းျဖစ္ပါတယ္။

Credit- Duwun

  • [Unicode Version]

ကျော်ကျော်ဗိုက သူရရှိခဲ့တဲ့ အကယ်ဒမီဆု အတွက် ပရိသတ်တွေကိုလည်း ကုသိုလ်မျှဝေနိုင်အောင် အလှူအတန်းတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်ကျော်ကျော်ဗိုက သူ့ဘဝရဲ့ ပထမဦးဆုံး အကယ်ဒမီဆုကို လှူဒါန်းဖို့အတွက်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒီရွှေပြားကိုတော့ ရွှေတိဂုံစေတီတော်ကြီးမှာပဲ လှူဒါန်းသွားမယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ရွှေတိဂုံဘုရား ထီးတော်မှာ လှူချင်ပါတယ်။ ဒီအလှူအတွက်လည်း မေးမြန်းစီစဉ်ရပါဦးမယ်။ ဟိုတစ်နေ့က သမီးလေး မွေးနေ့သွားတုန်းကတော့ ရွှေသင်္ကန်းကပ်နေတုန်းပဲဆိုတော့ ညန်းဆင်တွေဘာတွေ မဖြတ်လောက်သေးဘူးလို့ ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။

ကျော်ကျော်ဗိုဟာ ပရိသတ်တွေရဲ့ ဆုတောင်းပေးမှုကြောင့် ရရှိလာတဲ့ ဆုအတွက် ကုသိုလ်ကောင်းမှူ တွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေနဲ့လည်း ကုသိုလ်ရေစက်တွေ ဆုံချင်ပါသေးတယ်တဲ့။

‘’ ကျွန်တော့်ရဲ့ ဘဝမှာ အမှတ်တရ ဖြစ်ခဲ့တဲ့ အရာတွေမှန်သမျှ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်၊ ကျွန်တော့်ရဲ့ အနန္တောအနန္တ ငါးပါးကို တစ်ဦးတည်းသိမ်းဆည်းထားတာထက် ပရိသတ်အားလုံးနဲ့ ရေစက်ဆုံချင်တာကြောင့် အလှူအတန်း တစ်ခုအနေနဲ့ အမြဲတမ်းလုပ်သွားဖို့ စိတ်ကူးရှိထားပါတယ်။ ဒီအကယ်ဒမီမှ မဟုတ်ပါဘူး ကျန်တဲ့ ဘာထူးချွန်ဆုပဲ ရရ၊ ဘယ်လို ဆုလာဘ်၊ ဘယ်လိုနေရာမှာပဲ ရရပါ’’ လို့ မတ်လ ၂၃ ရက်နေ့ က အကယ်ဒမီပေးပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီထူးချွန်ဆု ရရှိသွားပြီဖြစ်တဲ့ ကျော်ကျော်ဗိုက အနုပညာအလုပ်တွေကို အရင်ကထက်ပိုပြီး ကြိုးကြိုးစားစား ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

‘’ တာဝန်ယူမှုကတော့ ပိုပြီးတော့ လေးနက်သွားတာပေါ့နော်။ ပရိသတ်တွေ တောင်းဆုပြုပြီးတော့ မေတ္တာထားပေးတဲ့ အနုပညာသမားတစ်ယောက်ဖြစ်အောင် ပိုဂရုစိုက်ပြီးတော့ အလုပ်လုပ်ရတော့မှာပေါ့။ အရင်တုန်းကလို အပျော်စိတ်လေးတွေ မဖြစ်မိအောင်လို့တော့ ထိန်းသိမ်းရမှာပေါ့နော်’’ လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်အတွက် ‘’မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို သရုပ်ဆောင် ကျော်ကျော်ဗိုက ရရှိပိုင်ဆိုင်သွားတာဖြစ်ပါတယ်။ ဒီအကယ်ဒမီပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့က The One Entertainment Park မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ ပွဲဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေက စိတ်လှုပ်ရှားပြီး စောင့်မျှော်အားပေးရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment