Shwe News

သူတို႔နဲ႔ ကိုယ္တို႔နဲ႔ ဘာကြာလဲ …ေလးစားေလာက္တဲ႔ ႏိုင္ငံျခားသူ အမ်ိဳးသမီး

ဒီေန႔ ၂၅.၇.၂၀၁၈ရက္ေန႔ မြန္းတည့္ (၁၂)နာရီခန္႔က မုဒံုျမိနယ္ နိုင္းျပိဳင္ေက်းရြာ ေကာ့ခိုက္လမ္းဝအနီးမွာ ဆိုင္ကယ္(၃)စီးဆင္႔ တိုက္မႈျဖစ္ပြားခဲ႔တယ္။

အဆိုပါ ဆိုင္ကယ္သုံးစီးဆင္႔ ယာဥ္တိုက္မႈမွာ လူငယ္ ပိုင္း အမ်ိဳးသား ၂ဦး နဲ႔ လူႀကီးပိုင္းအမ်ိဳးသမီး တစ္ဦးတို႔ ဒဏ္ရာရရွိခဲ႔ၾကတယ္။ လူငယ္တစ္ဦးက စိုးရိမ္ရ အေျခအေနနဲ႔ ေသြးထြက္ သတိလစ္ျပီး လမ္းလယ္ေခါင္မွာ လဲေနတယ္။

တြ စီးလာတဲ႔ ၃ဘီးဆိုင္ကယ္တစ္စီးလဲ အခင္းျဖစ္ေနရာကို ေရာက္လာတယ္။ ယာဥ္တိုက္မႈ ျဖစ္ေနတာကိုလဲ ျမင္ေရာ ကားေပၚက ႏိုင္ငံျခားသူတစ္ဦးက ၃ဘီးကို ရပ္ခိုင္း ေအာက္ဆင္းျပီး လူနာကို စမ္းၾကည္႔ျပီး အေရးေပၚကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေပး ေတာ႔တာပဲ။

သူေတာင္းတဲ႔ ပစၥည္းေတြကို ဘာသာစကား နားမလည္ၾကေတာ႔ ဘယ္သူမွလဲ ျပန္မေျပာႏိုင္ၾကဘူး။ ေနာက္ဆုံးသူလဲ လက္ဟန္ေျခဟန္နဲ႔သာ ေျပာျပီး အေရးေပၚကား လာတဲ႔အထိ လူနာကို ထိန္းထားျပဳစုေပးျပီး ကူညီခဲ႔တယ္။ သူ႔ခမ်ာ ေသြးေတြနဲ႔ လူနာကို ကိုင္ေနရေပမဲ႔ လက္အိတ္ေတာင္ မရွိရွာဘူး။ ဒါေပမဲ႔ လူ႔အသက္ကို တန္ဖိုးထားျပီး ကားကိုရပ္ျပီး ကူညီေပးခဲ႔တယ္။

ေနာက္မွ မုဒုံ Rescue အဖြဲ႔နဲ႔ ႏိုင္းျပိဳင္အဖြဲ႔တို႔ ေရာက္ရွိ လာျပီး လူနာေတြကို ျပဳစုျပီး ေဆးရုံကို ေခၚေဆာင္သြား ႏိုင္ခဲ႔ပါတယ္။ (အခင္းျဖစ္ျခင္း ျဖစ္စဥ္အစအဆုံး ျမင္တဲ႔ေဒသခံ တစ္ဦးက ျဖစ္စဥ္နဲ႔ဓါတ္ပုံေတြ ေပးပို႔လာတာျဖစ္ပါတယ္)

ယာဥ္တိုက္မႈေနာက္ဆက္တြဲသတင္းကို မုဒုံ Rescue အဖြဲ႔မွ ေနာက္ဆက္တြဲသိရတာက ယာဥ္တိုက္မႈေၾကာင္႔ (၉၀၄)တပ္ ထိန္လင္းစိုး(၂၂)နွစ္(ဘ)ဦးေမာင္ၾကီးမွာ ဘယ္လက္က်ိဳးဒဏ္ရာ ရင္ဘတ္အတြင္းဒဏ္ရာရရွိျပီး ေမာ္လျမိဳင္ျမိဳ႕နယ္ ျမိဳင္သာယာေနသူ ျပည့္ျဖိဳးေအာင္ (၂၂)နွစ္မွာ ဘယ္ေျခသလံုးအရိုးက်ိဳးဒဏ္ရာ ညာေျခဖမိုးေပါက္ျပဲဒဏ္ရာ ေျခဖေနာင့္ေပါက္ျပဲဒဏ္ရာ….

ေမာ္လျမိဳင္ေဂြးဂုန္းရပ္ကြက္ေနသူ ေဒၚခင္ယု(၄၁)နွစ္မွာ ဝမ္းဗိုက္အတြင္းဒဏ္ရာရရွိျပီး က်န္မိန္းကေလးတစ္ဦးမွာ မိတ္ဖက္အသင္းျဖစ္ေသာနိုင္ျပိဳင္ေက်းရြာအသင္းသားမ်ားနွင့္အတူ မုဒုံအေရးေပၚကယ္ဆယ္ေရးMERO အဖြဲမွ အခ်ိန္မွီ သြားေရာက္ျပဳစုကူညီေပးျပီး ေမာ္လျမိဳင္ ျပည္နယ္ျပည္သူ႔ေဆးရံုသို႔ စနစ္တက် ကူညီပို႔ေဆာင္ေပးခဲ႔ေၾကာင္း သိရပါတယ္။

[အဆိုပါ ယာဥ္တိုက္မႈတြင္ ပါဝင္ ကူညီေပးေသာ နိုင္ငံ ျခားအမ်ိဳးသမီးတစ္ဦးအား] အထူးပင္ေက်းဇူးတင္ရွိအပ္ပါေၾကာင္း မုဒုံ Rescue Page မွာလည္း တင္ထားတာကို ေတြ႔ရပါတယ္။

ဆိုလိုခ်င္တာက သူတို႔ေတြနဲ႔ ကိုယ္ေတြနဲ႔ လူအသက္ ေတြကို တန္ဖိုးထားမႈျခင္း ကြာျခားတာပါ။ ကိုယ္သာဆို သူမ်ားႏိုင္ငံ အလည္အပတ္ေရာက္ေနခ်ိန္ ဒီလိုျဖစ္စဥ္မ်ိဳး ေတြ႔လို႔ကေတာ႔ သူ႔ႏိုင္ငံ သူ႔ဥပေဒ ဘယ္လိုရွိမွန္း မသိပဲ ကူညီေပးရဲမွာ မဟုတ္ပါဘူး။

သူတို႔ကေတာ႕ ဒီလိုမဟုတ္ပါဘူး။ ကားကိုရပ္ လူေတြ အုံၾကည္႔ေနၾကတဲ႔ ကိုယ္႔လူမ်ိဳးေတြၾကားထဲကေန ဆင္း ျပီး ကူညီေပးခဲ႔တာ …ဘာပဲျဖစ္ျဖစ္ သူတို႔စိတ္ဓါတ္ေတြကို ေလးစားမိလို႔ ဒီ Post ေလးနဲ႔ မွတ္တမ္းတင္ ဂုဏ္ျပဳ ေပးလိုက္တာပါ။

Credit Zin Moe

  • Unicode

ဒီနေ့ ၂၅.၇.၂၀၁၈ရက်နေ့ မွန်းတည့် (၁၂)နာရီခန့်က မုဒုံမြိနယ် နိုင်းပြိုင်ကျေးရွာ ကော့ခိုက်လမ်းဝအနီးမှာ ဆိုင်ကယ်(၃)စီးဆင့် တိုက်မှုဖြစ်ပွားခဲ့တယ်။

အဆိုပါ ဆိုင်ကယ်သုံးစီးဆင့် ယာဉ်တိုက်မှုမှာ လူငယ် ပိုင်း အမျိုးသား ၂ဦး နဲ့ လူကြီးပိုင်းအမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြတယ်။ လူငယ်တစ်ဦးက စိုးရိမ်ရ အခြေအနေနဲ့ သွေးထွက် သတိလစ်ပြီး လမ်းလယ်ခေါင်မှာ လဲနေတယ်။

တွ စီးလာတဲ့ ၃ဘီးဆိုင်ကယ်တစ်စီးလဲ အခင်းဖြစ်နေရာကို ရောက်လာတယ်။ ယာဉ်တိုက်မှု ဖြစ်နေတာကိုလဲ မြင်ရော ကားပေါ်က နိုင်ငံခြားသူတစ်ဦးက ၃ဘီးကို ရပ်ခိုင်း အောက်ဆင်းပြီး လူနာကို စမ်းကြည့်ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေး တော့တာပဲ။

သူတောင်းတဲ့ ပစ္စည်းတွေကို ဘာသာစကား နားမလည်ကြတော့ ဘယ်သူမှလဲ ပြန်မပြောနိုင်ကြဘူး။ နောက်ဆုံးသူလဲ လက်ဟန်ခြေဟန်နဲ့သာ ပြောပြီး အရေးပေါ်ကား လာတဲ့အထိ လူနာကို ထိန်းထားပြုစုပေးပြီး ကူညီခဲ့တယ်။ သူ့ခမျာ သွေးတွေနဲ့ လူနာကို ကိုင်နေရပေမဲ့ လက်အိတ်တောင် မရှိရှာဘူး။ ဒါပေမဲ့ လူ့အသက်ကို တန်ဖိုးထားပြီး ကားကိုရပ်ပြီး ကူညီပေးခဲ့တယ်။

နောက်မှ မုဒုံ Rescue အဖွဲ့နဲ့ နိုင်းပြိုင်အဖွဲ့တို့ ရောက်ရှိ လာပြီး လူနာတွေကို ပြုစုပြီး ဆေးရုံကို ခေါ်ဆောင်သွား နိုင်ခဲ့ပါတယ်။ (အခင်းဖြစ်ခြင်း ဖြစ်စဉ်အစအဆုံး မြင်တဲ့ဒေသခံ တစ်ဦးက ဖြစ်စဉ်နဲ့ဓါတ်ပုံတွေ ပေးပို့လာတာဖြစ်ပါတယ်)

ယာဉ်တိုက်မှုနောက်ဆက်တွဲသတင်းကို မုဒုံ Rescue အဖွဲ့မှ နောက်ဆက်တွဲသိရတာက ယာဉ်တိုက်မှုကြောင့် (၉၀၄)တပ် ထိန်လင်းစိုး(၂၂)နှစ်(ဘ)ဦးမောင်ကြီးမှာ ဘယ်လက်ကျိုးဒဏ်ရာ ရင်ဘတ်အတွင်းဒဏ်ရာရရှိပြီး မော်လမြိုင်မြို့နယ် မြိုင်သာယာနေသူ ပြည့်ဖြိုးအောင် (၂၂)နှစ်မှာ ဘယ်ခြေသလုံးအရိုးကျိုးဒဏ်ရာ ညာခြေဖမိုးပေါက်ပြဲဒဏ်ရာ ခြေဖနောင့်ပေါက်ပြဲဒဏ်ရာ….

မော်လမြိုင်ဂွေးဂုန်းရပ်ကွက်နေသူ ဒေါ်ခင်ယု(၄၁)နှစ်မှာ ဝမ်းဗိုက်အတွင်းဒဏ်ရာရရှိပြီး ကျန်မိန်းကလေးတစ်ဦးမှာ မိတ်ဖက်အသင်းဖြစ်သောနိုင်ပြိုင်ကျေးရွာအသင်းသားများနှင့်အတူ မုဒုံအရေးပေါ်ကယ်ဆယ်ရေးMERO အဖွဲမှ အချိန်မှီ သွားရောက်ပြုစုကူညီပေးပြီး မော်လမြိုင် ပြည်နယ်ပြည်သူ့ဆေးရုံသို့ စနစ်တကျ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

[အဆိုပါ ယာဉ်တိုက်မှုတွင် ပါဝင် ကူညီပေးသော နိုင်ငံ ခြားအမျိုးသမီးတစ်ဦးအား] အထူးပင်ကျေးဇူးတင်ရှိအပ်ပါကြောင်း မုဒုံ Rescue Page မှာလည်း တင်ထားတာကို တွေ့ရပါတယ်။

ဆိုလိုချင်တာက သူတို့တွေနဲ့ ကိုယ်တွေနဲ့ လူအသက် တွေကို တန်ဖိုးထားမှုခြင်း ကွာခြားတာပါ။ ကိုယ်သာဆို သူများနိုင်ငံ အလည်အပတ်ရောက်နေချိန် ဒီလိုဖြစ်စဉ်မျိုး တွေ့လို့ကတော့ သူ့နိုင်ငံ သူ့ဥပဒေ ဘယ်လိုရှိမှန်း မသိပဲ ကူညီပေးရဲမှာ မဟုတ်ပါဘူး။

သူတို့ကတော့ ဒီလိုမဟုတ်ပါဘူး။ ကားကိုရပ် လူတွေ အုံကြည့်နေကြတဲ့ ကိုယ့်လူမျိုးတွေကြားထဲကနေ ဆင်း ပြီး ကူညီပေးခဲ့တာ …ဘာပဲဖြစ်ဖြစ် သူတို့စိတ်ဓါတ်တွေကို လေးစားမိလို့ ဒီ Post လေးနဲ့ မှတ်တမ်းတင် ဂုဏ်ပြု ပေးလိုက်တာပါ။

Credit Zin Moe

About the author

Wai Phyo Oo

Leave a Comment