Shwe News

Mobile Legend… ေဆာ႔ရင္း….ခ်စ္ခဲ႔ၾကတာဆိုတဲ႔… ေအာင္သူနဲ႔… ပိုးအိအိခန္႔

ျမန္မာႏုိင္ငံလက္ေရြးစင္ေဘာလံုးသမား ေအာင္သူဟာ လက္ရွိမွာ ထိုင္းအသင္း Police Tero မွာ ဝင္ေရာက္ကစားေနသူျဖစ္ပါတယ္။ ႏုိင္ငံကိုယ္စားျပဳလက္ေရြးစင္အသင္းမွာလည္း တိုက္စစ္မွဴးေနရာကေန ဝင္ေရာက္ကစားေနျပီး ဂိုးေတြမ်ားစြာကိုလည္း သြင္းယူထားႏုိင္သူတစ္ဦးျဖစ္ပါတယ္။ အခုလက္႐ွိမွာေတာ့ ေအာင္သူနဲ႔ ရုပ္ရွင္သရုပ္ေဆာင္ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ ပိုးအိအိခန္႕တို႕ကေတာ့ သူတို႕ႏွစ္ေယာက္ခ်စ္သူေတြ ျဖစ္တဲ့အေၾကာင္းကို ဖြင့္ေျပာခဲ့တာ ၁ ႏွစ္ေက်ာ္ နီးပါးေလာက္ရွိပါၿပီ။ သူတို႕ႏွစ္ေယာက္ကေတာ့ ေဖစ္ဘုတ္ေပၚမွာ ဓါတ္ပံုေတြ တင္ေပးေလ့မရွိေပမယ့္ ပရိသတ္ေတြၾကားမွာေတာ့ အရမ္းခ်စ္ၾကတဲ့ မနဲ႔ေမာင္စံုတြဲအျဖစ္ နာမည္ႀကီးပါတယ္။ အခုကေတာ့ ေအာင္သူနဲ႔ သ႐ုပ္ေဆာင္ ပိုးအိအိခန္႔ တုိ႔ရဲ႕ မဂၤလာပြဲကို ဒီေန႔ (၂၀၁၉ မတ္လ ၂၆ ရက္) ညမွာ ရန္ကုန္ၿမိဳ႕၊ ျပည္သူ႔ရင္ျပင္ရွိ Western Park မွာ ျပဳလုပ္ခဲ႔တာပါ။

“ကိုယ္ခ်စ္ရတဲ့သူနဲ႔ လက္တြဲရေတာ့ ေပ်ာ္ပါတယ္။ ဇာတ္ကားထဲမွာက်ေတာ့ ေပ်ာ္ရတာကို အိုက္တင္လုပ္ရတာေလ အခုကက်ေတာ့ တကယ္ေပ်ာ္ရတာေပါ့။အခု မဂၤလာပြဲကို အဓိက ကိုေအာင္သူက ျမန္မာႏိုင္ငံနဲ႔ အလုပ္လုပ္ေနရတာမဟုတ္ဘူးေလ ႏိုင္ငံျခားနဲ႔တြဲလုပ္ေနတာဆိုေတာ့ သူဟိုဘက္နဲ႔ အခ်ိန္ယူလို႔ရတုန္းေလး စီစဥ္ျဖစ္တာပါ။ ႏွစ္ေယာက္လံုးက ခ်စ္တယ္ဆိုေတာ့ သိပ္ေတာ့ မစဥ္းစားရပါဘူး။လက္ထပ္ထားက ကိုးလေလာက္႐ွိပါၿပီ အခုမွ မဂၤလာပြဲက်င္းပျဖစ္တာပါ။ လက္ထပ္လက္မွတ္ထိုးျဖစ္တာကေတာ့ ညီမFacebook Accကေန တင္ထားသလိုပါပဲ တစ္ေယာက္နဲ႔တစ္ေယာက္ မခြဲႏိုင္ၾကတာ သိၾကလို႔ေပါ့ေနာ္ တကယ္ခ်စ္ေတာ့ လက္ထပ္လက္မွတ္ ထိုးျဖစ္သြားတာပါ။

“ေနာက္ညီမအႏုပညာကေတာ့ ဆက္လုပ္မယ္ မလုပ္ဘူးက အခုေတာ့ မတိုင္ပင္ရေသးပါဘူး။ သူကေတာ့ ေဘာလံုးဆက္ကန္မယ္ေျပာတယ္ ၿပီးေတာ့ ညီမဘာလုပ္လုပ္ သူကေတာ့ နားလည္ေပးပါတယ္။ ေလာေလာဆယ္ စဥ္းစားထားတာကေတာ့ အႏုပညာကိုလည္း ခ်စ္တဲ့အတြက္ ဒါကို ဆက္လုပ္သြားပါမယ္။ အိမ္ေထာင္႐ွင္မေကာင္းတစ္ေယာက္အေနနဲ႔လည္း ႀကိဳးစားသြားမွာပါ။”

“သူနဲ႔ စေတြ႕ျဖစ္တာက onlineမွာစေတြ႕ခဲ့တာပါ။ အဲ့ကေနစၿပီး ခင္သြားၾကတယ္ ၿပီးေတာ့ ဂိမ္း(Mobile Legend)ေဆာ့ေဖာ္ေဆာ့ဖက္ျဖစ္သြားၾကတယ္။အဲ့ကေန ႀကိဳက္သြားတာပါ။သူက ကိုယ့္ကို ဂိမ္းအေၾကာင္း ဘာမွမသိေတာ့ အစအဆံုးျပန္သင္ေပးရတာပါ။

Credit- nanmalgyi

  • Unicode Version

မြန်မာနိုင်ငံလက်ရွေးစင်ဘောလုံးသမား အောင်သူဟာ လက်ရှိမှာ ထိုင်းအသင်း Police Tero မှာ ဝင်ရောက်ကစားနေသူဖြစ်ပါတယ်။ နိုင်ငံကိုယ်စားပြုလက်ရွေးစင်အသင်းမှာလည်း တိုက်စစ်မှူးနေရာကနေ ဝင်ရောက်ကစားနေပြီး ဂိုးတွေများစွာကိုလည်း သွင်းယူထားနိုင်သူတစ်ဦးဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အောင်သူနဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ပိုးအိအိခန့်တို့ကတော့ သူတို့နှစ်ယောက်ချစ်သူတွေ ဖြစ်တဲ့အကြောင်းကို ဖွင့်ပြောခဲ့တာ ၁ နှစ်ကျော် နီးပါးလောက်ရှိပါပြီ။ သူတို့နှစ်ယောက်ကတော့ ဖေစ်ဘုတ်ပေါ်မှာ ဓါတ်ပုံတွေ တင်ပေးလေ့မရှိပေမယ့် ပရိသတ်တွေကြားမှာတော့ အရမ်းချစ်ကြတဲ့ မနဲ့မောင်စုံတွဲအဖြစ် နာမည်ကြီးပါတယ်။ အခုကတော့ အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့် တို့ရဲ့ မင်္ဂလာပွဲကို ဒီနေ့ (၂၀၁၉ မတ်လ ၂၆ ရက်) ညမှာ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ Western Park မှာ ပြုလုပ်ခဲ့တာပါ။

“ကိုယ်ချစ်ရတဲ့သူနဲ့ လက်တွဲရတော့ ပျော်ပါတယ်။ ဇာတ်ကားထဲမှာကျတော့ ပျော်ရတာကို အိုက်တင်လုပ်ရတာလေ အခုကကျတော့ တကယ်ပျော်ရတာပေါ့။အခု မင်္ဂလာပွဲကို အဓိက ကိုအောင်သူက မြန်မာနိုင်ငံနဲ့ အလုပ်လုပ်နေရတာမဟုတ်ဘူးလေ နိုင်ငံခြားနဲ့တွဲလုပ်နေတာဆိုတော့ သူဟိုဘက်နဲ့ အချိန်ယူလို့ရတုန်းလေး စီစဉ်ဖြစ်တာပါ။ နှစ်ယောက်လုံးက ချစ်တယ်ဆိုတော့ သိပ်တော့ မစဉ်းစားရပါဘူး။လက်ထပ်ထားက ကိုးလလောက်ရှိပါပြီ အခုမှ မင်္ဂလာပွဲကျင်းပဖြစ်တာပါ။ လက်ထပ်လက်မှတ်ထိုးဖြစ်တာကတော့ ညီမFacebook Accကနေ တင်ထားသလိုပါပဲ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်ကြတာ သိကြလို့ပေါ့နော် တကယ်ချစ်တော့ လက်ထပ်လက်မှတ် ထိုးဖြစ်သွားတာပါ။

“နောက်ညီမအနုပညာကတော့ ဆက်လုပ်မယ် မလုပ်ဘူးက အခုတော့ မတိုင်ပင်ရသေးပါဘူး။ သူကတော့ ဘောလုံးဆက်ကန်မယ်ပြောတယ် ပြီးတော့ ညီမဘာလုပ်လုပ် သူကတော့ နားလည်ပေးပါတယ်။ လောလောဆယ် စဉ်းစားထားတာကတော့ အနုပညာကိုလည်း ချစ်တဲ့အတွက် ဒါကို ဆက်လုပ်သွားပါမယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အနေနဲ့လည်း ကြိုးစားသွားမှာပါ။”

“သူနဲ့ စတွေ့ဖြစ်တာက onlineမှာစတွေ့ခဲ့တာပါ။ အဲ့ကနေစပြီး ခင်သွားကြတယ် ပြီးတော့ ဂိမ်း(Mobile Legend)ဆော့ဖော်ဆော့ဖက်ဖြစ်သွားကြတယ်။အဲ့ကနေ ကြိုက်သွားတာပါ။သူက ကိုယ့်ကို ဂိမ်းအကြောင်း ဘာမှမသိတော့ အစအဆုံးပြန်သင်ပေးရတာပါ။

Credit- nanmalgyi

About the author

Crypoetess

Leave a Comment