Shwe News
“ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ စိန်ခေါ်မှုကို ..လက်ခံလိုက်တဲ့ ရွှေမှုန်ရတီရဲ့ ..ချစ်စရာကောင်းလွန်းတဲ့ Mi Mi Challenge အက”
Video ကြည့်ရန်
Unicode
လူမှု ကွန်ယက်ပေါ်မှာ ခေတ်စားနေတဲ့ မီမီ အကလေးကိုတော့ သရုပ်ဆောင် နေတိုးဖြစ်သူက ပါဝင်ကပြထားတာဖြစ်ပါတယ်။ မီမီ အကနဲ့အတူ သရုပ်ဆောင် နေတိုးရဲ့ ကကွက်ဆန်းတွေက လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနေခဲ့တာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်နေတိုးရဲ့ မီမီ အကကိုတော့ အနုပညာရှင်တွေအပြင် ပရိသတ်တွေကလည်း စိတ်ဝင်တစားနဲ့ ယှဉ်ပြိုင်ကပြနေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။
ပိုပို ရဲ့စိန်ခေါ်မှုကို လက်ခံပြီးကပြခဲ့တဲ့ ရွှေထူးကတော့ Mi Mi Challenge နဲ့အတူ ချစ်ဇနီးလေးဖြစ်တဲ့ ရွှေမှုန်ရတီကို ထပ်မံစိန်ခေါ်လိုက်ပြန်တာဖြစ်ပါတယ်။
ခင် ပွန်းဖြစ်သူ ရွှေထူးကလည်း ကွေးနေအောင်ကတတ်တယ်လို့ နာမည်ကြီးတာနဲ့အညီ Mi Mi Challenge ကို အမိုက်စားပုံဖော်ကပြခဲ့တာဖြစ်ပါတယ်။
ခုတခေါက်မှာတော့ ချစ်ဇနီးလေးရွှေမှုန်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ Mi Mi Challenge လေးကို မြင်တွေ့ရမှာပါ။ ဒီတခါတော့ ရွှေမှုန်က ပရိသတ်ကြီးကို လိုက်ကဖို့ စိန်ခေါ်ချင်တာပါတဲ့နော်။ ပရိသတ်ကြီးရေ ရွှေမှုန်လေးရဲ့ ကကွက်ကရော ကိုနေတိုးလိုပဲ အမိုက်စားဖြစ်နေလားဆိုတာ ခုပဲ ကြည့်ကြည့်လိုက်ပါဦးနော်။ Credit: We Love Cele
Video ကြည့်ရန်
About the author
ilove
Leave a Comment