Shwe News

ေခတ္နဲ႔သစ္ အားရပါးရစားေသာက္ေနပံုက …..သူနဲ႔တထပ္တည္းတူေၾကာင္း… ဗီဒီယိုဖိုင္နဲ႔တကြ… သက္ေသျပလိုက္တဲ့… ေဖေဖလင္းလင္း

ပရိသတ္ အခ်စ္ေတာ္ အျမြာ (၂) ေယာက္ ေခတ္နဲ႔သစ္ရဲ႕ လွုပ္ရွားမွုေလးေတြကေတာ့ ပရိသတ္ေတြၾကားထဲ တကယ္ကို စိတ္ဝင္စားဖုိ႔ေကာင္းလြန္းပါတယ္ေနာ္။ အူဝဲဘဝေလးတည္းက ခ်စ္ခင္သူ ပရိသတ္ေတြေပါမ်ားခဲ့တဲ့ ေခတ္နဲ႔သစ္ဟာ ငယ္စဥ္ဘဝေလးမွာပဲ မင္းသမီးေလးေတြျဖစ္ခဲ့ၾကပါတယ္။

ေမေမခ်စ္ သုေဝရဲ႕ စည္းကမ္းနဲ႔အုပ္ထိန္းမွုေတြၾကားထဲမွာ ရွင္သန္ၾကီးျပင္းလာတာေတြကိုလည္း ေတြ႔ျမင္ရသလို ေဖေဖလင္းလင္းနဲ႔ေပါင္းျပီးသူတို႔ (၂) ဦးရဲ႕ တခါတရံ စည္းကမ္းေဖာက္ဖ်က္မွုေလးေတြကို ေမေမခ်စ္သုေဝက အမိအရမွတ္တမ္းတင္ထားႏိုင္ခဲ့တာေတြကလည္း ခ်စ္စရာေလးေတြပါပဲေနာ္။

ေခတ္နဲ႔ သစ္မွာ အႏုပညာဝါသနာပိုးေတြပါဝင္ေနမွန္းလည္း သူတို႔ရဲ႕ဗီဒီယိုေလးေတြက ေဖာ္ျပေနခဲ့ပါေသးတယ္။ ေဖေဖန႔ဲအတူတူ အျမဲလိုလို သီဆို ေပ်ာ္ျမဴးေနပံုေလးေတြက အႏုပညာဝါသနာထံုမွုေလးေတြကို လွစ္ဟာေဖာ္ျပေနပါတယ္။ ဒီေန႔မွာေတာ့ ဖခင္ရဲ႕ အသည္းတံုးေလးေတြျဖစ္ၾကတဲ့ ေခတ္နဲ႔သစ္ (၂) ေယာက္လံုးရဲ႕ စားေသာက္ပံုစားေသာက္နည္းေလးေတြကို ေဖေဖလင္းလင္းကေတာ့ သူနဲ႔ တထပ္တည္းတူေၾကာင္း မွတ္ခ်က္ေပးလိုက္ပါေသးတယ္။

“ဘယ္သူမွ မေျပာခင္ ႀကိဳေျပာထားလိုက္မယ္ ဒီလိုဝါးတီးကို အားရပါးရဆြဲတာ ဖေအတူေဟ့ ဖေအတူ :)))) သမီးေတြနဲ႔ vdo call ေျပာၿပီး ဓာတ္ပံု႐ိုက္တာ သူတို႔အေမနဲ႔ ႐ိုက္ဖို႔ေမ့ေနလို႔ ျပန္ ႐ိုက္လိုက္ရတယ္ ေတာ္ေသး ခိခိ” လို႔ ေဖေဖလင္းလင္းက သမီး (၂) ေယာက္ရဲ႕ အားရပါးရစားေသာက္ေနပံုေလးကို မွတ္တမ္းတင္ရိုက္ကူးေဖာ္ျပထားတာပါ။

ေခတ္နဲ႔သစ္ဆိုရင္ သည္းသညး္လွုပ္မွ ခ်စ္တတ္တဲ့ ပရိသတ္ၾကီးအတြက္ ေဖေဖလင္းလင္းနဲ႔တူတဲ့ စားေသာက္ေနပံုကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

  • We Love Cele

    Video ဖိုင္ၾကည့္ရန္

  • Unicode Version

ပရိသတ် အချစ်တော် အမြွာ (၂) ယောက် ခေတ်နဲ့သစ်ရဲ့ လှုပ်ရှားမှုလေးတွေကတော့ ပရိသတ်တွေကြားထဲ တကယ်ကို စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်နော်။ အူဝဲဘဝလေးတည်းက ချစ်ခင်သူ ပရိသတ်တွေပေါများခဲ့တဲ့ ခေတ်နဲ့သစ်ဟာ ငယ်စဉ်ဘဝလေးမှာပဲ မင်းသမီးလေးတွေဖြစ်ခဲ့ကြပါတယ်။

မေမေချစ်သုဝေရဲ့ စည်းကမ်းနဲ့အုပ်ထိန်းမှုတွေကြားထဲမှာ ရှင်သန်ကြီးပြင်းလာတာတွေကိုလည်း တွေ့မြင်ရသလို ဖေဖေလင်းလင်းနဲ့ပေါင်းပြီးသူတို့ (၂) ဦးရဲ့ တခါတရံ စည်းကမ်းဖောက်ဖျက်မှုလေးတွေကို မေမေချစ်သုဝေက အမိအရမှတ်တမ်းတင်ထားနိုင်ခဲ့တာတွေကလည်း ချစ်စရာလေးတွေပါပဲနော်။

ခေတ်နဲ့သစ်မှာ အနုပညာဝါသနာပိုးတွေပါဝင်နေမှန်းလည်း သူတို့ရဲ့ဗီဒီယိုလေးတွေက ဖော်ပြနေခဲ့ပါသေးတယ်။ ဖေဖေနဲ့အတူတူ အမြဲလိုလို သီဆို ပျော်မြူးနေပုံလေးတွေက အနုပညာဝါသနာထုံမှုလေးတွေကို လှစ်ဟာဖော်ပြနေပါတယ်။ ဒီနေ့မှာတော့ ဖခင်ရဲ့ အသည်းတုံးလေးတွေဖြစ်ကြတဲ့ ခေတ်နဲ့သစ် (၂) ယောက်လုံးရဲ့ စားသောက်ပုံစားသောက်နည်းလေးတွေကို ဖေဖေလင်းလင်းကတော့ သူနဲ့ တထပ်တည်းတူကြောင်း မှတ်ချက်ပေးလိုက်ပါသေးတယ်။

“ဘယ်သူမှမပြောခင် ကြိုပြောထားလိုက်မယ် ဒီလိုဝါးတီးကို အားရပါးရဆွဲတာ ဖအေတူဟေ့ ဖအေတူ :)))) သမီးတွေနဲ့ vdo call ပြောပြီး ဓာတ်ပုံရိုက်တာ သူတို့အမေနဲ့ ရိုက်ဖို့မေ့နေလို့ ပြန် ရိုက်လိုက်ရတယ် တော်သေး ခိခိ” လို့ ဖေဖေလင်းလင်းက သမီး (၂) ယောက်ရဲ့ အားရပါးရစားသောက်နေပုံလေးကို မှတ်တမ်းတင်ရိုက်ကူးဖော်ပြထားတာပါ။

ခေတ်နဲ့သစ်ဆိုရင် သည်းသည်းလှုပ်မှ ချစ်တတ်တဲ့ ပရိသတ်ကြီးအတွက် ဖေဖေလင်းလင်းနဲ့တူတဲ့ စားသောက်နေပုံကို ဖော်ပြပေးလိုက်ပါတယ်နော်။

  • We Love Cele


    Video ဖိုင်ကြည့်ရန်

About the author

Crypoetess

Leave a Comment