Shwe News
“ကမ္ဘာဘဏ်မှ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ….စာရင်းများအရ ဖွံ့ ဖြိုးမှု အနည်းဆုံးနိုင်ငံများ စာရင်းမှ မြန်မာ ..လွတ်မြောက်တော့မည်”
ကမ္ဘာဘဏ် မှ နောက်ဆုံး ထုတ်ပြန်လိုက်သောစာရင်းဇယားများ အရ မြန်မာ အပါအ၀င် ဖွံ့ ဖြိုးမှု အနည်းဆုံး နိုင်ငံ (Least Developed Country)စာရင်းဝင် ၄၇ နိုင်ငံ ရှိနေရာ မှ မြန်မာသည် အီသီယိုပီယား ဖယ်ထုတ်ပြီး စာရင်း၏ ထိပ်ဆုံး ရောက်လာခဲ့ပြီဟု သိရပါတယ်။
ထိုသို့ ထိပ်ဆုံး သို့ ရောက်ရှိလာရခြင်း မှာလည်းအဆိုပါ နိုင်ငံများ အားလုံးထဲတွင် မြန်မာသည်၂၀၁၇ စာရငိးဇယားအရ ဒေါ်လာ ၄.၃ ဘီလီယံ နှင့် ပြည်ပရင်းနှီးမြုပ်နှံမှု အများဆုံး ရရှိခဲ့ခြင်းကြောင့် လည်း ဖြစ်တယ်လို့ဆိုပါတယ်။လူတဦး၏ ပျမ်းမျ ၀င်ငွေသည် တနှစ်လျင် အမေရိကန် ဒေါ်လာ ၁,၂၃၀ အောက် ရောက်ရှိနေမှသာ ဆင်းရဲသည့် LDC နိုင်ငံ စာရင်းဝင် အဖြစ်သတ်မှတ်ပါတယ်။
အဆိုပါ စံနှုန်းအရ ၄၇ နိုင်ငံ ရှိသည့် အထဲတွင်၃၁ နိုင်ငံသည် အာဖရိက မှ ဖြစ်ပြီး အာရှဖက်က ဆိုလျင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား၊ အာဖဂန်နစ္စတန်၊ ဘူတန်၊ အရှေ့ တီမော၊ လာအို၊နီပေါ နှင့် ယီမင်တို့ ပါဝင်နေပါတယ်။ထိုအတွက် လာမည့်နှစ်များ အတွင်း ဘင်္ဂလားဒေ့ရှ်၊ လာအို နှင့် မြန်မာတို့သည် ဆင်းရဲသောLDC နိုင်ငံ ဘ၀မှ လွတ်မြောက်လာဖွယ် ရှိသည်ဟု ကမ္ဘာဘဏ် အစီရင်ခံစာ မှ ခန့် မှန်းထားပြီး ဖြစ်ပါတယ်။
ကိုးကား။ ။ Nikki Asian Review
Ref : Hla Soewai. VOA
Unicode
ကမ္ဘာဘဏ် မှ နောက်ဆုံး ထုတ်ပြန်လိုက်သောစာရင်းဇယားများ အရ မြန်မာ အပါအဝင် ဖွံ့ ဖြိုးမှု အနည်းဆုံး နိူင်ငံ (Least Developed Country)စာရင်းဝင် ၄၇ နိူင်ငံ ရှိနေရာ မှ မြန်မာသည် အီသီယိုပီယား ဖယ်ထုတ်ပြီး စာရင်း၏ ထိပ်ဆုံး ရောက်လာခဲ့ပြီဟု သိရပါတယ်။
ထိုသို့ ထိပ်ဆုံး သို့ ရောက်ရှိလာရခြင်း မှာလည်းအဆိုပါ နိူင်ငံများ အားလုံးထဲတွင် မြန်မာသည်၂၀၁၇ စာရငိးဇယားအရ ဒေါ်လာ ၄.၃ ဘီလီယံ နှင့် ပြည်ပရင်းနှီးမြုပ်နှံမှု အများဆုံး ရရှိခဲ့ခြင်းကြောင့် လည်း ဖြစ်တယ်လို့ဆိုပါတယ်။လူတဦး၏ ပျမ်းမျ ဝင်ငွေသည် တနှစ်လျင် အမေရိကန် ဒေါ်လာ ၁,၂၃၀ အောက် ရောက်ရှိနေမှသာ ဆင်းရဲသည့် LDC နိူင်ငံ စာရင်းဝင် အဖြစ်သတ်မှတ်ပါတယ်။
အဆိုပါ စံနှုန်းအရ ၄၇ နိူင်ငံ ရှိသည့် အထဲတွင်၃၁ နိူင်ငံသည် အာဖရိက မှ ဖြစ်ပြီး အာရှဖက်က ဆိုလျင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား၊ အာဖဂန်နစ္စတန်၊ ဘူတန်၊ အရှေ့ တီမော၊ လာအို၊နီပေါ နှင့် ယီမင်တို့ ပါဝင်နေပါတယ်။ထိုအတွက် လာမည့်နှစ်များ အတွင်း ဘင်္ဂလားဒေ့ရှ်၊ လာအို နှင့် မြန်မာတို့သည် ဆင်းရဲသောLDC နိူင်ငံ ဘဝမှ လွတ်မြောက်လာဖွယ် ရှိသည်ဟု ကမ္ဘာဘဏ် အစီရင်ခံစာ မှ ခန့် မှန်းထားပြီး ဖြစ်ပါတယ်။
ကော်မတီအနေနဲ့ တဦးချင်းဝင်ငွေ၊ လူသားအရင်းအမြစ်၊ စီးပွားရေး အခက်ကြုံနိုင်တဲ့ အလားအလာ စတဲ့ အချက်သုံးချက်ပေါ်မူတည်ပြီး အကဲဖြတ်သုံးသပ်တာဖြစ်ပါတယ်။ ၂၀၁၈ မတ်လမှာ ပြန်လည်ပြီး နောက်ဆုံးသုံးသပ်ထုတ်ပြန်ခဲ့တဲ့ ဒီအစီအရင်ခံစာထဲမှာ တဦးချင်းဝင်ငွေ၊ လူသားအရင်းအမြစ်၊ စီးပွားရေး အခက်ကြုံနိုင်တဲ့ အလားအလာစတာတွေကို အဓိကထားပြီး သတ်မှတ်ခဲ့တာဖြစ်တယ်လို့ UNCTAD ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ဒီသုံးချက်အပြင် နိုင်ငံအနေနဲ့ လူဦးရေ (၇၅)သန်းကနေ မကျော်လွန်ဖို့လည်း လိုအပ်ပါတယ်။
နိုင်ငံတခုဟာ တဦးချင်းဝင်ငွေ အနည်းဆုံးနှစ်ဆ တိုးလာပြီး တနှစ်ကို ဒေါ်လာ ၂၄၆၀ ရှိလာပြီး၊ ဒီအတိုင်း ဆက်လက်တည်တံမယ့် အခြေအနေရှိမယ်ဆိုရင်တော့ ကျန်တဲ့ နှစ်ချက်ကို မကြည့်တော့ပဲ အဲဒီနိုင်ငံကို LDC စာရင်းက ဖယ်ထုတ်လိုက်မှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
LDC စာရင်းကနေ တဖြေးဖြေးချင်း ဖယ်ထုတ်ပေးနိုင်မယ့် အလားအလာရှိတဲ့ သုံးနိုင်ငံတို့ကတော့- မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအို နိုင်ငံတို့ဖြစ်ကြပါတယ်။ ၂၀၂၁ခုနှစ်မှာတော့ အပြည့်အဝဖယ်ထုတ်ပေးနိုင်မယ့် အခြေအနေရောက်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၈၇ခုနှစ် ကတည်းက စတင်ပြီး LDC စာရင်းမှာ တင်သွင်းခြင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိ NLD အစိုးရလက်ထက်မှာ ဒီစာရင်းကနေ ပယ်ဖျက်ခွင့် ရရှိနိုင်အောင် ကော်မတီဖွဲ့ပြီး ကြိုးပမ်းနေတာဖြစ်ပါတယ်။
သို့သော် ၂၀၁၈ နောက်ဆုံးစာရင်းဇယားအရမြန်မာရှိ လူတဦးချင်း ပျမ်းမျဝင်ငွေသည် ဒေါ်လာ၁၂၉၈.၉ ဖြစ်နေပါပြီ။မြန်မာသည် ဦးနေဝင်း အုပ်ချုပ်မှု အောက်တွင်ရှိခဲ့သည့် ၁၉၈၇ ထဲက LDC နိူင်ငံ ဘ၀ ကျရောက်သွားခဲ့ရပြီး စစ်အစိုးရ အဆက်ဆက်လည်း လွတ်မြောက်အောင် ဆောင်ရွက်နိူင်ခြင်းမရှိခဲ့တာ တွေ့ရပါတယ်။
ကိုးကား။ ။ Nikki Asian Review
Ref : Hla Soewai. VOA
About the author
ilove
Leave a Comment