Shwe News

ေထာင္ထဲမွာ အလွသရဖူေဆာင္းႏုိင္ခဲ့ေပမယ့္ ေသဒဏ္ေပးခံရတဲ့ အမ်ိဳးသမီးရဲ႕အျဖစ္

အသက္(၂၄)ႏွစ္သာရွိေသးၿပီး လူသတ္မႈနဲ႔ အက်ဥ္းေထာင္ထဲမွာ တရားရင္ဆုိင္ေနရတဲ့ အမ်ိဳးသမီးငယ္တစ္ဦးဟာ ေထာင္အတြင္းမွာ က်င္းပတဲ့ အလွမယ္ေရြးပြဲမွာ သရဖူေဆာင္းႏုိင္ခဲ့ပါတယ္။ သူမရဲ႕အမည္ကေတာ့ Ruth Kamande ျဖစ္ၿပီး ကင္ညာႏုိင္ငံသူပါ။ သူမဟာ ခ်စ္သူအမ်ိဳးသားကို ဓားနဲ႔အခ်က္ေပါင္း (၂၅)ခ်က္အထိ ထုိးသတ္ခဲ့တဲ့အတြက္ ျပစ္မႈရင္ဆုိင္ေနရသူပါ။

Ruth ဟာ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လက ေထာင္တြင္းအလွသရဖူကို ေဆာင္းႏုိင္ခဲ့တာျဖစ္ၿပီး တရား႐ုံးက သူမရဲ႕ ႀကီးမားလွတဲ့ ျပစ္မႈႀကီးအတြက္ ေသဒဏ္ခ်မွတ္ျခင္းကို ခံခဲ့ရပါတယ္။ Ruth ရဲ႕အျဖစ္ဟာ ဒီေန႔ဘုရင္ျဖစ္၊ ေနာက္ရက္မွာ အလုပ္ႀကံခံရသူရဲ႕အျဖစ္နဲ႔ ခပ္ဆင္ဆင္ပါဘဲ။

ဒီျပစ္မႈနဲ႔ပတ္သက္လုိ႔ လူ႕အခြင့္အေရးလႈပ္ရွားသူေတြက ျပစ္ဒဏ္ဟာ အလြန္ကုိ ေခတ္ေနာက္က်ေနၿပီလုိ႔ ေဝဖန္ခဲ့ပါတယ္။ ဒါေပမယ့္ တရား႐ုံးဘက္ကေတာ့ ဘာမွ မတုန္႔ျပန္ခဲ့ပါဘူး။ Ruth ဟာ Farid Mohammed လုိ႔အမည္ရတဲ့ သူမရဲ႕ ခ်စ္သူကို သတ္ပစ္ခဲ့သူျဖစ္ၿပီး Farid ကလည္း (၂၄)ႏွစ္ ျဖစ္ပါတယ္။

Ruth ဟာ Farid ကုိ ေသြးအုိင္ထဲမွာ ရက္ရက္စက္စက္ သတ္ၿပီးေနာက္ ေနာင္တရဟန္မျပခဲ့ဘဲ ျပစ္မႈကို ရင္ဆုိင္ခဲ့ပါတယ္။ သူမဟာ Nairobi ၿမိဳ႕က Lang’ata အက်ဥ္းေထာင္အတြင္းမွာ အခ်ဳပ္ေႏွာင္ခံေနရစဥ္ ‘Miss Lang’ata Prison’ဆုိတဲ့ အလွသရဖူႀကီးကို ဆြတ္ခူးႏုိင္ခဲ့တာပါ။

ေသဒဏ္ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့ အမ်ိဳးသမီးတရားသူႀကီး Jessie Lesiit က ” ေျပာရရင္ ကိုယ့္ရဲ႕ ရည္းစားဆုိသူကုိေတာင္ ေအးေအးေဆးေဆး သတ္ႏုိင္သူတစ္ေယာက္ရဲ႕ လုပ္ရပ္ဟာ ဥပေဒအရလည္း အလြန္ျပင္းထန္တဲ့ ျပစ္ဒဏ္ ထုိက္သင့္တယ္လုိ႔ ေႏွာင္းေခတ္လူေတြကုိ ပညာေပးလုိပါတယ္ … ဒီလုိ အလြန္ၾကမ္းၾကဳတ္တဲ့ အျပဳအမူမ်ိဳးကို အားလုံး ေရွာင္ရွားရမယ္ “လုိ႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္ လူ႕အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕တစ္ခုျဖစ္တဲ့ Amnesty International အဖြဲ႕ကေတာ့ ျပစ္ဒဏ္ဟာ အလြန္ရက္စက္ရာ က်လြန္းၿပီး၊ ဥပေဒကလည္း ေခတ္မမီေတာ့တဲ့ ဥပေဒျဖစ္ေၾကာင္း၊ ျပန္လည္သုံးသပ္ေစလုိေၾကာင္း ေဝဖန္တုိက္ခုိက္ခဲ့ပါတယ္။ ေသဆုံးသူရဲ႕ ေဆြမ်ိဳးသားခ်င္းေတြကေတာ့ Ruth ရဲ႕ ျပစ္ဒဏ္ကို အလြန္ေက်နပ္ေနတယ္လုိ႔ ေျပာပါတယ္။

Farid ရဲ႕အေဒၚျဖစ္သူ Emmah Wanjiku က ” ဝမ္းသာပါတယ္ … ကၽြန္မတုိ႔ ဒီေန႔ကုိ ေစာင့္ေနတာ အေတာ္ၾကာပါၿပီ … သူရဲ႕ အဖုိးအဖြားေတြကလည္း ေက်နပ္ေနၾကပါတယ္ … သူဟာ အလုပ္ခြင္ ဝင္ေရာက္ကာစ အခ်ိန္ေလးမွာ အခုလုိ ရက္ရက္စက္စက္ အသတ္ခံခဲ့ရတာပါ “လုိ႔ ေျပာခဲ့ပါတယ္။

နတ္စည္ေတာ္ (MyanmarNote)
source : mirror.co.uk

  • Unicode

အသက်(၂၄)နှစ်သာရှိသေးပြီး လူသတ်မှုနဲ့ အကျဉ်းထောင်ထဲမှာ တရားရင်ဆိုင်နေရတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ထောင်အတွင်းမှာ ကျင်းပတဲ့ အလှမယ်ရွေးပွဲမှာ သရဖူဆောင်းနိုင်ခဲ့ပါတယ်။ သူမရဲ့အမည်ကတော့ Ruth Kamande ဖြစ်ပြီး ကင်ညာနိုင်ငံသူပါ။ သူမဟာ ချစ်သူအမျိုးသားကို ဓားနဲ့အချက်ပေါင်း (၂၅)ချက်အထိ ထိုးသတ်ခဲ့တဲ့အတွက် ပြစ်မှုရင်ဆိုင်နေရသူပါ။

Ruth ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ထောင်တွင်းအလှသရဖူကို ဆောင်းနိုင်ခဲ့တာဖြစ်ပြီး တရားရုံးက သူမရဲ့ ကြီးမားလှတဲ့ ပြစ်မှုကြီးအတွက် သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရပါတယ်။ Ruth ရဲ့အဖြစ်ဟာ ဒီနေ့ဘုရင်ဖြစ်၊ နောက်ရက်မှာ အလုပ်ကြံခံရသူရဲ့အဖြစ်နဲ့ ခပ်ဆင်ဆင်ပါဘဲ။

ဒီပြစ်မှုနဲ့ပတ်သက်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြစ်ဒဏ်ဟာ အလွန်ကို ခေတ်နောက်ကျနေပြီလို့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးဘက်ကတော့ ဘာမှ မတုန့်ပြန်ခဲ့ပါဘူး။ Ruth ဟာ Farid Mohammed လို့အမည်ရတဲ့ သူမရဲ့ ချစ်သူကို သတ်ပစ်ခဲ့သူဖြစ်ပြီး Farid ကလည်း (၂၄)နှစ် ဖြစ်ပါတယ်။

Ruth ဟာ Farid ကို သွေးအိုင်ထဲမှာ ရက်ရက်စက်စက် သတ်ပြီးနောက် နောင်တရဟန်မပြခဲ့ဘဲ ပြစ်မှုကို ရင်ဆိုင်ခဲ့ပါတယ်။ သူမဟာ Nairobi မြို့က Lang’ata အကျဉ်းထောင်အတွင်းမှာ အချုပ်နှောင်ခံနေရစဉ် ‘Miss Lang’ata Prison’ဆိုတဲ့ အလှသရဖူကြီးကို ဆွတ်ခူးနိုင်ခဲ့တာပါ။

သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ အမျိုးသမီးတရားသူကြီး Jessie Lesiit က ” ပြောရရင် ကိုယ့်ရဲ့ ရည်းစားဆိုသူကိုတောင် အေးအေးဆေးဆေး သတ်နိုင်သူတစ်ယောက်ရဲ့ လုပ်ရပ်ဟာ ဥပဒေအရလည်း အလွန်ပြင်းထန်တဲ့ ပြစ်ဒဏ် ထိုက်သင့်တယ်လို့ နှောင်းခေတ်လူတွေကို ပညာပေးလိုပါတယ် … ဒီလို အလွန်ကြမ်းကြုတ်တဲ့ အပြုအမူမျိုးကို အားလုံး ရှောင်ရှားရမယ် “လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International အဖွဲ့ကတော့ ပြစ်ဒဏ်ဟာ အလွန်ရက်စက်ရာ ကျလွန်းပြီး၊ ဥပဒေကလည်း ခေတ်မမီတော့တဲ့ ဥပဒေဖြစ်ကြောင်း၊ ပြန်လည်သုံးသပ်စေလိုကြောင်း ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေကတော့ Ruth ရဲ့ ပြစ်ဒဏ်ကို အလွန်ကျေနပ်နေတယ်လို့ ပြောပါတယ်။

Farid ရဲ့အဒေါ်ဖြစ်သူ Emmah Wanjiku က ” ဝမ်းသာပါတယ် … ကျွန်မတို့ ဒီနေ့ကို စောင့်နေတာ အတော်ကြာပါပြီ … သူရဲ့ အဖိုးအဖွားတွေကလည်း ကျေနပ်နေကြပါတယ် … သူဟာ အလုပ်ခွင် ဝင်ရောက်ကာစ အချိန်လေးမှာ အခုလို ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (MyanmarNote)
source : mirror.co.uk

About the author

Wai Phyo Oo

Leave a Comment