Shwe News
ကုန်းတံတားအောက်က… စွန့်ပစ်ခံ အဘိုးအိုတစ်ဦးကို …ကယ်တင်လိုက်နိုင်ခဲ့တဲ့ ….သူရဲကောင်းတစ်ဦး
ဒီနေ့ အလုပ်ပီးလို့ လာတာနဲ့ သမိုင်းမျြို့သစ်ဘူတာနဲ့ သမိုင်းဘူတာနား ဂုံးတံတားအသေးလေး အာက်မှာ အဘိုးဂျီး တယောက် အိပ်နေတာ မြင်တော့ သွားမေးကြည့်တော့ တလလောက်ရှိပီတဲ့ဗျာ ဒီလိုခြင်ထောင်မရှိဘူးအိပ်ပီးနေတာ ခြင်တွေကတော့ မြင်မကောင်းအောင်ကိုက်နေတာပဲ အုံပီးခဲနေကြတာ
ကျနော့်ဖုန်းလည်းဆက်သွယ်ပေးနိုင်ပါတယ်။
Ph 09400700874
နောက်ဆက်တွဲ
Credit – Soewin Hlaingc
  • Unicode Version
သမိုင်းကုန်းတံတားအောက်က စွန့်ပစ်ခံ ပင်စင်စား အဘိုးအိုတစ်ဦးကို ကယ်တင်လိုက်နိုင်တဲ့ သူရဲကောင်းတစ်ဦး
ဒီနေ့ည ၈ နာရီလောက်မှာ လူမှုကွန်ယက် fb မှာ အကောင့်နာမည် Soewin Hlaingc နဲ့ post တစ်ခု တက်လာပါတယ်။ Post ထဲမှာတော့ သမိုင်းဘူတာနားက ကုန်းတံတားလေးအောက်မှာ အဘိုးအိုတစ်ယောက် ခြင်ထောင်မပါဘဲ အိပ်နေတာကို သွားရောက်မေးမြန်း ကူညီစောင့်ရှောက်ခဲ့ပြီး အဘိုးအိုကို ပို့နိုင်မယ့် ဂေဟာကို စုံစမ်းထားတဲ့ အကြောင်းပါ။
အဲဒီ post ဟာ တခဏချင်းပဲ ပျံ့နှံ့ခဲ့ပြီး အကြံပြုချက် အတော်များများကိုလည်း ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ည ၁၀ နာရီ ဝန်းကျင်ခန့်မှာ ပရဟိတ အသင်းတစ်ခုနဲ့ ချိတ်ဆက်ပြီး အဘိုးအိုအား ဆေးရုံကြီးကို ပို့နိုင်ခဲ့တယ်လို့ update လုပ် ခဲ့ပါတယ်။ အကူအညီလိုတဲ့သူကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အကူအညီပေးခဲ့ကြတဲ့ ပရဟိတ အဖွဲ့ဝင်တွေနဲ့ အများသိအောင် ပြုလုပ်ခဲ့တဲ့ အကောင့်ပိုင်ရှင် Soewin Hlaingc ကို ယခု post နဲ့ ဂုဏ်ပြုရင်း သူ့ရဲ့ မူရင်း post ကို ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ။
ဒီနေ့ အလုပ်ပီးလို့ လာတာနဲ့ သမိုင်းမြျို့သစ်ဘူတာနဲ့ သမိုင်းဘူတာနား ဂုံးတံတားအသေးလေး အာက်မှာ အဘိုးဂျီး တယောက် အိပ်နေတာ မြင်တော့ သွားမေးကြည့်တော့ တလလောက်ရှိပီတဲ့ဗျာ ဒီလိုခြင်ထောင်မရှိဘူးအိပ်ပီးနေတာ ခြင်တွေကတော့ မြင်မကောင်းအောင်ကိုက်နေတာပဲ အုံပီးခဲနေကြတာ
ဒါနဲ့သွားမေးကြည့်တော့ သားသမီးတွေလည်း မရှိတော့ဘူး အိမ်လည်းမရှိဘူး အရင်ကဆည်မြောင်းမှာလုပ်ခဲ့တာတဲ့ ပင်စင်လည်းသွားမထုတ်နိုင်တော့ဘူးတဲ့ဗျ။ အဘဘာစားမလဲမေးတော့ ငှက်ပျောသီးနဲ့ အရည်လေး သောက်ချင်တေတဲ့ ကျွေးတော့ စားတယ်ဗျ မနက်ဖန်လည်း လာခဲ့အုံးတဲ့ မျက်ရည်တေကျပီးပြောတေ အဘ ဘိုးဘွားရိပ်သာ သွားမလား မေးတော့ သူတို့လက်ခံမယ်ဆိုရင်သွားမယ်တဲ့
အဲဒါ အခုလို လူတယောက်ဒုက္ခတအားခံပီး အသက်မထွက်သွားစေချင်ဘူး သက်သောင့်သက်သာ ထွက်သွားစေချင်လို
ရန်ကုန်မှာ ဒီလို အဘိုးအဘွားတွေကို လက်ခံတဲ့ရိပ်သာရှိကြလားဗျ။ ပို့မယ်ဆို ဘာတွေလိုအပ်ပါသလဲ ဘလိုပို့ပေးရမလဲ လိပ်စာနဲ့လိုအပ်တာတွေပြောပေးကြပါ သိရင် ကျနော်စရိတ်စက တာဝန်အကုန်ယူပီးပို့ပေးပါမယ်။ ကျနော်က နယ်ကမို့ပါ ရိပ်သာတွေ သိပ်မသိလို့ လမ်းညွန်ပေးကြပါ။
ကျနော့်ဖုန်းလည်းဆက်သွယ်ပေးနိူင်ပါတယ်။
Ph 09400700874
နောက်ဆက်တွဲ
ကျနော်ည ၁၀ နာရီလောက်က ပရဟိတအသင်းတသင်းနဲ့ဆက်သွယ်ပီး ဆေးရုံကြီးကိုပို့လိုက်ပါပီ ဝိုင်းဝန်း ကူညီကြသူ တွေကို ကျေးဇူးအများကြီးတင်ပါတေ# အဖိုးအဆင်ပြေသွားပါပီ
Credit – Soewin Hlaingc
About the author
Crypoetess
Leave a Comment