Shwe News

တရုတ္ျပည္ထုတ္.. ၾကက္သြန္ျဖဴေတြမွာ… ဓာတုေဆး …အမ်ားအျပား …သံုးထားတယ္လုိ႔ …သတင္းထြက္ေပၚ

တရုတ္ျပည္ထုတ္ ၾကက္သြန္ျဖဴေတြမွာ ဓာတုေဆး အမ်ားအျပား သံုးထားတယ္လုိ႔ သတင္းထြက္ေပၚ

ေစ်းထဲမွာ ေရာင္းေနတဲ့ အမႊာႀကီးႀကီး ၾကက္သြန္ျဖဴေတြကို အရင္က ရွမ္းၾကက္သြန္ျဖဴလုိ႔ ထင္ထားခဲ့ပါတယ္။ ေနာက္မွ သိရတာက ရွမ္းၾကက္သြန္ျဖဴေတြ မဟုတ္ပါဘူး။ တရုတ္က လာတဲ့ ၾကက္သြန္ျဖဴေတြလုိ႔ သိရပါတယ္။

ေအာက္ပါသတင္းကေတာ့ ႀသစေႀတးလ်က ႀကက္သြန္ျဖဴအဖြဲ႕ က ဟင္နရီဘဲလ္ ရဲ႕ ေတြ႕ရွိခ်က္ကုုိ ကုုိးကားျပီး ေရးထား တာပါ။

တရုုတ္ႀကက္သြန္ျဖဴေတြကုုိ အေရာင္ခြ်တ္ေဆးသုုံးထားပါတယ္။ ႀကက္သြန္ျဖဴကုုိ ပုုိးသတ္မထားတဲ့ စြန္႕ပစ္ညစ္ညမ္းေရမွာ စုုိက္ပ်ိးျပီး ထြက္ရွိလာတဲ့အခါ အေညွာင့္မေပါက္ေအာင္၊ ျဖဴေဖြးေနေအာင္၊ ပုုိးမက်ေအာင္ ဓါတုုေဆးဖ်န္းထားပါတယ္။ တရုုတ္ ႀကက္သြန္ျဖဴမွာ ရွိတဲ့ ဓါတုုေဆးဟာ အေရာင္ခြ်တ္ေဆး (ကလုုိရင္း)ထက္ အဆ ၆၀ ျပင္းထန္ျပီး အာရုုံေႀကာနဲ႕ အသက္ရွဳလမ္းေႀကာင္းေတြကုုိ ထိခုုိက္ေစမွာ ျဖစ္တယ္လုုိ႕ ဆုုိပါတယ္။

အေကာင္းဆုုံးကေတာ့ ကုုိယ့္ျပည္တြင္းထုုတ္ကုုန္ကုုိ သုုံးစြဲျခင္းပါတဲ့။ တရုုတ္ျပည္က ထြက္တဲ့ ဂ်င္း ႀကက္သြန္ျဖဴေတြဟာ ကမာၻအႏွံ႕ကုုိ သြားပါတယ္။ ဘယ္လုုိတင္ပုုိ႕ ေရာင္းခ်သလဲဆိုုတာ မသိေပမဲ့ လွပျဖဴေဖြးျပီး ေစ်းအလြန္ေပါပါတယ္။ GMO (မ်ဴိးရုုိးဗီဇေျပာင္းလဲထားျပီးသား) ေတြပဲ ေနမွာပါ။

ျပည္တြင္းမွာ စုိက္ပ်ဳိးတဲ့ သီးႏွံေတြရဲ႕ အထြက္ႏႈန္းက ျပည္တြင္း စားသံုးမႈကုိ မလံုေလာက္တဲ့ အခါ အိမ္နီးခ်င္း ႏုိင္ငံေတြကေန တင္သြင္းၾကရပါတယ္။ ဒါေပမယ့္ ဝိသမေလာဘသား ကုန္သည္တခ်ဳိ႕ကေတာ့ အခြန္ေဆာင္ရမွာ စုိးရိမ္တဲ့ အတြက္ေၾကာင့္ ေမွာင္ခုိလမ္းေၾကာင္းကေန စားေသာက္ကုန္ေတြကုိ သယ္ေဆာင္ၿပီး ႏုိင္ငံတြင္းကုိ တင္ပုိ႔ေလ့ ရွိၾကပါ တယ္။

ေမွာင္ခုိပစၥည္းေတြ ျဖစ္တဲ့ အတြက္ေၾကာင့္ FDA ရဲ႕ စစ္ေဆးမႈေတြလည္း မပါဝင္ပါဘူး။ အဲဒါေၾကာင့္ ေမွာင္ခုိသြင္းတဲ့ စားေသာက္ကုန္ ပစၥည္းအမ်ားစုဟာ အရည္အေသြး မျပည့္မီတဲ့ ပစၥည္းေတြ ျဖစ္ေနေလ့ ရွိပါတယ္။ အထူးသျဖင့္ ေအးခဲ အသားနဲ႔ သီးႏွံလုိမ်ဳိး စားေသာက္ကုန္ေတြဟာ အရည္အေသြး မျပည့္မီရင္ လူကုိ တုိုက္ရုိက္ ဒုကၡေပးႏုိင္တဲ့ အမ်ဳိးအစားေတြ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ နယ္စပ္ ကုန္သြယ္လမ္းေၾကာင္းေတြကုိ လံုၿခံဳေအာင္ အစုိးရအေနနဲ႔ ေဆာင္ရြက္ေပးဖုိ႔ လုိသလုိ မိမိတုိ႔ ျပည္သူေတြဖက္ကလည္း ဘာေတြနဲ႔ လုပ္ထားမွန္း မသိတဲ့ တရုတ္ျပည္ကေန လာတဲ့ အစားအေသာက္ေတြကုိ ေရွာင္က်ဥ္ဖုိ႔ လုိတဲ့အေၾကာင္းကုိ အသိေပး ေရးသားလုိက္ပါတယ္ ခင္ဗ်ာ။

Credit – Aung Than Oo, KTKZ

  • Unicode Version

တရုတ်ပြည်ထုတ် ကြက်သွန်ဖြူတွေမှာ ဓာတုဆေး အများအပြား သုံးထားတယ်လို့ သတင်းထွက်ပေါ်

ဈေးထဲမှာ ရောင်းနေတဲ့ အမွှာကြီးကြီး ကြက်သွန်ဖြူတွေကို အရင်က ရှမ်းကြက်သွန်ဖြူလို့ ထင်ထားခဲ့ပါတယ်။ နောက်မှ သိရတာက ရှမ်းကြက်သွန်ဖြူတွေ မဟုတ်ပါဘူး။ တရုတ်က လာတဲ့ ကြက်သွန်ဖြူတွေလို့ သိရပါတယ်။

အောက်ပါသတင်းကတော့ သြစတြေးလျက ကြက်သွန်ဖြူအဖွဲ့ က ဟင်နရီဘဲလ် ရဲ့ တွေ့ရှိချက်ကို ကိုးကားပြီး ရေးထား တာပါ။

တရုတ်ကြက်သွန်ဖြူတွေကို အရောင်ချွတ်ဆေးသုံးထားပါတယ်။ ကြက်သွန်ဖြူကို ပိုးသတ်မထားတဲ့ စွန့်ပစ်ညစ်ညမ်းရေမှာ စိုက်ပျိးပြီး ထွက်ရှိလာတဲ့အခါ အညှောင့်မပေါက်အောင်၊ ဖြူဖွေးနေအောင်၊ ပိုးမကျအောင် ဓါတုဆေးဖျန်းထားပါတယ်။ တရုတ် ကြက်သွန်ဖြူမှာ ရှိတဲ့ ဓါတုဆေးဟာ အရောင်ချွတ်ဆေး (ကလိုရင်း)ထက် အဆ ၆၀ ပြင်းထန်ပြီး အာရုံကြောနဲ့ အသက်ရှုလမ်းကြောင်းတွေကို ထိခိုက်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကောင်းဆုံးကတော့ ကိုယ့်ပြည်တွင်းထုတ်ကုန်ကို သုံးစွဲခြင်းပါတဲ့။ တရုတ်ပြည်က ထွက်တဲ့ ဂျင်း ကြက်သွန်ဖြူတွေဟာ ကမ္ဘာအနှံ့ကို သွားပါတယ်။ ဘယ်လိုတင်ပို့ ရောင်းချသလဲဆိုတာ မသိပေမဲ့ လှပဖြူဖွေးပြီး ဈေးအလွန်ပေါပါတယ်။ GMO (မျိူးရိုးဗီဇပြောင်းလဲထားပြီးသား) တွေပဲ နေမှာပါ။

ပြည်တွင်းမှာ စိုက်ပျိုးတဲ့ သီးနှံတွေရဲ့ အထွက်နှုန်းက ပြည်တွင်း စားသုံးမှုကို မလုံလောက်တဲ့ အခါ အိမ်နီးချင်း နိုင်ငံတွေကနေ တင်သွင်းကြရပါတယ်။ ဒါပေမယ့် ဝိသမလောဘသား ကုန်သည်တချို့ကတော့ အခွန်ဆောင်ရမှာ စိုးရိမ်တဲ့ အတွက်ကြောင့် မှောင်ခိုလမ်းကြောင်းကနေ စားသောက်ကုန်တွေကို သယ်ဆောင်ပြီး နိုင်ငံတွင်းကို တင်ပို့လေ့ ရှိကြပါ တယ်။

မှောင်ခိုပစ္စည်းတွေ ဖြစ်တဲ့ အတွက်ကြောင့် FDA ရဲ့ စစ်ဆေးမှုတွေလည်း မပါဝင်ပါဘူး။ အဲဒါကြောင့် မှောင်ခိုသွင်းတဲ့ စားသောက်ကုန် ပစ္စည်းအများစုဟာ အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေ ဖြစ်နေလေ့ ရှိပါတယ်။ အထူးသဖြင့် အေးခဲ အသားနဲ့ သီးနှံလိုမျိုး စားသောက်ကုန်တွေဟာ အရည်အသွေး မပြည့်မီရင် လူကို တိုက်ရိုက် ဒုက္ခပေးနိုင်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။

အဲဒါကြောင့် နယ်စပ် ကုန်သွယ်လမ်းကြောင်းတွေကို လုံခြုံအောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုသလို မိမိတို့ ပြည်သူတွေဖက်ကလည်း ဘာတွေနဲ့ လုပ်ထားမှန်း မသိတဲ့ တရုတ်ပြည်ကနေ လာတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ဖို့ လိုတဲ့အကြောင်းကို အသိပေး ရေးသားလိုက်ပါတယ် ခင်ဗျာ။

Credit – Aung Than Oo, KTKZ

About the author

Crypoetess

Leave a Comment