Shwe News

အာဆီယံရဲ့…အပူဆုံးစံချိန်ချိုးလိုက်တဲ့… မြန်မာနိုင်ငံ ….(သစ်ပင်တွေ များများနဲ့ မြန်မြန် စိုက်ဖို့ လိုနေပါပြီ)

မြန်မာနိုင်ငံမှာ နေတဲ့သူတွေ မျက်စိပွင့်ကြပါတော့ရှင်…. ကြေက်စရာကြီးကို ကြောက်ရကောင်းမှန်းသိအောင် ကျွန်မ ဘယ်လိုများ ပြောရပါ့မလဲ? ဟိုးအရင်တုန်းက အုံ့အုံ့ဆိုင်းဆိုင်းနဲ့ စိမ်းစိုခဲ့တဲ့ဒီ နိုင်ငံကြီးက နေရင်ထိုင်ရင်း ထပြီး ပူလာတာ မဟုတ်ပါဘူး… နောက်ထပ်လဲ ဒီထက် ဆက်ပြီးခုတ်နေရင် ဒီအပူလောက်နဲ့တင် ရပ်နေမှာ မဟုတ်ပါဘူး…

ကျွန်မတို့မြို့ထဲနားက ပန်ထရာ လမ်းမှာဆိုရင် အရင်က သက်သက်မဲ့ လှလွန်းလို့ လမ်းမကြုံကြုံအောင် ဖြတ်သွားရတဲ့ နေရာလေးပါသစ်ပင်ရိပ်တွေနဲ့ လှမှလှ….. လွန်ခဲ့တဲ့ ၆ လလောက်ကမှ ဟိုတယ်ကြီးဆောက်ဖို့ဆိုပြီး လှပအုံ့ဆိုင်းနေတဲ့ အပင်အကြီးကြီးတွေကို ရက်ရက်စက်စက် ခုတ်ချလိုက်တာ မြို့ထဲက ဒဂုံမြို့နယ်ထဲမှာဆိုတော့ တောင်ဒဂုံနဲ့ မြောက်ဒဂုံကို အားကျလို့လားမသိပါဘူး ဟိုတယ်ဆိုတဲ့ ပါမစ်လေး တင်လိုက်တာနဲ့ ကောင်စီက ခုတ်ခွင့်တွေ ပေးလိုက်တာ… လွင်ထီးခေါင်ပြင်ကြီးကို ဖြစ်သွားရောပဲ…

ဒီထက်ဆက်ပြီး အပူချိန်ပိုမြင့်လာရင် အပင်အသစ်တွေတာင် ပြန်စိုက်ဖို့ မလွယ်တော့တဲ့ သဲကန္ဒာရကြီးလို ဖြစ်သွားမှာ မကြောက်ကြဘူးလားရှင့်?… ဒီပုံလေးကိုပဲ ကြည့်ကြည့်ပါ အရင်တုန်းက မြန်ာနိင်ငံရဲ့ အပူချိန်နဲ့ အခုဘေးပတ်ဝန်းကျင် နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် အပူချိန်က မတွေးရဲ့စရာပါ… အာရှမှာ အပူဆုံးဆိုတာအပြင် သမိုင်း တစ်လျှောက်လုံးမှာ အပူဆုံးဆိုတာကို ပြထားတာပါ။ ဒီနှစ် အပူဆုံးဆိုတာနဲ့ နောင်နှစ် ဒီလောက်မပူဘူးလို့ ထင်နေတွေးနေ ကြမယ့် သူတွေကို သတင်းဆိုး တစ်ခု ပေးပါရစေ နောင်နှစ်ကျရင် ဒီထက် ပိုပြီး ပူဖို့ပဲ ရှိပါတယ်ရှင်… သစ်ပင်တွေ မစိုက် သရွေ့ သစ်ပင်တွေ ထပ်ပြီး ခုတ်နေသရွေ့…… ဒီနှစ်အပူဆုံးဆိုတာ နောင်နှစ်ကို မှီိမှာ မဟုတ်ပါဘူးလို့….

ငါနဲ့မဆိုင်ဘူးလို့ ထင်နေသောသူများကို ဒီpost လေး ရှယ်ပေးကြပါနော်…ဘယ်နေရာမှာလဲ ကြည့်ကြည့်လို့ ရပါတယ်… သစ်ပင်တွေ ပြန်စပြီး စိုက်ကြပါတော့လား?…

မူရင်းရေးသားသူ – သန္တာလှိုင် (မော်ဒယ်သရုပ်ဆောင်)

About the author

Crypoetess

Leave a Comment