Shwe News

သမီးလေး… သွန်းမြတ်ကြယ်စင်ရဲ့ …ချစ်စဖွယ် နှုတ်ဆက်မှုကြောင့် …ပီတိတွေဖြာဝေသွားခဲ့ရတဲ့ …ထက်ထက်မိုးဦး






We Love Cele


  • Unicode Version

ယနေ့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေကြားရေပန်းစားနေတဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ကတော့ Little Miss Supranational 2019 ဆုရှင်လေးပဲဖြစ်ပါတယ်။ ပွင့်လင်းတဲ့စကားပြောဟန်လေးနဲ့အတူ ပရိသတ်တွေကို ဖမ်းစားနိုင်လွန်းတဲ့ စတိုင်လေးကြောင့် သွန်းမြတ်ကြယ်စင်ဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာခဲ့တာဖြစ်ပါတယ်။

သွန်းမြတ်ကြယ်စင်ကတော့ သူမရဲ့ အိုင်ဒေါဖြစ်တဲ့ ဝါရင့်အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်သူ ထက်ထက်မိုးဦးကို ချစ်စဖွယ်ကောင်းလောက်အောင် နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီ ထက်ထက်မိုးဦးကလည်း သမီးလေး သွန်းမြတ်ကြယ်စင်ကို အားပေးတဲ့ ပရိသတ်တစ်ဦးဖြစ်နေပြီးတော့ သမီးလေးအသုံးပြုနေတဲ့အကောင့်ကနေ လာအပ်ထားတာကို ဝမ်းသာအားရနဲ့ လက်ခံပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သမီးလေးသွန်းမြတ်ကြယ်စင်က ထက်ထက်မိုးဦးကို ချစ်စဖွယ်နှုတ်ဆက်အသံလေးနဲ့ နှုတ်ဆက်စကားပြောကြားထားတာကိုလည်း ထက်ထက်တစ်ယောက် ဝမ်းသာပီတိတွေဖြစ်လို့နေပါတယ်။

ဒီအသံလေးကြောင့် သမီးလေး သွန်းမြတ်ကြယ်စင်ကိုမှတ်မိခဲ့တာဖြစ်ပြီးတော့ သမီးလေးရဲ့အကောင့်ကိုလည်း လက်ခံပေးလိုက်ပြီဖြစ်ကြောင်း ပြန်လည်ရေးသားထားတာတွေ့ရပါတယ်။

“သိပ်ပြီးချစ်ဖို့ကောင်းတဲ့ သမီးငယ်လေး “သွန်းမြတ်ကြယ်စင်” သမီးပို့လိုက်တဲ့ အသံဖိုင်လေးကြောင့် သမီးကို အန်တီမှတ်မိသွားတယ်” လို့ ထက်ထက်မိုးဦးက ဖော်ပြထားတဲ့ သမီးလေးသွန်းမြတ်ကြယ်စင်ရဲ့ ချစ်စဖွယ်နှုတ်ဆက်သံလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

  • ရုပ်သံဖိုင်အား ကြည့်ရှုရန် နှိပ်ပါ

We Love Cele

About the author

Crypoetess

Leave a Comment