Shwe News

“ခင္ဦးျမဳိ႕ က …ထန္္းပင္ ႏွစ္ေထာင္ေက်ာ္္ကို ….တစ္ဦးတည္းစိုက္္ခဲ႔သူ ကို၀င္းစိုး”

ထန္း ပင္ ၂၀၀၀ စုိက္ပ်ဳိးခဲ့သူ ကိုိဝင္းစုိး

ထန္း ပင္ ထန္းေတာ လြမ္းေမာစရာ ပါပဲလုိ႔ဆုိရေလာက္ေအာင္္ တကယ္ပဲ လြမ္းစရာေတြျဖစ္ခဲ့ပါတယ္..။ ထန္းပင္ဆုိတာ အသုံးဝင္တာ အသာထား…..အပင္ပုံပန္းသ႑န္ အရ..ေျဖာင့္စင္းေသာ ပင္စည္ နဲ႔ သပ္ယပ္တင့္တယ္ တဲ့အခက္အလက္ေတြ နဲ႔ ေလာကအလွ ဝန္းက်င္ မွာ ေထာင္မတ္ေသာပန္းအုိးေလး စုိက္ထားသလုိ မုိ႔ က်မ အလြန္ ခ်စ္ခင္ တဲ့ ေဖးဘရိတ္ သစ္ပင္ျဖစ္ခဲ့ရပါတယ္…။

ငယ္ငယ္ က ေရႊတိဂုံေစတီ ဖူးရန္သြားတဲ့အခါ မိဘေတြကေျမာက္ဘက္မုခ္ေစာင္းတန္္းက ပဲ တက္ေလ့ရွိတာမုိ႔…။ေျမာက္ဘက္မုခ္ မွာ ထန္းပင္ႀကီးသည္ ေရႊတိဂုံေစတီေတာ္ျမတ္ ကုိဦးခုိက္ေနသေယာင္ ပုံရိပ္ဟာ ငယ္ဘဝ ထဲကစြဲျမဲေနခဲ့ဘူးပါတယ္..။

ေနာက္ ဆရာမၿဖစ္ေတာ့ ပုသိမ္ႀကီး စုိက္ပ်ဳိးေရးသိပၸံ မွာ…။ ကေနာင္မင္းသားႀကီး ကုိယ္တုိင္ စုိက္ပ်ဳိးခဲ့တဲ့ အိမ္ေရွ႔မင္းထန္းေတာ အနီးမွာ..။ထန္းပင္ ၂၀၀၀၀ ေလာက္ေတာ့ရွိပါသတဲ့..။ ၄၆ႏွစ္မွာ ကံေတာ္ကုန္သြားတဲ့မင္းသားႀကီး မွာ ထန္းေရေသာက္တာ ဖယ္ထားရင္ ထန္းပင္စုိက္တဲ့ကုသုိလ္ေတာ့ပါသြားမွာ အမွန္ ပါ။

လြန္ခဲ့တဲ့ ၃ႏွစ္ ကၽြန္မ အညာ ကိုိေရာက္တဲ့အခါ အညာေဒသက ထန္းသီးမ်ားကား အေရးလုပ္သူမရွိ။ ။ အပင္ေပၚမွာ အခုိင္လုိက္ေျခာက္ကပ္ေနတာ ျမင္ရေတာ့ စိတ္မသက္မသာ ျမင္ကြင္းအျဖစ္မ်က္ႏွာ လႊဲခဲ့ဘူးပါတယ္..။

ထန္းတက္သူမ်ား မရွိေတာ့…ျပည္ပ ထြက္ခြာသြားသူမ်ား…… မ်ားလာလုိ႔ အားေလ်ာ့ခဲ့ပါေသာလယ္ ယာက႑….ထန္းလ်က္ခ်က္ဘုိ႔ ထင္းရွားပါးမႈကလည္း ထန္းမ်ားရွင္သန္ရပ္တည္မႈကုိ ေထာက္ကန္မေပးႏုိင္..။ေအာ္…လြမ္း လည္းလြမ္း၊ ေမာလည္းေမာ ေသာခ်စ္ေသာထန္းေတာမ်ား ၊ထုိ ခ်စ္ေသာ ထန္းေတာမ်ား သည္ အညာ မွာမေပ်ာ္ပုိက္ေတာ့ၿပီေလာ….။ ကၽြန္မဝမ္းနည္း မိပါတယ္…။

ခင္ဦးျမဳိ႕ က ကုိဝင္းစုိး ဆုိေသာ သူကုိေတြ႕ေတာ့႔ အနည္းငယ္ အားတက္မိပါတယ္..။ ထန္းပင္ ႏွစ္ေထာင္ တစ္ေယာက္တည္းစုိက္ပ်ဳိးပါသတဲ့။သူကေတာ့ အိမ္ေရွ႔မင္းသားလုိ ထန္းရည္ေသာက္ခ်င္လုိ႔စုိက္တာေတာ့မဟုတ္ပါ။ အညာအလွကုိႏုိင္သေလာက္ ထိန္သိမ္းလုိသူ ျဖစ္ပါတယ္…။

ကၽြန္မ က ကုိဝင္းစုိး ဒီလုိ ဇဲြ နပဲ နဲ႔ စုိိက္ဘုိ႔ ဘယ္သူကတြန္းအားေပးခဲ့ပါသလဲ ..ဆုိေတာ့..။ ဆရာမရယ္ သစ္ပင္စုိက္တယ္ ဆုိတာ ကုသုိလ္ ရတာပဲေလ…. တဲ့..တီဗီက တရား နာဘူးတယ္ ..။

ဒါေၾကာင့္ ကၽြန္ေတာ္စုိက္ခဲ့တာတဲ့..။ သူ႔နာမည္က ကုိဝင္းစုိး အခုဆုိအသက္၅၅ ႏွစ္ရွိပါတယ္…။ ၂၀၀၉ ခုႏွစ္ကတည္းကစုိက္ခဲ့တာဆုိေတာ့ သူ႔အသက္၄၅ ႏွစ္က စတင္စုိက္ခဲ့ပါတယ္..။ ခင္ဦး ျမဳိ႕ ျမင္းေဒါင္းရြာကေန သာဝတၳိ ရြာ ကုိ သြားတဲ့ လမ္း ကာဘုိးဆည္ ကေရေပးေျမာင္း တစ္ေလၽွာက္ ကုိေရြးခဲ့ပါတယ္..။

ထန္းသီး ေတြ အလုိလုိ ေႀကြၾကေနတဲ့ သာဝတၳိရြာ ရဲ႔ ေတာင္ဘက္က ဥယ်ာဥ္ရြာကေန ထန္းသီးေတြကုိလွည္းနဲ႔ တုိက္ပါတယ္…။ၿပီး ေတာ့ ေရေပးေျမာင္းနေဘး လမ္းတစ္ဘက္တစ္ခ်က္ကုိ စတင္စုိက္ပ်ဳိးပါေတာ့တယ္…။ထန္းသီး စုိက္ဘုိ႔ ေျမက်င္းတူးဘုိ႔ ေပါက္တူးကုိလည္းသယ္ …။ စုိက္က်င္းကုိလည္းတူး…။တူးလုိက္ စုိက္လုိက္ နဲ႔ မနက္ေနထြက္ကတည္းက စုိက္တာ… တစ္ရက္ ကုိအပင္ ၂၀၀ ၿပီးဘုိ႔မနည္းအားခဲလုပ္ေဆာင္ရပါတယ္..တဲ့..။

ကုိဝင္းစုိးက လယ္ ၁၅ ဧက ရွိသလုိ ႏြားကလည္း ၁၈ေကာင္ရွိေလေတာ့ ပင္မ စုိက္ပ်ဳိးေရးလုပ္ငန္းနဲ႔ အားလပ္ရွာသူတစ္ေယာက္ေတာ့မဟုတ္ခဲ့ပါ..။သူ႔ရဲ႔ စိတ္အားထက္သန္မႈေၾကာင့္သာ လုပ္ေဆာင္ႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္..။သူ႔ေနတဲ့ ရြာနဲ႔ နီးတဲ့လမ္း လည္းျဖစ္တယ္ ဆုိေတာ့ အၿမဲတမ္းၾကည့္ရႈ ေစာင့္ေရွာက္ခဲ့ပါတယ္..။

မညည္းမညဴ တစ္ဦးတည္း စုိက္ခဲ့တာ လမ္းရဲ႔ ယာဘက္္ကုိ ၂၀၀၉ ခုႏွစ္မွာ အပင္၁၀၀၀ ရွိခဲ့ပါတယ္..။ဇြဲနဘဲနဲ႔စုိက္ လည္းစုိက္….. ေသသြားတာရွိခဲ့လ ွ်င္လည္း ခ်က္ခ်င္းျပန္လည္ ဖာေထးခဲ့ပါတယ္..။၂၀၁၂ က်ေတာ့လမ္းရဲ႔ ယာဘက္ကုိ စတင္စုိက္ပ်ဳိးတာ ၂၀၀၉ ခုႏွစ္ကစိုက္သလုိမ်ဳိး အပင္ ၁၀၀၀ ထပ္စုိက္ခဲ့ပါတယ္..။

၂၀၁၆ မွာေတာ့ အပင္မေပါက္တာေတြျပန္လည္ ဖာေထးတာ အခုဆုိ ခင္ဦး ျမဳိ႕ ျမင္းေဒါင္းရြာကေန သာဝတိၳ သြားရာ ေျမသားလမ္း ေလးတစ္ဘက္တစ္ခ်က္ မွာ ေဝဆာလွပေနပါေတာ့တယ္..။

ကာဘုိးဆည္ ကေရေပးေျမာင္း တစ္ေလၽွာက္မွာ အခုဆုိိ ၁၀ႏွစ္သား ထန္း နဲ႔ ၇ႏွစ္သားထန္းပင္မ်ားကုိ ေတြ႕ရပါေတာ့တယ္ ။ထန္းပင္ေတြႀကီး လာၿပီ ဆုိေတာ့ ထန္းပင္ေတြက ရြာထဲမွာ လည္းမရွိ…။ အမ်ားပုိင္ေနရာ ထဲမွာဆုိေတာ့..တစ္ေယာက္ေယာက္ တစ္ခုခု ခူးဆြတ္မယ္ စားမယ္ ဆုိရင္ေကာ…. လုိ႔ကၽြန္မကေမးမိပါတယ္..။

ဆရာမရယ္ စစုိက္ကတည္းက အမ်ားအတြက္လွဴၿပီးသားပါတဲ့..။ အပင္ေပ်ာက္သြားတဲ့ေနရာျပန္စုိက္ဘုိ႔ ကၽြန္ေတာ္ကေတာ့အရိပ္တစ္ၾကည့္ၾကည့္ပါပဲ တဲ့..။ရြာမွာ လည္းေဆးခန္းရွိတယ္ေလ… ေဆးခန္းေရွ႔ မွာ ကၽြန္ေတာ္ဗန္ဒါပင္္ ၂ပင္စုိက္တယ္ … တစ္ပင္ပဲရွင္တယ္…။ ထပ္စုိက္ပါမယ္ တဲ့..။ ေဆးခန္းက ဝန္ထမ္းဆရာမေလး ေတြစားဘုိ႔ ငွက္ေပ်ာပင္လည္း ၅ပင္ စုိက္ေပး ထားပါတယ္ လုိ႔ ကုိဝင္းစုိးရဲ႔ ဇနီး မသန္းသန္းဆင့္ကေျဖေပးပါတယ္..။

သစ္ပင္မ်ားကုိခ်စ္ေသာ..သစ္ပင္စုိက္သူမ်ားကုိပုိလုိ႔ခ်စ္ေသာကၽြန္မ ရဲ႔ မ်က္ေစ့ေတြက ေတာ့ ျမန္မာႏုိင္ငံအႏွံအျပားမွာ ကုိဝင္းစုိးမ်ားစြာ ရွိေနပါေစဆုေတာင္းလ်က္ ရွာေဖြ ေနမိတာ အမွန္ပါ..။

မႏၲေလးတကၠသိုလ္ ႐ုကၡေဗဒ ဌာနမွ တြဲဖက္ပါေမာကၡ ေဒၚကလ်ာလု၏အဆိုအရ ၂ဝ၁၂ ခုႏွစ္မွ ယခုႏွစ္အတြင္း ထန္းပင္ ၅ဝ ရာႏႈန္းခန္႔ ေလ်ာ့က်သြားခဲ့ၿပီး အပင္ေပါင္း ငါးသန္းခန္႔ ဆုံးရႈံးသြားခဲ့သည္ဟု ဆို ပါတယ္.။

ထန္းပင္ေတြကအညာေဒသအတြက္သဘာဝကေပးထားတဲ.ေရစုပ္စက္ႀကီးေတြပါေျမေအာက္ေပ၂၀၀ကေရေတြကိုသူရွင္သန္ဘို.စုပ္ယူရင္း ယာေတြထဲအေပၚေျမဆီလႊာေတြကိုေရေရာက္ေစပါတယ္။တကယ္ေတာ့ အေရွ႕အလယ္ပိုင္းေဒသ သဲကနၱာရေတြမွာ ထန္းပင္နဲ.အမ်ိဳးတူအပင္ေတြ(စြံပလြံ လုိအပင္အုပ္စုေတြ ) ရိွေနတဲ.ေနရာေတြြမွာသာေရရိွတာပါ။ အိုေအစစ္လို.ေခၚၿပီး သိပ္ကိုတန္ဘိုးထားၾကပါတယ္..။

Dr.ေဒၚကလ်ာလူက ထန္းပင္ေတြကအျမစ္ေပါင္းေသာင္းခ်ီရိွေနတာေၾကာင္. ေျမေအာက္ေပ၁၀၀၊ ေပ ၂၀၀ ကေရကိုစုပ္ယူေၾကာင္း၊ သဘာဝ ေရစုပ္စက္ေတြလို ျဖစ္ေၾကာင္း ေျပာတာကုိၾကားဘူးဖတ္ဘူးတာမုိ႔…..

ထန္းပင္စုိက္တာဟာ သစ္ပင္ စုိက္တဲ့ကုသုိလ္တစ္မ်ဳိးထဲမဟုတ္..ေရကုိစုစည္းထိန္းသိမ္းရာေရာက္ပါတဲ့အေၾကာင္း ကုိဝင္းစုိးကုိကၽြန္မက ျပန္ေျပာျပခ်င္ေနမိပါတယ္..။သူတစ္ပါးအားအျပစ္တင္ရႈံ႔ခ်ျခင္းေတြ နဲ႔ အခ်ိန္မကုန္ေစပဲ ။ကုိယ္လုပ္စရာရွိတာ ကုိ ၾကင္နာစြာ တစ္စုိက္မတ္မတ္ လုပ္ေဆာင္ေနျခင္း က..ကမၻာေျမကုိအမွန္တကယ္္ ခ်စ္သူမ်ားရယ္လုိ႔ကၽြန္မက မွတ္တမ္းတင္ထားလုိက္မိပါေတာ့တယ္..။

ေမတၱာျဖင့္္
သစၥာအလင္း

ေခတၱ… မုံရြာKing and Queen Hotel

ဓာတ္ပုံမ်ားရုိက္ကူးေပးပုိ႔ တဲ့ ကုိဝင္းစုိးရဲ႔ တူမေလး မမ်ဳိးသ္ီရိဝင္း ကုိေက်းဇူးအထူးတင္ပါတယ္ ရွင္..။

Upload by ThanThan Sein

Unicode Version

ထန်း ပင် ၂၀၀၀ စိုက်ပျိုးခဲ့သူ ကိုဝင်းစိုး

ထန်း ပင် ထန်းတော လွမ်းမောစရာ ပါပဲလို့ဆိုရလောက်အောင် တကယ်ပဲ လွမ်းစရာတွေဖြစ်ခဲ့ပါတယ်..။ ထန်းပင်ဆိုတာ အသုံးဝင်တာ အသာထား…..အပင်ပုံပန်းသဏ္ဍန် အရ..ဖြောင့်စင်းသော ပင်စည် နဲ့ သပ်ယပ်တင့်တယ် တဲ့အခက်အလက်တွေ နဲ့ လောကအလှ ဝန်းကျင် မှာ ထောင်မတ်သောပန်းအိုးလေး စိုက်ထားသလို မို့ ကျမ အလွန် ချစ်ခင် တဲ့ ဖေးဘရိတ် သစ်ပင်ဖြစ်ခဲ့ရပါတယ်…။

ငယ်ငယ် က ရွှေတိဂုံစေတီ ဖူးရန်သွားတဲ့အခါ မိဘတွေကမြောက်ဘက်မုခ်စောင်းတန်းက ပဲ တက်လေ့ရှိတာမို့…။မြောက်ဘက်မုခ် မှာ ထန်းပင်ကြီးသည် ရွှေတိဂုံစေတီတော်မြတ် ကိုဦးခိုက်နေသယောင် ပုံရိပ်ဟာ ငယ်ဘဝ ထဲကစွဲမြဲနေခဲ့ဘူးပါတယ်..။

နောက် ဆရာမဖြစ်တော့ ပုသိမ်ကြီး စိုက်ပျိုးရေးသိပ္ပံ မှာ…။ ကနောင်မင်းသားကြီး ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ အိမ်ရှေ့မင်းထန်းတော အနီးမှာ..။ထန်းပင် ၂၀၀၀၀ လောက်တော့ရှိပါသတဲ့..။ ၄၆နှစ်မှာ ကံတော်ကုန်သွားတဲ့မင်းသားကြီး မှာ ထန်းရေသောက်တာ ဖယ်ထားရင် ထန်းပင်စိုက်တဲ့ကုသိုလ်တော့ပါသွားမှာ အမှန် ပါ။

လွန်ခဲ့တဲ့ ၃နှစ် ကျွန်မ အညာ ကိုရောက်တဲ့အခါ အညာဒေသက ထန်းသီးများကား အရေးလုပ်သူမရှိ။ ။ အပင်ပေါ်မှာ အခိုင်လိုက်ခြောက်ကပ်နေတာ မြင်ရတော့ စိတ်မသက်မသာ မြင်ကွင်းအဖြစ်မျက်နှာ လွှဲခဲ့ဘူးပါတယ်..။

ထန်းတက်သူများ မရှိတော့…ပြည်ပ ထွက်ခွာသွားသူများ…… များလာလို့ အားလျော့ခဲ့ပါသောလယ် ယာကဏ္ဍ….ထန်းလျက်ချက်ဘို့ ထင်းရှားပါးမှုကလည်း ထန်းများရှင်သန်ရပ်တည်မှုကို ထောက်ကန်မပေးနိုင်..။အော်…လွမ်း လည်းလွမ်း၊ မောလည်းမော သောချစ်သောထန်းတောများ ၊ထို ချစ်သော ထန်းတောများ သည် အညာ မှာမပျော်ပိုက်တော့ပြီလော….။ ကျွန်မဝမ်းနည်း မိပါတယ်…။

ခင်ဦးမြို့ က ကိုဝင်းစိုး ဆိုသော သူကိုတွေ့တော့ အနည်းငယ် အားတက်မိပါတယ်..။ ထန်းပင် နှစ်ထောင် တစ်ယောက်တည်းစိုက်ပျိုးပါသတဲ့။သူကတော့ အိမ်ရှေ့မင်းသားလို ထန်းရည်သောက်ချင်လို့စိုက်တာတော့မဟုတ်ပါ။ အညာအလှကိုနိုင်သလောက် ထိန်သိမ်းလိုသူ ဖြစ်ပါတယ်…။

ကျွန်မ က ကိုဝင်းစိုး ဒီလို ဇွဲ နပဲ နဲ့ စိုက်ဘို့ ဘယ်သူကတွန်းအားပေးခဲ့ပါသလဲ ..ဆိုတော့..။ ဆရာမရယ် သစ်ပင်စိုက်တယ် ဆိုတာ ကုသိုလ် ရတာပဲလေ…. တဲ့..တီဗီက တရား နာဘူးတယ် ..။

ဒါကြောင့် ကျွန်တော်စိုက်ခဲ့တာတဲ့..။ သူ့နာမည်က ကိုဝင်းစိုး အခုဆိုအသက်၅၅ နှစ်ရှိပါတယ်…။ ၂၀၀၉ ခုနှစ်ကတည်းကစိုက်ခဲ့တာဆိုတော့ သူ့အသက်၄၅ နှစ်က စတင်စိုက်ခဲ့ပါတယ်..။ ခင်ဦး မြို့ မြင်းဒေါင်းရွာကနေ သာဝတ္ထိ ရွာ ကို သွားတဲ့ လမ်း ကာဘိုးဆည် ကရေပေးမြောင်း တစ်လျှောက် ကိုရွေးခဲ့ပါတယ်..။

ထန်းသီး တွေ အလိုလို ကြွေကြနေတဲ့ သာဝတ္ထိရွာ ရဲ့ တောင်ဘက်က ဥယျာဉ်ရွာကနေ ထန်းသီးတွေကိုလှည်းနဲ့ တိုက်ပါတယ်…။ပြီး တော့ ရေပေးမြောင်းနဘေး လမ်းတစ်ဘက်တစ်ချက်ကို စတင်စိုက်ပျိုးပါတော့တယ်…။ထန်းသီး စိုက်ဘို့ မြေကျင်းတူးဘို့ ပေါက်တူးကိုလည်းသယ် …။ စိုက်ကျင်းကိုလည်းတူး…။တူးလိုက် စိုက်လိုက် နဲ့ မနက်နေထွက်ကတည်းက စိုက်တာ… တစ်ရက် ကိုအပင် ၂၀၀ ပြီးဘို့မနည်းအားခဲလုပ်ဆောင်ရပါတယ်..တဲ့..။

ကိုဝင်းစိုးက လယ် ၁၅ ဧက ရှိသလို နွားကလည်း ၁၈ကောင်ရှိလေတော့ ပင်မ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အားလပ်ရှာသူတစ်ယောက်တော့မဟုတ်ခဲ့ပါ..။သူ့ရဲ့ စိတ်အားထက်သန်မှုကြောင့်သာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်..။သူ့နေတဲ့ ရွာနဲ့ နီးတဲ့လမ်း လည်းဖြစ်တယ် ဆိုတော့ အမြဲတမ်းကြည့်ရှု စောင့်ရှောက်ခဲ့ပါတယ်..။

မညည်းမညူ တစ်ဦးတည်း စိုက်ခဲ့တာ လမ်းရဲ့ ယာဘက်ကို ၂၀၀၉ ခုနှစ်မှာ အပင်၁၀၀၀ ရှိခဲ့ပါတယ်..။ဇွဲနဘဲနဲ့စိုက် လည်းစိုက်….. သေသွားတာရှိခဲ့လ ျှင်လည်း ချက်ချင်းပြန်လည် ဖာထေးခဲ့ပါတယ်..။၂၀၁၂ ကျတော့လမ်းရဲ့ ယာဘက်ကို စတင်စိုက်ပျိုးတာ ၂၀၀၉ ခုနှစ်ကစိုက်သလိုမျိုး အပင် ၁၀၀၀ ထပ်စိုက်ခဲ့ပါတယ်..။

၂၀၁၆ မှာတော့ အပင်မပေါက်တာတွေပြန်လည် ဖာထေးတာ အခုဆို ခင်ဦး မြို့ မြင်းဒေါင်းရွာကနေ သာဝတ္ထိ သွားရာ မြေသားလမ်း လေးတစ်ဘက်တစ်ချက် မှာ ဝေဆာလှပနေပါတော့တယ်..။

ကာဘိုးဆည် ကရေပေးမြောင်း တစ်လျှောက်မှာ အခုဆို ၁၀နှစ်သား ထန်း နဲ့ ၇နှစ်သားထန်းပင်များကို တွေ့ရပါတော့တယ် ။ထန်းပင်တွေကြီး လာပြီ ဆိုတော့ ထန်းပင်တွေက ရွာထဲမှာ လည်းမရှိ…။ အများပိုင်နေရာ ထဲမှာဆိုတော့..တစ်ယောက်ယောက် တစ်ခုခု ခူးဆွတ်မယ် စားမယ် ဆိုရင်ကော…. လို့ကျွန်မကမေးမိပါတယ်..။

ဆရာမရယ် စစိုက်ကတည်းက အများအတွက်လှူပြီးသားပါတဲ့..။ အပင်ပျောက်သွားတဲ့နေရာပြန်စိုက်ဘို့ ကျွန်တော်ကတော့အရိပ်တစ်ကြည့်ကြည့်ပါပဲ တဲ့..။ရွာမှာ လည်းဆေးခန်းရှိတယ်လေ… ဆေးခန်းရှေ့ မှာ ကျွန်တော်ဗန်ဒါပင် ၂ပင်စိုက်တယ် … တစ်ပင်ပဲရှင်တယ်…။ ထပ်စိုက်ပါမယ် တဲ့..။ ဆေးခန်းက ဝန်ထမ်းဆရာမလေး တွေစားဘို့ ငှက်ပျောပင်လည်း ၅ပင် စိုက်ပေး ထားပါတယ် လို့ ကိုဝင်းစိုးရဲ့ ဇနီး မသန်းသန်းဆင့်ကဖြေပေးပါတယ်..။

သစ်ပင်များကိုချစ်သော..သစ်ပင်စိုက်သူများကိုပိုလို့ချစ်သောကျွန်မ ရဲ့ မျက်စေ့တွေက တော့ မြန်မာနိုင်ငံအနှံအပြားမှာ ကိုဝင်းစိုးများစွာ ရှိနေပါစေဆုတောင်းလျက် ရှာဖွေ နေမိတာ အမှန်ပါ..။

မန္တလေးတက္ကသိုလ် ရုက္ခဗေဒ ဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်ကလျာလု၏အဆိုအရ ၂ဝ၁၂ ခုနှစ်မှ ယခုနှစ်အတွင်း ထန်းပင် ၅ဝ ရာနှုန်းခန့် လျော့ကျသွားခဲ့ပြီး အပင်ပေါင်း ငါးသန်းခန့် ဆုံးရှုံးသွားခဲ့သည်ဟု ဆို ပါတယ်.။

ထန်းပင်တွေကအညာဒေသအတွက်သဘာဝကပေးထားတဲ.ရေစုပ်စက်ကြီးတွေပါမြေအောက်ပေ၂၀၀ကရေတွေကိုသူရှင်သန်ဘို.စုပ်ယူရင်း ယာတွေထဲအပေါ်မြေဆီလွှာတွေကိုရေရောက်စေပါတယ်။တကယ်တော့ အရှေ့အလယ်ပိုင်းဒေသ သဲကန္တာရတွေမှာ ထန်းပင်နဲ.အမျိုးတူအပင်တွေ(စွံပလွံ လိုအပင်အုပ်စုတွေ ) ရှိနေတဲ.နေရာတွေမှာသာရေရှိတာပါ။ အိုအေစစ်လို.ခေါ်ပြီး သိပ်ကိုတန်ဘိုးထားကြပါတယ်..။

Dr.ဒေါ်ကလျာလူက ထန်းပင်တွေကအမြစ်ပေါင်းသောင်းချီရှိနေတာကြောင်. မြေအောက်ပေ၁၀၀၊ ပေ ၂၀၀ ကရေကိုစုပ်ယူကြောင်း၊ သဘာဝ ရေစုပ်စက်တွေလို ဖြစ်ကြောင်း ပြောတာကိုကြားဘူးဖတ်ဘူးတာမို့…..

ထန်းပင်စိုက်တာဟာ သစ်ပင် စိုက်တဲ့ကုသိုလ်တစ်မျိုးထဲမဟုတ်..ရေကိုစုစည်းထိန်းသိမ်းရာရောက်ပါတဲ့အကြောင်း ကိုဝင်းစိုးကိုကျွန်မက ပြန်ပြောပြချင်နေမိပါတယ်..။သူတစ်ပါးအားအပြစ်တင်ရှုံ့ချခြင်းတွေ နဲ့ အချိန်မကုန်စေပဲ ။ကိုယ်လုပ်စရာရှိတာ ကို ကြင်နာစွာ တစ်စိုက်မတ်မတ် လုပ်ဆောင်နေခြင်း က..ကမ္ဘာမြေကိုအမှန်တကယ် ချစ်သူများရယ်လို့ကျွန်မက မှတ်တမ်းတင်ထားလိုက်မိပါတော့တယ်..။

မေတ္တာဖြင့်
သစ္စာအလင်း

ခေတ္တ… မုံရွာKing and Queen Hotel

ဓာတ်ပုံများရိုက်ကူးပေးပို့ တဲ့ ကိုဝင်းစိုးရဲ့ တူမလေး မမျိုးသ်ီရိဝင်း ကိုကျေးဇူးအထူးတင်ပါတယ် ရှင်..။

Upload by ThanThan Sein

About the author

ilove

Leave a Comment