Shwe News
အငယ်ဆုံးသမီးလေး၊ ဆတ်ဆတ်ထိမခံတဲ့ ဆရာဝန်မင်းသမီးလေးတစ်ယောက် ပြောင်းလဲသွားလိုက်တာ 👍❤️❤️
Photos-Chit Thu Wai
Unicode Version
ခေတ်နဲ့ သစ်လေး (၂) ယောက်ကတော့ လက်ရှိမှာ မေမေချစ်သုဝေနဲ့အတူ ကိုရီးယားနိုင်ငံကို အလည်အပတ်ရောက်ရှိနေကြတာတွေ့ရပါတယ်။
အမြွှာ သမီးလေး (၂) ယောက်ကို ကောင်းမွန်စွာအုပ်ထိန်းကျောင်းပြီး တစ်ဘက်မှာလည်း အနုပညာအလုပ်တွေကို မလစ်ဟင်းအောင် ကြိုးစားနိုင်တဲ့ အနုပညာရှင်၊ အိမ်ထောင်ရှင်မ ကောင်းတစ်ဦးအဖြစ် ရပ်တည်နေတာကလည်း မေမေချစ်သုဝေပါ။
ချစ်သုဝေကတော့ သမီးလေး (၂) ယောက်ကို ကိုရီးယားနိုင်ငံသို့အလည်အပတ်ခေါ်သွားခဲ့တာပါ။ မိသားစုနဲ့အတူ ကိုရီးယားကိုရောက်နေတဲ့ မေမေချစ်သုဝေက သမီးလေး (၂) ယောက်ရောက်ရှိလာချိန်မှာ သူမဘဝရဲ့ အရာရာကို စွန့်လွှတ်ပြီးသမီးလေး (၂) ယောက်အတွက်ပေးဆပ်ခဲ့ပုံလေးကို ခုလိုပဲပြောပြလာခဲ့တာပါ။
“ကိုယ်ဟာ အငယ်ဆုံးသမီး,,ကိုယ်ဟာ မင်းသမီး,,ကိုယ်ဟာအဆိုတော်,,ကိုယ်ဟာဆရာဝန်,,,ကိုယ်ဟာအမှန်တရားကိုမြတ်နိုးသူ,,ကိုယ်ဟာဆတ်ဆတ်ထိမခံသူ,,,ကိုယ်ဟာ ဒေါသကြီးသူ,,,ကိုယ်ဟာ ,,,,ကိုယ်ဟာ,,,,အဲ့ဒီအတ္တတွေ မာနတွေ အမှန်တရားတွေဟာ သမီးလေး၂ယောက်ရှိလာချိန်မှာတော့ သမီးလေး၂ယောက် နောက်ကို ရောက်သွားရတာပဲ…သမီးလေးတွေအနာဂတ်လှဖို့,,,သမီးလေးတွေဟာကိုယ့်လုပ်ရပ်,,ကိုယ့်ဆုံးဖြတ်မှုတွေအောက်မှာ မျက်နှာမငယ်ရဖို့,,သမီးလေးတွေအတွက် ပြည့်စုံလုံခြုံနွေးထွေးတဲ့ မေတ္တာတွေပေးဖို့,,သမီးလေးတွေမျက်နှာမှာ အပြုံးလေးတွေဝေနေဖို့ ,,,သမီးလေးတွေအသိစိတ်မှာ ငါတို့မေမေရယ်လို့ဂုဏ်ယူနေစေဖို့,,,,,ကျွန်မပခုံးထက်မှာ တာဝန်တွေနဲ့,,ကျွန်မရင်ထဲမှာ မျော်လင့်ချက်တွေနဲ့,,,ကျွန်မစိတ်ဝိညည်မှာ ခွန်အားတွေအပြည့်နဲ့,,,မေမေချစ်တယ်နော် ကလေးငယ်လေးတွေ🥰😍❤️ဖြတ်သန်းရတဲ့လောကဓံတွေကြုံရလေ ကိုယ့်ကိုမွေးထားတဲ့မေမေ့ ကိုနားလည်လေလေပါပဲ❤️” တဲ့။
ခေတ်နဲ့သစ်ဆိုတဲ့ ချစ်စရာအမြွှာလေးဟာ မေမေချစ်သုဝေရဲ့ ကမ္ဘာထဲကိုရောက်ရှိလာချိန်မှာတော့ သူမရဲ့ အတ္တ၊ မာန်မာန၊ အမှန်တရားတွေထက် သူမကြောင့် သမီးလေး ၂ ယောက် အနာဂတ်လှနေဖို့ကိုပဲ ဦးတည်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရေးသားထားခဲ့တာပါ။
မိခင်တစ်ယောက်ရဲ့ မေတ္တာတရားတွေက ဆပ်လို့မကုန်နိုင်အောင် ကြီးမားလှတယ်ဆိုတာ အမှန်ပါပဲနော်။ Credit: We Love Cele
Photos-Chit Thu Wai
About the author
ilove
Leave a Comment