Shwe News

“ပဲမုန္႔ေရာင္းတဲ့ …အဖိုးအိုဆီ တကူးတက သြားၿပီး… လႉလိုက္ျပန္တဲ့ စူး႐ွထက္”

အစၥဏီ ရဲ့ ခ်စ္သူေကာင္မေလးအျဖစ္ ပရိသတ္ေတြသိခဲ့ၾကျပီး လက္ရွိမွာေတာ့ ပရိသတ္အခိုင္အမာ ရရွိေနတဲ့ ေမာ္ဒယ္ တေယာက္ျဖစ္ေနပါျပီ။ နာမည္ၾကီးအဆိုေတာ အစၥဏီနဲ႔ တရားရင္ဆိုင္မႈေတြကေတာ့ လက္ရွိ္ခ်ိန္ထိ မျပီးေပမယ့္လည္း စူးရွထက္ တေယာက္ကေတာ ့တဖက္မွာလည္း သူ႔ဘဝရပ္တည္ဖို႔အတြက္ ေအာင္ျမင္ေအာင္ ၾကိဳးစားေနတာလည္း ျဖစ္ပါတယ္။ စူးရွထက္ကေတာ့ ဆက္စီက်လြန္းတဲ့ ပံုရိပ္ေတြေၾကာင့္ ပရိသတ္ေတြရဲ႔ ေဝဖန္မႈေတြကို ခံခဲ့ရသလို တဖက္မွာလည္းသူျပဳလုပ္တဲ့ အလွဴေလးေတြေၾကာင့္ ပရိသတ္ေတြရဲ့ ခ်ီးက်ဳးမႈကို ခံခဲ့ရျပန္ပါတယ္။

စူးရွထက္ ကေတာ့ လူတိုင္းခ်ီးက်ဴးထိုက္ေလာက္တဲ့ အလွဴတခုကို ျပဳလုပ္ခဲ့ပါတယ္။ သူ႔အေနနဲ႔ ျပီးခဲ့တဲ့ရက္ပိုင္းမွာ အြန္လိုင္းေပၚမွာ ျပန္႔ႏွံလာတဲ့ အသက္ၾကီးတဲ့ အဖိုးအိုတေယာက္ လမ္းေဘးေနပူထဲမွာ တထုပ္ ၅၀ နဲ႔ ပဲမုန္႔ေတြေရာင္းေနတဲ့ ပို႔စ္ျဖစ္ပါတယ္။ အဖိုးကေတာ့ အသက္ၾကီးေပမယ့္လည္း စားဝတ္ေနေရးအတြက္ ေနပူၾကီးထဲမွာ ရုန္းကန္ေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီေခတ္ၾကီးထဲမွာ ၅၀ ဆိုတာဘာမွေတာင္မရေတာ့တဲ့အခ်ိန္မွာ အဖိုးအိုကေတာ့ ပဲမုန္႔တခုကို ၅၀ နဲ႔ေရာင္းျပီး တထုပ္ကို ၁၀ ေလာက္ပဲျမတ္တယ္ဆိုျပီး တင္ထားတဲ့ ပို႔စ္မွာေတာ့ လူေတာ္ေတာ္မ်ားမ်ား အံ့အားသင့္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီ လိုမ်ိဳး ဒုကၡေရာက္ေနတဲ့ အဖိုးအုိကေတာ့ စူးရွထက္က အဖိုးအို ေစ်းေရာင္းတဲ့ေနရာအထိသြားျပီး မုန္႔ေတြကို အကုန္ဝယ္ခဲ့တဲ့ အျပင္ အဖိုးကိုလည္း ေငြသားပိုက္ဆံ ၁ သိန္းလွဴခဲ့ပါေသးတယ္။ သူ႔ရဲ့မြန္ျမတ္တဲ့ အလွဴကိုေတာ့ ေတာ္ေတာ္မ်ားမ်ား ခ်ီးက်ဴးထားၾကတာ ျဖစ္ပါတယ္။ ထို႔ေနာက္သူဝယ္လိုက္တဲ့ မုန္႕ေတြကိုေတာ့ အဲ့ပတ္ဝန္းက်င္က ခ်ိဴ႔တဲ့သူေတြကို ေပးခဲ့ပါေသးတယ္။

စူးရွထက္ကေတာ့ သူမရဲ့ ေဖ့ဘုတ္ေပၚမွာ “မုန္႔ေတြလည္း အကုန္ဝယ္ခဲ့တယ္။ က်န္းမာေရးနဲ႔ လိုရာသံုးဖို႔ တတ္ႏိုင္သေလာက္လည္း ၁ သိန္းလွဴခဲ့တယ္” ဆိုျပီးေတာ့ ဓါတ္ပံုေလးေတြကို တင္ထားတာ ျဖစ္ပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးလည္း စူးရွထက္ ျပဳလုပ္လိုက္တဲ့ အလွဴေလးကိုေတာ့ သေဘာက်ၾကမယ္ထင္ပါတယ္။ အားလံုးလည္း ဒီလိုမ်ိဳး အျမဲတမ္းလွဴႏိုင္တမ္းႏိုင္ၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။

Credit: ေျပာခ်င္လြန္းလို႔

Unicode Version

အစ္စဏီ ရဲ့ ချစ်သူကောင်မလေးအဖြစ် ပရိသတ်တွေသိခဲ့ကြပြီး လက်ရှိမှာတော့ ပရိသတ်အခိုင်အမာ ရရှိနေတဲ့ မော်ဒယ် တယောက်ဖြစ်နေပါပြီ။ နာမည်ကြီးအဆိုတော အစ္စဏီနဲ့ တရားရင်ဆိုင်မှုတွေကတော့ လက်ရှိချိန်ထိ မပြီးပေမယ့်လည်း စူးရှထက် တယောက်ကတော့တဖက်မှာလည်း သူ့ဘဝရပ်တည်ဖို့အတွက် အောင်မြင်အောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ စူးရှထက်ကတော့ ဆက်စီကျလွန်းတဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရသလို တဖက်မှာလည်းသူပြုလုပ်တဲ့ အလှူလေးတွေကြောင့် ပရိသတ်တွေရဲ့ ချီးကျုးမှုကို ခံခဲ့ရပြန်ပါတယ်။

စူးရှထက် ကတော့ လူတိုင်းချီးကျူးထိုက်လောက်တဲ့ အလှူတခုကို ပြုလုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အွန်လိုင်းပေါ်မှာ ပြန့်နှံလာတဲ့ အသက်ကြီးတဲ့ အဖိုးအိုတယောက် လမ်းဘေးနေပူထဲမှာ တထုပ် ၅၀ နဲ့ ပဲမုန့်တွေရောင်းနေတဲ့ ပို့စ်ဖြစ်ပါတယ်။ အဖိုးကတော့ အသက်ကြီးပေမယ့်လည်း စားဝတ်နေရေးအတွက် နေပူကြီးထဲမှာ ရုန်းကန်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီခေတ်ကြီးထဲမှာ ၅၀ ဆိုတာဘာမှတောင်မရတော့တဲ့အချိန်မှာ အဖိုးအိုကတော့ ပဲမုန့်တခုကို ၅၀ နဲ့ရောင်းပြီး တထုပ်ကို ၁၀ လောက်ပဲမြတ်တယ်ဆိုပြီး တင်ထားတဲ့ ပို့စ်မှာတော့ လူတော်တော်များများ အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ လိုမျိုး ဒုက္ခရောက်နေတဲ့ အဖိုးအိုကတော့ စူးရှထက်က အဖိုးအို ဈေးရောင်းတဲ့နေရာအထိသွားပြီး မုန့်တွေကို အကုန်ဝယ်ခဲ့တဲ့ အပြင် အဖိုးကိုလည်း ငွေသားပိုက်ဆံ ၁ သိန်းလှူခဲ့ပါသေးတယ်။ သူ့ရဲ့မွန်မြတ်တဲ့ အလှူကိုတော့ တော်တော်များများ ချီးကျူးထားကြတာ ဖြစ်ပါတယ်။ ထို့နောက်သူဝယ်လိုက်တဲ့ မုန့်တွေကိုတော့ အဲ့ပတ်ဝန်းကျင်က ချိူ့တဲ့သူတွေကို ပေးခဲ့ပါသေးတယ်။

စူးရှထက်ကတော့ သူမရဲ့ ဖေ့ဘုတ်ပေါ်မှာ “မုန့်တွေလည်း အကုန်ဝယ်ခဲ့တယ်။ ကျန်းမာရေးနဲ့ လိုရာသုံးဖို့ တတ်နိုင်သလောက်လည်း ၁ သိန်းလှူခဲ့တယ်” ဆိုပြီးတော့ ဓါတ်ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း စူးရှထက် ပြုလုပ်လိုက်တဲ့ အလှူလေးကိုတော့ သဘောကျကြမယ်ထင်ပါတယ်။ အားလုံးလည်း ဒီလိုမျိုး အမြဲတမ်းလှူနိုင်တမ်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Credit: ပြောချင်လွန်းလို့

About the author

ilove

Leave a Comment