Shwe News

“ၾသစေတးလ်ႏုိင္ငံတြင္ ေၾကာင္မ်ားကို ..သတ္ပစ္ၿပီးမ်ိဳးတုန္းေစဖို႔ ..ဝန္ႀကီးခ်ဳပ္အမိန္႔ထုတ္ျပန္”

ၾသစေတးလ် ႏုိင္ငံအစိုးရဟာ ၂၀၁၅ ခုႏွစ္မွာ ေတာေၾကာင္ေတြကို သတ္ပစ္ဖို႔အမိန္႔ထုတ္ျပန္ခဲ့ပါတယ္။ ေတာေၾကာင္ေတြကို အျပတ္ရွင္းဖို႔ ၂၀၁၅ နဲ႔ ၂၀၂၀ ၾကားအခ်ိန္အပိုင္းအျခားတစ္ခုကိုေပးထားခဲ့ၿပီး အေရအတြက္ ၂ သန္းခန္႔ သတ္ပစ္ႏုိင္ဖို႔ေမ်ွာ္လင့္ခဲ့ပါတယ္။ New York Times ရဲ႕ ေဖာ္ျပခ်က္အရ ေတာေၾကာင္ေတြဟာ ေတာတြင္းမွာရွိတဲ့ ရွားပါးမ်ိဳးစိတ္သတၱဝါေတြကို သတ္ပစ္တာေၾကာင့္ မ်ိဳးတုန္းၿပီး အျပတ္ရွင္းဖို႔ ၾသစေတးလ်ဝန္ႀကီးခ်ဳပ္ေဟာင္း Josh Frydenberg က စာလႊာထုတ္ျပန္ခဲ့ပါတယ္။

ေတာေၾကာင္ေတြကို သတ္ပစ္ဖို႔ ပထမဦးဆုံး အဆိုအမိန္႔ထုတ္ျပန္ၿပီးေနာက္ တစ္ႏွစ္အၾကာမွာ ေၾကာင္အေရအတြက္ ၂ သိန္း ၁ေသာင္းေက်ာ္ခန္႔ကိုသတ္ႏိုင္ခဲ့ပါတယ္။

ရဲ႒ာနေတြက ေၾကာင္ေတြကို ေထာင္ေခ်ာက္ျဖင့္ ဖမ္းဆီးသတ္ျဖတ္ခဲ့ၾကၿပီး ၾကက္အူေခ်ာင္းမ်ားတြင္ အဆိပ္မ်ားထည္႔ကာ ေကၽြးျခင္းျဖင့္လဲ သတ္ျဖတ္ခဲ့ၾကပါတယ္။

ၾသစေတးလ်ရဲမ်ားဟာ ေၾကာင္မ်ားကို 1080 အမည္ရတဲ့အဆိပ္တစ္မ်ိဳး ၾကက္အူေခ်ာင္းမ်ားတြင္ထည္႔ၿပီး ခ်ေကၽြးခဲ့ၾကပါတယ္။ 1080 အဆိပ္ဟာေၾကာင္ေတြကို ေသေစႏုိင္ဖို႔ ၁၅ မိနစ္သာၾကာပါတယ္။ ေၾကာင္မ်ားကို ၾကက္အူေခ်ာင္းေကၽြးၿပီး သတ္ျခင္းဟာ ေအာင္ျမင္တယ္လို႔ ဆုိရမွာပါပဲ ေၾကာင္ေပါင္း ၁၇၀၀ ကို သတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ The time ရဲ႕ ေဖာ္ျပခ်က္အရ လက္ရွိမွာေတာ့ ၾသစေတးလ်ႏုိင္ငံမွာ ေၾကာင္မ်ိဳးႏြယ္ မ်ိဳးတုန္းလုနီးျဖစ္ေနၿပီလို႔ သိရပါတယ္။

(ပိုပိုေလး)

Unicode Version

သြစတေးလျ နိုင်ငံအစိုးရဟာ ၂၀၁၅ ခုနှစ်မှာ တောကြောင်တွေကို သတ်ပစ်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ တောကြောင်တွေကို အပြတ်ရှင်းဖို့ ၂၀၁၅ နဲ့ ၂၀၂၀ ကြားအချိန်အပိုင်းအခြားတစ်ခုကိုပေးထားခဲ့ပြီး အရေအတွက် ၂ သန်းခန့် သတ်ပစ်နိုင်ဖို့မျှော်လင့်ခဲ့ပါတယ်။ New York Times ရဲ့ ဖော်ပြချက်အရ တောကြောင်တွေဟာ တောတွင်းမှာရှိတဲ့ ရှားပါးမျိုးစိတ်သတ္တဝါတွေကို သတ်ပစ်တာကြောင့် မျိုးတုန်းပြီး အပြတ်ရှင်းဖို့ သြစတေးလျဝန်ကြီးချုပ်ဟောင်း Josh Frydenberg က စာလွှာထုတ်ပြန်ခဲ့ပါတယ်။

တောကြောင်တွေကို သတ်ပစ်ဖို့ ပထမဦးဆုံး အဆိုအမိန့်ထုတ်ပြန်ပြီးနောက် တစ်နှစ်အကြာမှာ ကြောင်အရေအတွက် ၂ သိန်း ၁သောင်းကျော်ခန့်ကိုသတ်နိုင်ခဲ့ပါတယ်။

ရဲဋ္ဌာနတွေက ကြောင်တွေကို ထောင်ချောက်ဖြင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြပြီး ကြက်အူချောင်းများတွင် အဆိပ်များထည့်ကာ ကျွေးခြင်းဖြင့်လဲ သတ်ဖြတ်ခဲ့ကြပါတယ်။

သြစတေးလျရဲများဟာ ကြောင်များကို 1080 အမည်ရတဲ့အဆိပ်တစ်မျိုး ကြက်အူချောင်းများတွင်ထည့်ပြီး ချကျွေးခဲ့ကြပါတယ်။ 1080 အဆိပ်ဟာကြောင်တွေကို သေစေနိုင်ဖို့ ၁၅ မိနစ်သာကြာပါတယ်။ ကြောင်များကို ကြက်အူချောင်းကျွေးပြီး သတ်ခြင်းဟာ အောင်မြင်တယ်လို့ ဆိုရမှာပါပဲ ကြောင်ပေါင်း ၁၇၀၀ ကို သတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ The time ရဲ့ ဖော်ပြချက်အရ လက်ရှိမှာတော့ သြစတေးလျနိုင်ငံမှာ ကြောင်မျိုးနွယ် မျိုးတုန်းလုနီးဖြစ်နေပြီလို့ သိရပါတယ်။

(ပိုပိုလေး)

About the author

ilove

Leave a Comment