Shwe News

“ေမလမွာ ကံေကာင္းျခင္းေတြ ေရာက္ရွိလာလို႔ေပ်ာ္ေနတဲ့ ေမကဗ်ာ”

ေမကဗ်ာ တစ္ေယာက္ ထီ ၃ ေစာင္ထုိးတာ ၂ ေစာင္က ထီေပါက္တာေၾကာင့္ ဝမ္းသာပီတိျဖစ္လုိ႔ေနပါတယ္။ အဲဒီေနာက္ အလုပ္ေတြလည္း ဆက္တုိက္ လုပ္ေနရတယ္လို႔ ဆုိပါတယ္။

သရုပ္ေဆာင္ ေမကဗ်ာက ခက္ခက္ခဲခဲ ရွာထုိးခဲ့ရတဲ့ ထီလက္မွတ္က ၃ ေစာင္က အခုဆုိရင္ ၅ ေသာင္းဆု ၂ ဆု ေပါက္တယ္လုိ႔ ဆုိပါတယ္။ ထီ ထြက္ရက္ မတုိင္ခင္မွာလည္း သူမ မက္ခဲ့တဲ့ အိပ္မက္ေတြ အေၾကာင္း ေျပာျပလာပါတယ္။

‘’ ေျပာပါတယ္ ဒီလထီေပါက္မယ္လို႔ အိပ္မက္ ၂ ရက္မက္တယ္။ တစ္ရက္က ဘုရားသြားဖူးတာ ကန္ထဲမွာငါးေတြအမ်ားႀကီးပဲ။ ေနာက္တစ္ရက္ က အခန္းေတြအမ်ားႀကီး ဘယ္အခန္းဝင္ဝင္ ဗိုက္ႀကီးသည္ေတြႀကီးပဲ။ အဲ့ဒါမို႔လို အရဟံ ၈၄၀၀၀ စဝင္တဲ့ေန႔မွာ ထီထိုးမယ္ထီးထိုးမယ္ဆိုၿပီးစိတ္ကျဖစ္တယ္။ မရရေအာင္ရွာထိုးခဲ့တဲ့ထီက ၅ ေသာင္းတစ္ဆုေပါက္တယ္’’ ဆုိၿပီးေတာ့ ေမလ ၁ ရက္ေန႔ ည ၁၀ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

အဲဒီေနာက္ထီ ေပါက္ခဲ့တဲ့ အမွတ္တရေတြနဲ႔ အတူ သူမအတြက္ ကံေကာင္းျခင္းေတြ ပုိင္ဆုိင္ေနရတာေၾကာင့္လည္း ေမကဗ်ာက ေပ်ာ္ရႊင္လုိ႔ေနပါတယ္။

‘’ရခိုင္သြားတုန္းက မင္းေသြးဘုရားထီးတင္ပြဲမွာ ကိုညီမင္းခိုင္ထီသြားထိုးမယ္ဆိုလို႔ တစ္ေစာင္ထိုးခဲ့ပါဆုိၿပီး ထိုးလိုက္တာ ၅ ေသာင္းဆုတစ္ဆုေပါက္တယ္။ ေက်းဇူးပါ ေမြးေန႔ရွင္ တိုက္ဆိုက္လိုက္တာေနာ္။ ေပ်ာ္တာကြယ္ ၃ ေစာင္ထိုးတာ ၂ ေစာင္ေပါက္တယ္။ ဘဝမွာအမွတ္တရပါ။ ေမလ ကံေကာင္းျခင္းေတြနဲ႔ စတင္ခဲ့တယ္။ အလုပ္ေတြလည္းဆက္ ရက္ေတြတိုက္လ္ု႔ မလုပ္ရေတာ့ဘူးထင္တဲ့အလုပ္ေတြေတာင္ ရက္ေတြ ျပန္အဆင္ေျပ ၿပီးအကုန္ျဖစ္’’ ဆုိၿပီးေတာ့လည္း ဆက္လက္ေရးသားခဲ့ပါတယ္။

ေမကဗ်ာကုိေတာ့ ဗီဒီယုိဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးလာခဲ့ၾကတာပါ။ သူမရဲ႕ အႏုပညာသက္တမ္းကလည္း အေတာ္ၾကာေနၿပီျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ သရုပ္ေဆာင္အလုပ္ထက္ ကုိယ္ပုိင္စီးပြားေရးျဖစ္တဲ့ စက္ခ်ဳပ္လုပ္ငန္းကုိ ပုိဦးစားေပးလုပ္ကုိင္ေနတာ ေတြ႔ရပါတယ္။ အဲဒီေနာက္ ႏွင္းဆီအဖြဲ႕သားေတြနဲ႔အတူ အၿငိမ့္ကေလ့ရွိတာကုိလည္း ေတြ႔ရပါတယ္။

Credit: Duwun

Unicode Version

မေကဗျာ တစ်ယောက် ထီ ၃ စောင်ထိုးတာ ၂ စောင်က ထီပေါက်တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ အဲဒီနောက် အလုပ်တွေလည်း ဆက်တိုက် လုပ်နေရတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် မေကဗျာက ခက်ခက်ခဲခဲ ရှာထိုးခဲ့ရတဲ့ ထီလက်မှတ်က ၃ စောင်က အခုဆိုရင် ၅ သောင်းဆု ၂ ဆု ပေါက်တယ်လို့ ဆိုပါတယ်။ ထီ ထွက်ရက် မတိုင်ခင်မှာလည်း သူမ မက်ခဲ့တဲ့ အိပ်မက်တွေ အကြောင်း ပြောပြလာပါတယ်။

‘’ ပြောပါတယ် ဒီလထီပေါက်မယ်လို့ အိပ်မက် ၂ ရက်မက်တယ်။ တစ်ရက်က ဘုရားသွားဖူးတာ ကန်ထဲမှာငါးတွေအများကြီးပဲ။ နောက်တစ်ရက် က အခန်းတွေအများကြီး ဘယ်အခန်းဝင်ဝင် ဗိုက်ကြီးသည်တွေကြီးပဲ။ အဲ့ဒါမို့လို အရဟံ ၈၄၀၀၀ စဝင်တဲ့နေ့မှာ ထီထိုးမယ်ထီးထိုးမယ်ဆိုပြီးစိတ်ကဖြစ်တယ်။ မရရအောင်ရှာထိုးခဲ့တဲ့ထီက ၅ သောင်းတစ်ဆုပေါက်တယ်’’ ဆိုပြီးတော့ မေလ ၁ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

အဲဒီနောက်ထီ ပေါက်ခဲ့တဲ့ အမှတ်တရတွေနဲ့ အတူ သူမအတွက် ကံကောင်းခြင်းတွေ ပိုင်ဆိုင်နေရတာကြောင့်လည်း မေကဗျာက ပျော်ရွှင်လို့နေပါတယ်။

‘’ရခိုင်သွားတုန်းက မင်းသွေးဘုရားထီးတင်ပွဲမှာ ကိုညီမင်းခိုင်ထီသွားထိုးမယ်ဆိုလို့ တစ်စောင်ထိုးခဲ့ပါဆိုပြီး ထိုးလိုက်တာ ၅ သောင်းဆုတစ်ဆုပေါက်တယ်။ ကျေးဇူးပါ မွေးနေ့ရှင် တိုက်ဆိုက်လိုက်တာနော်။ ပျော်တာကွယ် ၃ စောင်ထိုးတာ ၂ စောင်ပေါက်တယ်။ ဘဝမှာအမှတ်တရပါ။ မေလ ကံကောင်းခြင်းတွေနဲ့ စတင်ခဲ့တယ်။ အလုပ်တွေလည်းဆက် ရက်တွေတိုက်လ်ု့ မလုပ်ရတော့ဘူးထင်တဲ့အလုပ်တွေတောင် ရက်တွေ ပြန်အဆင်ပြေ ပြီးအကုန်ဖြစ်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။

မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အငြိမ့်ကလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment