Shwe News

“ပိန္တယ္ ဝတယ္ဆိုတာ …ဘဝၾကီးတခုမဟုတ္ဘူးဆိုတဲ့… ေအသင္ခ်ိဳေဆြ”

သီခ်င္းေကာင္းေတြ မ်ားစြာကို ပရိသတ္ေတြရင္ထဲေရာက္ေအာင္ ပို႔ေပးခဲ့ျပီး ေအာင္ျမင္မႈတခုကို ရယူထားတဲ့ အဆိုေတာ္ ေအသင္ခ်ိဳေဆြကိုေတ့ာ ေတာ္ေတာ္မ်ားမ်ား သိၾကမယ္ ထင္ပါတယ္။ လက္ရွိမွာေတာ့ ေအသင္ခ်ိဳေဆြဟာ Single Mother တေယာက္အေနနဲ႔ ရပ္တည္ေနျပီး သူ႔အေနနဲ႔လည္း ကေလးကို ဂရုစိုက္ေနရတာေၾကာင့္ ဝိတ္ေတြျပန္တက္လာျပီး အနည္းငယ္ဝေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူ႔အေနနဲ႔ ပတ္ဝန္းက်င္ကို ဂရုမစိုက္ပဲ ဝေနတဲ့သူအားလံုးအတြက္ အားေပးစကားကို ေျပာၾကားခဲ့ပါတယ္။

ေအသင္ခ်ိဳေဆြ ကေတာ့ MC န႔ဲ အင္တာဗ်ဴးမွာေတာ့ “ပိန္တယ္ ဝတယ္ဆိုတာကေတာ့ ဘဝၾကီးတခုေတာ့ မဟုတ္ပါဘူး။ ပိန္ေအာင္လည္း လုပ္လို႔ရတယ္။ သြားေဆာ့လိုက္ျပီး ခ်က္ခ်င္းပိန္ေအာင္ လုပ္လို႔ရတာပဲ။ ဒါေပမယ့္လည္း အဓိက က ဘာလဲဆိုေတာ့ စိတ္ခ်မ္းသာဖို႔ အေရးၾကီးတယ္။ ကိုယ္စိတ္ခ်မ္းသာရမယ္။ က်န္းမာရမယ္။ လွရမယ္။ ဝဝ ပိန္ပိန္ ကိုယ့္ဘာကိုယ္လွေအာင္ေနရင္ လွတယ္။

ပတ္ဝန္းက်င္က ဝတယ္ေျပာေနလို႔ ပတ္ဝန္းက်င္ကို ဂရုစိုက္ျပီး အိမ္ထဲကအိမ္ျပင္မထြက္ဘူး။ အစားၾကီးပဲ လိမ့္စားေနမယ္ဆိုရင္ေတာ့ ဝျပီးေတာ့ ပံုပ်က္သြားဖို႔ပဲ ရွိတယ္ေလ။ ပတ္ဝန္းက်င္ကလူေတြကေတာ ့ေျပာမွာပဲ။ ကိုယ္စားစရာမရွိရင္ သူတို႔ဘာေကြ်းမွာလည္း မဟုတ္ဘူးေလ။ ဒါေၾကာင့္ကိုယ့္ဘာကိုယ္ စိတ္ခ်မ္းသာေအာင္ေနတယ္။ ဘဝက မျပည့္စံုေပမယ့္လည္း ၾကိဳးစားေနရတဲ့အတြက္ အဲ့အေပၚမွာ ကိုယ္ေပ်ာ္တယ္။ ပရိသတ္ေတြကလည္း ကိုယ့္ရဲ့ျဖစ္တည္မႈကို လက္ခံၾကတဲ့အတြက္ ပိုျပီးေတာ့ ယံုၾကည္မႈရွိလာတယ္။ ဘဝၾကီးက ေပ်ာ္စရာၾကီးပါ”

“GYM ကေတာ့ လုပ္ဖို႔ေတာ့ရွိပါတယ္။ အခုကေတာ့ လုပ္ဖို႔စိတ္ကလည္း သိပ္မရွိေသးဘူး။ GYM ကလည္း မေဆာ့ခ်င္ေဆာ့ခ်င္န႔ဲ သြားေဆာ့ရင္ အဆင္မေျပဘူးေလ။ ျပီးရင္ျပန္လာမယ္။ ျပန္စားမယ္ဆို ပိုျပီးဝလာမယ္။ တကယ္ဝိတ္ခ်ဖို႔အခ်ိန္ဆိုတာ ရွိဦးမွာပဲ။ အဲ့အခ်ိန္မွပဲ လုပ္ေတာ့မယ္။ ခုကေတာ့ စားခ်င္တိုင္းစားတယ္။ ကေလးၾကီးလာတဲ့ အခ်ိန္က်ေတာ့ သူ႔ကိုအခ်ိန္ေပးရတာလည္းပါတယ္။ သီခ်င္းေတြ လုပ္ေနတာလည္း ပါတယ္။ ဒါကိုလည္း လူေတြ လက္ခံလာေအာင္လို႔ ၾကိဳးစားၾကည့္ခ်င္ေသးတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit: ေျပာခ်င္လြန္းလို႔

Unicode Version

သီချင်းကောင်းတွေ များစွာကို ပရိသတ်တွေရင်ထဲရောက်အောင် ပို့ပေးခဲ့ပြီး အောင်မြင်မှုတခုကို ရယူထားတဲ့ အဆိုတော် အေသင်ချိုဆွေကိုတေ့ာ တော်တော်များများ သိကြမယ် ထင်ပါတယ်။ လက်ရှိမှာတော့ အေသင်ချိုဆွေဟာ Single Mother တယောက်အနေနဲ့ ရပ်တည်နေပြီး သူ့အနေနဲ့လည်း ကလေးကို ဂရုစိုက်နေရတာကြောင့် ဝိတ်တွေပြန်တက်လာပြီး အနည်းငယ်ဝနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပဲ ဝနေတဲ့သူအားလုံးအတွက် အားပေးစကားကို ပြောကြားခဲ့ပါတယ်။

အေသင်ချိုဆွေ ကတော့ MC နဲ့ အင်တာဗျူးမှာတော့ “ပိန်တယ် ဝတယ်ဆိုတာကတော့ ဘဝကြီးတခုတော့ မဟုတ်ပါဘူး။ ပိန်အောင်လည်း လုပ်လို့ရတယ်။ သွားဆော့လိုက်ပြီး ချက်ချင်းပိန်အောင် လုပ်လို့ရတာပဲ။ ဒါပေမယ့်လည်း အဓိက က ဘာလဲဆိုတော့ စိတ်ချမ်းသာဖို့ အရေးကြီးတယ်။ ကိုယ်စိတ်ချမ်းသာရမယ်။ ကျန်းမာရမယ်။ လှရမယ်။ ဝဝ ပိန်ပိန် ကိုယ့်ဘာကိုယ်လှအောင်နေရင် လှတယ်။

ပတ်ဝန်းကျင်က ဝတယ်ပြောနေလို့ ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး အိမ်ထဲကအိမ်ပြင်မထွက်ဘူး။ အစားကြီးပဲ လိမ့်စားနေမယ်ဆိုရင်တော့ ဝပြီးတော့ ပုံပျက်သွားဖို့ပဲ ရှိတယ်လေ။ ပတ်ဝန်းကျင်ကလူတွေကတော့ပြောမှာပဲ။ ကိုယ်စားစရာမရှိရင် သူတို့ဘာကျွေးမှာလည်း မဟုတ်ဘူးလေ။ ဒါကြောင့်ကိုယ့်ဘာကိုယ် စိတ်ချမ်းသာအောင်နေတယ်။ ဘဝက မပြည့်စုံပေမယ့်လည်း ကြိုးစားနေရတဲ့အတွက် အဲ့အပေါ်မှာ ကိုယ်ပျော်တယ်။ ပရိသတ်တွေကလည်း ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံကြတဲ့အတွက် ပိုပြီးတော့ ယုံကြည်မှုရှိလာတယ်။ ဘဝကြီးက ပျော်စရာကြီးပါ”

“GYM ကတော့ လုပ်ဖို့တော့ရှိပါတယ်။ အခုကတော့ လုပ်ဖို့စိတ်ကလည်း သိပ်မရှိသေးဘူး။ GYM ကလည်း မဆော့ချင်ဆော့ချင်နဲ့ သွားဆော့ရင် အဆင်မပြေဘူးလေ။ ပြီးရင်ပြန်လာမယ်။ ပြန်စားမယ်ဆို ပိုပြီးဝလာမယ်။ တကယ်ဝိတ်ချဖို့အချိန်ဆိုတာ ရှိဦးမှာပဲ။ အဲ့အချိန်မှပဲ လုပ်တော့မယ်။ ခုကတော့ စားချင်တိုင်းစားတယ်။ ကလေးကြီးလာတဲ့ အချိန်ကျတော့ သူ့ကိုအချိန်ပေးရတာလည်းပါတယ်။ သီချင်းတွေ လုပ်နေတာလည်း ပါတယ်။ ဒါကိုလည်း လူတွေ လက်ခံလာအောင်လို့ ကြိုးစားကြည့်ချင်သေးတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit: ပြောချင်လွန်းလို့

About the author

ilove

Leave a Comment