Shwe News

#ဝမ်းသာစရာသတင်း နှစ်​ဘက်​သ​ဘောတူမှုဖြင့်​ ရုပ်​သိမ်းခဲ့​သော အောင်ရဲထွေး အမှုကို ပြန်လည် ပြင်ဆင်မည်….






    Photo Credit

Unicode

  • အောင်ရဲထွေး အသတ်ခံရသည့်အမှု့အား နှစ်ဘက်သဘောတူ ရုပ်သိမ်းထားသည်ကို…နိုင်ငံတော်ဘက်မှ ပြန်လည်ပြင်ဆင်တော့မည်ဖြစ်ပါသည်။

  • နှစ်ဘက်သဘောတူမှု့ဖြင့် ရုပ်သိမ်းခဲ့သောအမှု့မှာ…ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၂၀၁၈ ခုနှစ်၊ရာဇဝတ်မှုကြီးအမှတ် ၃၄ တရားလိုကိုသန့်ဇင်ဦးနှင့်တရားခံသန်းထွဌ်အောင်ပါ(၃) ရာဇသတ်ကြီးပုဒ်မ၃၀၂အရစွဲဆိုမှု

  • ရုပ်သိမ်းလွှာတင်ပြသူများ သေဆုံးသူအောင်ရဲထွေး၏အစ်ကို ကိုသန့်ဇင်ဦး / သေဆုံးသူ၏ဖခင် ဦးမြင့်ဦး / သေဆုံးသူ၏မိခင် ဒေါ်သန်းသန်းထွေး / သေဆုံးသူ၏အစ်ကို နေဇင်လတ် /ရုပ်သိမ်းလွှာတင်ပြသူများ သေဆုံးသူ၏ဖခင်၊မိခင်နှင့်အစ်ကို(၂)ဦးတို့ဖြစ်ကြပါသည်…

  • ကျေအေးရုပ်သိမ်းခွင့်မရှိသော…အမှု့ကြီးဆယ်မျိုးတွင် နံပါတ်တစ် စာရင်းဝင် လူသတ်မှု့ပုဒ်မ ၃၀၂ အားရုပ်သိမ်းခွင့်ပေးခြင်းသည် လက်ရှိနိုင်ငံတော်အစိုးရအား၎င်း…နိုင်ငံတော်အတိုင်ပင်ခံအား၎င်း…နိုင်ငံတော်သမ္မတအား၎င်း…နိုင်ငံတော်၏ တရားဥပဒေစိုးမိုးမှု့နှင့် နိုင်ငံတော်တွင်းမှီတင်းနေထိုင်ကြကုန်သော ပြည်သူအပေါင်းတို့အား ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု့မှ၎င်း…

  • ပြည်သူတို့မှ အထင်အမြင်လွဲမှားကာ ယုံကြည်မှု့ ပျက်ပြားသကဲ့သို့ ဖြစ်စေတော့မည့် အကြောင်းချင်းရာဖြစ်ပါသည် ဤအမှု့အား…ပြန်လည်ပြင်ဆင်ပေးရန် ဆုံးဖြတ်သော… အစိုးရတာဝန်ရှိသူများအား၎င်း…ကျွန်တော်နှင့်တစ်ကွ ပြည်သူများမှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ…

  • မြန်မာပြည်၏ တရားဥပဒေစိုးမိုးမှု့နှင့်နိုင်ငံတော်တွင်း နိုင်ငံသားများအား တရားဥပဒေဖြင့်ကာကွယ်ပေးမှု့တို့အား နိုင်ငံတကာမှ လက်ညိုးထိုးခံရမည့်အရေးမှ ကင်းလွတ်တော့မည်လည်းဖြစ်ပါသည်။ သက်ဆိုင်သူတာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိသလို အားနည်းချက်ရှိခဲ့သော သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း နောက်နောင် ဤသို့အကြောင်းချင်းရာများ မဖြစ်အောင် ပြုပြင်ပေးနိုင်မည်ဟုလည်း ယုံကြည်ပါတယ်ခင်ဗျာ…
  • ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
    Photo Credit

About the author

Wai Phyo Oo

Leave a Comment