Shwe News

“အသက္ ၄၈ ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ထက္ထက္မိုးဦး”

ထက္ထက္မုိးဦး က အခုဆုိရင္ အသက္ ၄၈ ႏွစ္ျပည့္ၿပီျဖစ္ပါတယ္။ သူမဟာ ဒီေန႔ အခ်ိန္ထိ ေအာင္ျမင္မႈရရွိေနတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။

ဒီေန႔(ေမလ ၈ ရက္ေန႔) ကေတာ့ သရုပ္ေဆာင္ ထက္ထက္မုိးဦးရဲ႕ အသက္ ၄၈ ႏွစ္ျပည့္ ေမြးေန႔ျဖစ္ပါတယ္။ သူမဟာ ဒီေန႔အထိ ပရိသတ္အခုိင္အမာနဲ႔ ရပ္တည္ေနတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။

‘’ feeling 48″တုိ႔” ကုိ ခ်စ္လွခ်ည္ရဲ႕ ဆုိသူေတြလည္း အဆုံးသတ္မွာ နာက်ဥ္းအာင္ လုပ္သြားၾကတယ္’’ ဆုိၿပီးေတာ့ Hmone Shwe Yee ဆုိတဲ့ သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေမလ ၈ ရက္ေန႔ ေန႔လယ္ ၁၁ နာရီ ၄၇ မိနစ္က ေရးသားထားတာ ေတြ႕ရပါတယ္။ သူမအတြက္ကုိလည္း ခ်စ္ရတဲ့ ပရိသတ္ေတြက ေမြးေန႔ဆုမြန္ေကာင္းေတြ ေတာင္းေပးထားၾကပါတယ္။

ထက္ထက္မုိးဦးက လက္ရွိမွာ အႏုပညာအလုပ္ေတြအျပင္ ဘုရား၊ တရားလည္း ပိုလုပ္ျဖစ္ေနတယ္လုိ႔ သိရပါတယ္။ သူမ ပါဝင္ သရုပ္ေဆာင္ ထားတဲ့ ရွယ္ေခၽြးမရုပ္ရွင္ဇာတ္ကားႀကီးကုိ စိန္ေ႒းရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တာပါ။ ဒီဇာတ္ကားကုိေတာ့ ဒါရုိက္တာ ကိုေဇာ္(အရုဏ္ ဦး) က ပုံေဖာ္ရိုက္ကူးထားတာျဖစ္ၿပီး သရုပ္ေဆာင္ရန္ေအာင္၊ ေအာင္ရဲလင္း၊ စုိးျမတ္သူဇာ၊ ထက္ထက္မုိးဦး နဲ႔ ခင္ဝင့္ဝါတုိ႔က အဓိက ပါဝင္ခဲ့တာျဖစ္ပါတယ္။

သူမဟာ ေရႊစင္ ရတနာေရႊဆိုင္ ေၾကာ္ျငာကေနတဆင့္ ကေလးေရာ၊ လူႀကီးပါ မက်န္ တခဲနက္ အားေပးခဲ့ၾကတဲ့ သရုပ္ေဆာင္တစ္ေယာက္ပါ။ တစ္ေခတ္တခါ က ေၾကာ္ျငာဘုရင္မေလး လုိ႔ေတာင္ တင္စားေခၚေဝၚခဲ့ၾကတာျဖစ္ပါတယ္။ ထက္ထက္မုိးဦးရဲ႕ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးေတြက ပရိသတ္ကုိ အခ်စ္မေလွ်ာ့ေအာင္ အျမဲဆြဲေဆာင္ႏုိင္ခဲ့ပါတယ္။

အဲဒီေနာက္ ရုပ္ရွင္ဇာတ္ကား ေပါင္းမ်ားစြာ၊ တီဗီေၾကာ္ျငာေပါင္း မ်ားစြာ တုိ႔ကုိလည္း ရုိက္ကူးခဲ့သူ ျဖစ္ပါတယ္။ သူမဟာ ၁၉၉၁ ခုႏွစ္က အႏုပညာေလာကထဲကုိ ပထမဆုံးအႀကိမ္ စတင္ဝင္ေရာက္လာသူပါ။ အဲဒီေနာက္ ၁၉၉၆ ခုႏွစ္မွာေတာ့ ပန္းသခင္ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အေကာင္းဆုံးအမ်ဳိးသမီး ဇာတ္ေဆာင္ဆုကုိ ပထမဆုံးအႀကိမ္ ရရွိခဲ့ပါတယ္။ ေနာက္ထပ္လည္း ‘’ သမီးမုိက္’’ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဒုတိယအႀကိမ္ေျမာက္ အေကာင္းဆုံး အမ်ဳိးသမီးဇာတ္ေဆာင္ဆုကုိ ရရွိခဲ့ျပန္ပါတယ္။

Credit: Duwun

Unicode Version

ထက်ထက်မိုးဦး က အခုဆိုရင် အသက် ၄၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမဟာ ဒီနေ့ အချိန်ထိ အောင်မြင်မှုရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။

ဒီနေ့(မေလ ၈ ရက်နေ့) ကတော့ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ သူမဟာ ဒီနေ့အထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

‘’ feeling 48″တို့” ကို ချစ်လှချည်ရဲ့ ဆိုသူတွေလည်း အဆုံးသတ်မှာ နာကျဉ်းအာင် လုပ်သွားကြတယ်’’ ဆိုပြီးတော့ Hmone Shwe Yee ဆိုတဲ့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၈ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၇ မိနစ်က ရေးသားထားတာ တွေ့ရပါတယ်။ သူမအတွက်ကိုလည်း ချစ်ရတဲ့ ပရိသတ်တွေက မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားကြပါတယ်။

ထက်ထက်မိုးဦးက လက်ရှိမှာ အနုပညာအလုပ်တွေအပြင် ဘုရား၊ တရားလည်း ပိုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမ ပါဝင် သရုပ်ဆောင် ထားတဲ့ ရှယ်ချွေးမရုပ်ရှင်ဇာတ်ကားကြီးကို စိန်ဋ္ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ် ဦး) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ရန်အောင်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး နဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်ခဲ့တာဖြစ်ပါတယ်။

သူမဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment