Shwe News

“ဆင္ဆာထိသြားတဲ့ …႐ုပ္ရွင္ကားႀကီးအတြက္.. တိုင္႐ြန္ရဲ႕ ခံစားခ်က္”

’သတိ အႏၱရာယ္ရွိသည္’’ ရုပ္ရွင္ဇာတ္ကားႀကီး ဆင္ဆာထိခဲ့လုိ႔ တုိင္ရြန္တစ္ေယာက္အရမ္းကုိ စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။ ဒီဇာတ္ကားထဲမွာ ျမင့္ျမတ္၊ယုန္ေလး၊ ေကညီ၊ တုိင္ရြန္၊ ေအာင္ေလး၊ ဘုိခ်မ္း နဲ႔ ခင္ဝင့္ဝါတုိ႔က ပါဝင္ထားတာပါ။

တိုင္ရြန္က သူပါဝင္သရုပ္ေဆာင္ထားတဲ့ ‘’သတိ အႏၱရာယ္ရွိသည္” ရုပ္ရွင္ကားႀကီးဟာ ဆင္ဆာထိခဲ့လုိ႔ စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။ ႀကိဳးစားထားသမွ် သဲထဲေရသြန္မျဖစ္ေစခ်င္တဲ့အေၾကာင္း ရင္ဖြင့္ေျပာျပလာပါတယ္။

‘’ထုံးစံတိုင္း ဆင္ဆာထိျပန္ပီ ေမာ္ေတာ္ပီကယ္ကိုထိုးတဲ႕အခန္းပါလို႕တဲ႕ဗ်ာ။ ဘာလို႕ထိုးလဲဆိုတဲ႕ အေၾကာင္းရင္းလဲပါေနတာဘဲ ဒါကိုမရဘူးတဲ့ ရဲကိုလုပ္ခြင့္မရွိတာတဲ႕ဗ်ာ။ ကၽြန္ေတာ္တို႕ အားလုံးႀကိဳးစားထားတာ သဲထဲေရသြန္ျဖစ္သြားသလိုဘဲ ႐ုံတင္ရဖို႕ ဝိုင္းဝန္းရံေပးၾကပါဦး

’’ ဆုိၿပီးေတာ့ တုိင္ရြန္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေမလ ၁၀ ရက္ေန႔ ညေန ၂ နာရီ မိနစ္ ၄၀ ေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

ဒီဇာတ္ကားကုိေတာ့ ယုန္ေလးကုိယ္တုိင္ ဇာတ္ညႊန္းနဲ႔ ဒါရုိက္တာအျဖစ္ ပုံေဖာ္ရုိက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ျမင့္ျမတ္၊ယုန္ေလး၊ ေကညီ၊ တုိင္ရြန္၊ ေအာင္ေလး၊ ဘုိခ်မ္း နဲ႔ ခင္ဝင့္ဝါတုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ လူငယ္ပရိသတ္ေတြအႀကိဳက္ အက္ရွင္ဇာတ္ကားေကာင္းတစ္ကားျဖစ္တယ္လုိ႔ သိရပါတယ္။

တုိင္ရြန္ဟာ အႏုပညာအလုပ္အေပၚ ရူးသြပ္တဲ့အတြက္ ေအာင္ျမင္မႈတစ္ခုရေအာင္ ႀကိဳးစားေနသူျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဝါသနာပါတဲ့ အလုပ္ လုပ္ေနရတ့ဲအတြက္ ဒီအလုပ္နဲ႔ပဲ သူ႔ရဲ႕ မိဘေတြကုိ ဂုဏ္ယူေစခ်င္ခဲ့တယ္လုိ႕ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။

”သူတုိ႔ကုိ တီဗီေပၚမွာ ျမင္လုိ႔ရတဲ့ မင္းသားတစ္ေယာက္၊ အႏုပညာရွင္တစ္ေယာက္လုိ႔ ဂုဏ္ယူေစခ်င္ခဲ့တာေလ။ သူတုိ႔ ကုိယ္တုိင္လည္း ျပန္ၾကားေနရတယ္ ဆုိတဲ့ အခါက်ေတာ့ ကၽြန္ေတာ္ကုိယ္တုိင္လည္း အေနအထုိင္ မတတ္တာလည္းပါပါလိမ့္မယ္။ ဒီကိစၥကုိ မေျဖရွင္းေတာ့ပါဘူး။ ေျဖရွင္းေလ ပုိရႈပ္ေလပဲ ျဖစ္ေတာ့မယ္ ဆုိေတာ့ ကၽြန္ေတာ့္အေၾကာင္းကုိ ကၽြန္ေတာ့္ ေနာက္ကြယ္မွာပဲ ေျပာပါေစ” လုိ႔ ဆုိပါတယ္။

ပရိသတ္အားေပးမႈကို ရရွိထားတဲ့ တိုင္ရြန္ဟာ ပရိသတ္ေတြအတြက္ စံျပတစ္ေယာက္ျဖစ္ေအာင္ အေကာင္းဆံုး ႀကိဳးစားၿပီး ေနထိုင္တယ္လို႕ ဆုိပါတယ္။ သူ႔အေနနဲ႔ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့အတြက္ ေရွ႕ဆက္ၿပီးေတာ့လည္း အႏုပညာအလုပ္ေတြနဲ႔ အတူ ပရဟိတအလုပ္ေတြကုိလည္း စြမ္းစြမ္းတမံ ေဆာင္ရြက္သြားမယ္လုိ႔ ေျပာပါတယ္။

ေမာ္ဒယ္ေလာကမွာကတည္းက ေအာင္ျမင္မႈေတြရရွိထားတဲ့ တုိင္ရြန္က သရုပ္ေဆာင္အလုပ္နဲ႔ ပတ္သက္လုိ႔ေတာ့ ေအာက္ေျခသိမ္းကစၿပီး ႀကိဳးစားလာတဲ့ လူငယ္အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ လက္ရွိမွာလည္း စီနီယာသရုပ္ေဆာင္ေတြနဲ႔အတူ ရုပ္ရွင္ဇာတ္ကားေတြရုိက္ကူးေနတာ ေတြ႔ရပါတယ္။

Credit: Duwun

Unicode Version

’သတိ အန္တရာယ်ရှိသည်’’ ရုပ်ရှင်ဇာတ်ကားကြီး ဆင်ဆာထိခဲ့လို့ တိုင်ရွန်တစ်ယောက်အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ယုန်လေး၊ ကေညီ၊ တိုင်ရွန်၊ အောင်လေး၊ ဘိုချမ်း နဲ့ ခင်ဝင့်ဝါတို့က ပါဝင်ထားတာပါ။

တိုင်ရွန်က သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ကားကြီးဟာ ဆင်ဆာထိခဲ့လို့ စိတ်မကောင်းဖြစ်လို့နေပါတယ်။ ကြိုးစားထားသမျှ သဲထဲရေသွန်မဖြစ်စေချင်တဲ့အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။

‘’ထုံးစံတိုင်း ဆင်ဆာထိပြန်ပီ မော်တော်ပီကယ်ကိုထိုးတဲ့အခန်းပါလို့တဲ့ဗျာ။ ဘာလို့ထိုးလဲဆိုတဲ့ အကြောင်းရင်းလဲပါနေတာဘဲ ဒါကိုမရဘူးတဲ့ ရဲကိုလုပ်ခွင့်မရှိတာတဲ့ဗျာ။ ကျွန်တော်တို့ အားလုံးကြိုးစားထားတာ သဲထဲရေသွန်ဖြစ်သွားသလိုဘဲ ရုံတင်ရဖို့ ဝိုင်းဝန်းရံပေးကြပါဦး

’’ ဆိုပြီးတော့ တိုင်ရွန်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၄၀ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ဒီဇာတ်ကားကိုတော့ ယုန်လေးကိုယ်တိုင် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ယုန်လေး၊ ကေညီ၊ တိုင်ရွန်၊ အောင်လေး၊ ဘိုချမ်း နဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ လူငယ်ပရိသတ်တွေအကြိုက် အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်လို့ သိရပါတယ်။

တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

”သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင် မတတ်တာလည်းပါပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ” လို့ ဆိုပါတယ်။

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment