Shwe News

ခ်စ္သူအေၾကာင္း… ေျပာျပလာတဲ့… ေအးဝတ္ရည္ေသာင္း

[Zawgyi Version]

ခ်စ္ သူ က အရမ္းရွက္တတ္တာေၾကာင့္ ပရိသတ္ေတြ သိေအာင္ ထုတ္မျပေသးတာ ျဖစ္တယ္လို႕ သူမက ဆုိပါတယ္။ ခ်စ္သူက ဝဝျပည့္ျပည့္ေလးဆုိေတာ့ အားကိုရတယ္တဲ့။

Photo : Amazing Grace

ေအးေ သာင္း လို႕ ပရိသတ္ေတြ ခ်စ္စႏိုးေခၚျခင္းခံရတဲ့ သရုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းရဲ႕ လက္ရွိအခ်စ္ေရးကေတာ့ သာသာယာယာပါပဲတဲ့။ ခ်စ္သူက အရွမ္းရွက္တတ္တာေၾကာင့္ ပရိသတ္ေတြကို ထုတ္မျပေသးတာ ျဖစ္တယ္လို႕ သူမက ဆုိပါတယ္။

“ခ်စ္ သူ ဘ ဝမွာေတာ့ ပရိသတ္ေတြကို အသိေပးဖို႕ အစီအစဥ္မရွိပါဘုး။ အမက ဘာမွမျဖစ္ေပမယ့္ သူကသိပ္မေနတတ္ဘူး။ သူမ်ားေတြ စိတ္ဝင္စားမွာ ၿပီးေတာ့ အမရဲ႕ ခ်စ္သူမွန္းသိသြားတဲ့အခါ အမအေၾကာင္းေတြ တစ္ခုခုလာေျပာရင္ သူေနရခက္မွာမ်ိဳး ျဖစ္မွာ ဆိုးလို႕ မထုတ္ျပတာပါ။ သူက လူမသိေလ ပိုႀကိဳက္ေလပဲ။ သူက ပိုရွက္တတ္တယ္” ဆိုၿပီး ခ်စ္သူအေၾကာင္းကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

ခ်စ္ သူ က ဝဝျပည့္ျပည့္ေလးျဖစ္လို႕ အားကိုရတယ္လို႕ သူမက ဆုိပါတယ္။

“အား ကိုး ရ ပါတယ္။ ခ်စ္သူက ဝဝျပည့္ျပည့္ေလးဆုိေတာ့ အားကိုးရတယ္။ ဒီႏွစ္ေတာ့ ထူးထူးျခားျခားေတာ့ မစဥ္းစားရေသးပါဘူး။အိမ္ေထာင္ျပဳဖို႕ကိုလည္း မစဥ္းစားရေသးပါဘူး။ ျဖစ္ရင္လည္း ျဖစ္သြားႏိုင္တေပ့ါေနာ္။ မခြဲႏိုင္ရင္လည္း ယူလိုက္ေတာ့မွာေပ့ါေနာ္” ဆိုၿပီး ရင္ခြင္ရွင္းတမ္း Press show ေန႕က ရယ္ရယ္ေမာေမာနဲ႕ ေျပာခဲ့ပါတယ္။

Photo : Amazing Grace

မေ အးေ သာင္းကေတာ့ ပရိသတ္ေတြအတြက္ သူကုိယ္တုိင္ သီဆုိထားတဲ့ သီခ်င္းေလးကုိ မၾကာခင္ ပရိသတ္ဆီ အေရာက္ပုိ႔ေတာ့မယ္လုိ႔ သိရပါတယ္။

‘’ခ်စ္ ပရိတ္ သတ္ေတြအတြက္ ဟာကနဲ၊ ဟင္ကနဲ ျဖစ္ေလာက္တဲ့ သီခ်င္းတစ္ပုဒ္ကို ခ်ျပေတာ့မွာပါလုိ႔ မေအးေသာင္းက ေျပာတယ္။ သီခ်င္းအၾကမ္းေတာ့သီဆိုလို႔ ၿပီးသြားပါၿပီ Studio အပိုင္းေလာက္ဘဲ က်န္ပါေတာ့တယ္။ ဇြန္လကုန္၊ ဇူလိုင္လေလာက္ေတာ့ ပရိသတ္ဆီကိုခ်ျပမွာပါ’’ လုိ႔ မေအးေသာင္းရဲ႕ ဖခင္ျဖစ္သူ ဦးျမင့္ေအာင္ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေမလ ၇ ရက္ေန႔ မနက္ ၁၀ နာရီေက်ာ္က ေရးသားထားတာေတြ႕ရပါတယ္။

Photo : Amazing Grace

ဆယ္ေ က်ာ္ သက္ အရြယ္မွာ ဆံပင္ရွည္ေလးနဲ႔ ေအး၀တ္ရည္ေသာင္းအျဖစ္ အႏုပညာေလာကမွာ ေနရာတစ္ေနရာ ရရွိခဲ့တဲ့သူ ျဖစ္ပါတယ္။ ၁၀ စုႏွစ္တစ္စုေက်ာ္ ေပ်ာက္ကြယ္သြားခဲ့တဲ့ ေအးဝတ္ရည္ေသာင္းဟာ ၂၀၁၇ ခုႏွစ္မွာ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး ပရိသတ္အားေပးမႈကို ယခင္ကထက္ေတာင္ ပိုမိုရရွိလာပါတယ္။ မေအးေသာင္းဟာ ရုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနပါတယ္။ ကုိယ္ပုိင္စီးပြားေရးတစ္ခုျဖစ္တဲ့ ပုိးထည္ဆုိင္ေတြကုိလည္း ဦးေဆာင္လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။

Credit- Duwun

  • [Unicode Version]

ချစ်သူက အရမ်းရှက်တတ်တာကြောင့် ပရိသတ်တွေ သိအောင် ထုတ်မပြသေးတာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ ချစ်သူက ဝဝပြည့်ပြည့်လေးဆိုတော့ အားကိုရတယ်တဲ့။

Photo : Amazing Grace

အေးသောင်းလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ခြင်းခံရတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ လက်ရှိအချစ်ရေးကတော့ သာသာယာယာပါပဲတဲ့။ ချစ်သူက အရှမ်းရှက်တတ်တာကြောင့် ပရိသတ်တွေကို ထုတ်မပြသေးတာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“ချစ်သူဘဝမှာတော့ ပရိသတ်တွေကို အသိပေးဖို့ အစီအစဉ်မရှိပါဘုး။ အမက ဘာမှမဖြစ်ပေမယ့် သူကသိပ်မနေတတ်ဘူး။ သူများတွေ စိတ်ဝင်စားမှာ ပြီးတော့ အမရဲ့ ချစ်သူမှန်းသိသွားတဲ့အခါ အမအကြောင်းတွေ တစ်ခုခုလာပြောရင် သူနေရခက်မှာမျိုး ဖြစ်မှာ ဆိုးလို့ မထုတ်ပြတာပါ။ သူက လူမသိလေ ပိုကြိုက်လေပဲ။ သူက ပိုရှက်တတ်တယ်” ဆိုပြီး ချစ်သူအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ချစ်သူက ဝဝပြည့်ပြည့်လေးဖြစ်လို့ အားကိုရတယ်လို့ သူမက ဆိုပါတယ်။

“အားကိုးရပါတယ်။ ချစ်သူက ဝဝပြည့်ပြည့်လေးဆိုတော့ အားကိုးရတယ်။ ဒီနှစ်တော့ ထူးထူးခြားခြားတော့ မစဉ်းစားရသေးပါဘူး။အိမ်ထောင်ပြုဖို့ကိုလည်း မစဉ်းစားရသေးပါဘူး။ ဖြစ်ရင်လည်း ဖြစ်သွားနိုင်တပေ့ါနော်။ မခွဲနိုင်ရင်လည်း ယူလိုက်တော့မှာပေ့ါနော်” ဆိုပြီး ရင်ခွင်ရှင်းတမ်း Press show နေ့က ရယ်ရယ်မောမောနဲ့ ပြောခဲ့ပါတယ်။

Photo : Amazing Grace

မ အေး သောင်းကတော့ ပရိသတ်တွေအတွက် သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးကို မကြာခင် ပရိသတ်ဆီ အရောက်ပို့တော့မယ်လို့ သိရပါတယ်။

‘’ချစ်ပရိတ်သတ်တွေအတွက် ဟာကနဲ၊ ဟင်ကနဲ ဖြစ်လောက်တဲ့ သီချင်းတစ်ပုဒ်ကို ချပြတော့မှာပါလို့ မအေးသောင်းက ပြောတယ်။ သီချင်းအကြမ်းတော့သီဆိုလို့ ပြီးသွားပါပြီ Studio အပိုင်းလောက်ဘဲ ကျန်ပါတော့တယ်။ ဇွန်လကုန်၊ ဇူလိုင်လလောက်တော့ ပရိသတ်ဆီကိုချပြမှာပါ’’ လို့ မအေးသောင်းရဲ့ ဖခင်ဖြစ်သူ ဦးမြင့်အောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၇ ရက်နေ့ မနက် ၁၀ နာရီကျော်က ရေးသားထားတာတွေ့ရပါတယ်။

Photo : Amazing Grace

ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment