Shwe News

သ႐ုပ္ေဆာင္ ..ႏြယ္နီကို… ေငြ(၆)သိန္းနဲ႔ …လိုအပ္တာေတြ.. ကူညီေပးခဲ့တဲ့ ခိုင္ႏွင္းေဝ

[Zawgyi Version] ခိုင္ ႏွင္ းေဝ က ဇာတ္ပို႕ သရုပ္ေဆာင္ ႏြယ္နီရဲ႕ သတင္းၾကားၾကားခ်င္း လိုအပ္တာေတြ သြားေရာက္ကူညီေပးခဲ့တာပါ။ အႏုပညာသမား အခ်င္းခ်င္း ကိုယ္ခ်င္းစာမိလို႕ပါတဲ့။

Photo : ခုိင္ႏွင္းေဝ

သ ရု ပ္ေဆာင္ ခိုင္ႏွင္းေဝဟာ ဒီေန႕(ေမလ၁၃ရက္)မွာ ဇာတ္ပို႕သရုပ္ေဆာင္ ႏြယ္နီဆီသို႕ သြားေရာက္ခဲ့ၿပီး လိုအပ္တာေတြ လွဴဒါန္းခဲ့ပါတယ္။ သူမဟာ ႏြယ္နီရဲ႕ သတင္းၾကားၾကားခ်င္း သြားေရာက္ခဲ့တာ ျဖစ္ၿပီး ႏြယ္နီရဲ႕ အခက္အခဲ၊ က်န္းမာေရးနဲ႕ သားသမီးေလးေတြရဲ႕ ဘဝ အားလံုးအတြက္ စဥ္းစားၿပီး ေဆးဝါးကုသႏိုင္ရန္ အလွဴေငြ (၆)သိန္း လွဴဒါန္းခဲ့သလို လြယ္လြယ္ကူကူ ေစ်းေရာင္းႏိုင္ဖို႕အတြက္ ေစ်းေရာင္းလွည္းကိုလည္း လွဴဒါန္းခဲ့ပါေသးတယ္။

Photo : ခုိင္ႏွင္းေဝ

“အ ႏု ညာ သမား အခ်င္းခ်င္း ကိုယ္ခ်င္းစာမိလို႔ ဒီေန႔မနက္မွာ သူ႕အခက္အခဲ သူ႕က်န္းမာေရး သူ႕ သားသမီးေလးေတြရဲ႕ဘဝအားလံုး အတြက္ စဥ္းစားၿပီး

ေဆး ဝါး ကု သႏို္ င္ရန္ အလႉေငြက်ပ္ 6သိန္း အိမ္မွာ ပူေဇာ္ႏိုင္ရန္ ဘုရားတဆူ တို႔အျပင္ မေန႔က တရက္ ထည္းနဲ႔ လြယ္လြယ္ ကူကူ ေဈးေရာင္းႏိုင္ဖို႔တြက္ လွည္း၊ လိုအပ္တဲ့ အိမ္ေထာင္သံုးစားစရာ၊ ကေလးေလးတြက္ မုန္႔၊ အ႐ုပ္ ေတြအျပင္ ေရာင္းခ်ႏိုင္ရန္အတြက္ ထိုင္းႏိုင္ငံမွ တိုက္႐ိုက္ တင္သြင္းေသာ အကင္စံုတို႔ကို သြားေရာက္လႉဒါန္းေပးခဲ့ပါတယ္ရွင္” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေမလ(၁၃) ရက္ေန႕က ေရးသားထားပါတယ္။

Photo : ခုိင္ႏွင္းေဝ

ႏြယ္ နီ ရဲ႕ ဝမ္းသာမ်က္ရည္ေတြကို ျမင္ရတာ သူမအတြက္ ပင္ပန္းတာေတြ ေပ်ာက္တဲ့အထိကို ၾကည္ႏူးပီတိျဖစ္ရတယ္လို႕ ဆုိပါတယ္။သရုပ္ေဆာင္ ႏြယ္နီဟာ ကင္ဆာေရာဂါ အဆင့္(၃)ကို ခံစားေနရတယ္လို႕ သိရပါတယ္။

ပ ရ ဟိ တအလုပ္ေတြ၊ ကုသုိလ္ေရးေတြမွာ လက္မေႏွးတဲ့ မင္းသမီးေခ်ာေလး ခုိင္ႏွင္းေဝကေတာ့ ဆင္းရဲသားျပည္သူေတြကုိလည္း တစ္ဖက္ တစ္လမ္းက ကူညီေစာင့္ေရွာက္ တတ္သလုိ ဘုရား၊ တရားကုိလည္း မေမ့မေလွ်ာ့ ေဆာင္ရြက္တတ္သူတစ္ဦးပါ။

Photo : ခုိင္ႏွင္းေဝ

ဘာ သ ာေရး၊ သာသနာေရး ေတြလည္း အဆက္မျပတ္ေဆာင္ရြက္ေလ့ရွိပါတယ္။ အဲဒီေနာက္ ထုိင္းႏုိင္ငံ ခုိလၿမိဳ႕မွာရွိတဲ့ ခိုင္ႏွင္းေဝ ပရ ဟိတအသင္းသားေတြနဲ႔ အတူတူ ပရဟိတအလုပ္ေတြနဲ႔ အတူတူမၾကာခဏ အလွဴအတန္း ေတြသြားေရာက္ လုပ္ကုိင္ေဆာင္ရြက္ေပးျဖစ္တယ္လုိ႔ သိရပါတယ္။

Credit- Duwun

[Unicode Version]

ခိုင်နှင်းဝေက ဇာတ်ပို့ သရုပ်ဆောင် နွယ်နီရဲ့ သတင်းကြားကြားချင်း လိုအပ်တာတွေ သွားရောက်ကူညီပေးခဲ့တာပါ။ အနုပညာသမား အချင်းချင်း ကိုယ်ချင်းစာမိလို့ပါတဲ့။

Photo : ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ဒီနေ့(မေလ၁၃ရက်)မှာ ဇာတ်ပို့သရုပ်ဆောင် နွယ်နီဆီသို့ သွားရောက်ခဲ့ပြီး လိုအပ်တာတွေ လှူဒါန်းခဲ့ပါတယ်။ သူမဟာ နွယ်နီရဲ့ သတင်းကြားကြားချင်း သွားရောက်ခဲ့တာ ဖြစ်ပြီး နွယ်နီရဲ့ အခက်အခဲ၊ ကျန်းမာရေးနဲ့ သားသမီးလေးတွေရဲ့ ဘဝ အားလုံးအတွက် စဉ်းစားပြီး ဆေးဝါးကုသနိုင်ရန် အလှူငွေ (၆)သိန်း လှူဒါန်းခဲ့သလို လွယ်လွယ်ကူကူ ဈေးရောင်းနိုင်ဖို့အတွက် ဈေးရောင်းလှည်းကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

Photo : ခိုင်နှင်းဝေ

“အနုပညာ သမား အချင်းချင်း ကိုယ်ချင်းစာမိလို့ ဒီနေ့မနက်မှာ သူ့အခက်အခဲ သူ့ကျန်းမာရေး သူ့ သားသမီးလေးတွေရဲ့ဘဝအားလုံး အတွက် စဉ်းစားပြီး

ဆေးဝါး ကုသနိုင်ရန် အလှူငွေကျပ် 6သိန်း အိမ်မှာ ပူဇော်နိုင်ရန် ဘုရားတဆူ တို့အပြင် မနေ့က တရက် ထည်းနဲ့ လွယ်လွယ် ကူကူ ဈေးရောင်းနိုင်ဖို့တွက် လှည်း၊ လိုအပ်တဲ့ အိမ်ထောင်သုံးစားစရာ၊ ကလေးလေးတွက် မုန့်၊ အရုပ် တွေအပြင် ရောင်းချနိုင်ရန်အတွက် ထိုင်းနိုင်ငံမှ တိုက်ရိုက် တင်သွင်းသော အကင်စုံတို့ကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁၃) ရက်နေ့က ရေးသားထားပါတယ်။

Photo : ခိုင်နှင်းဝေ

နွယ်နီရဲ့ ဝမ်းသာမျက်ရည်တွေကို မြင်ရတာ သူမအတွက် ပင်ပန်းတာတွေ ပျောက်တဲ့အထိကို ကြည်နူးပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။သရုပ်ဆောင် နွယ်နီဟာ ကင်ဆာရောဂါ အဆင့်(၃)ကို ခံစားနေရတယ်လို့ သိရပါတယ်။

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

Photo : ခိုင်နှင်းဝေ

ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။

Credit- Duwun

About the author

Crypoetess

Leave a Comment