Shwe News

Grade-3.. ၊ Grade-6 …သင္တန္းေတြဟာ… လူသတ္ကြင္းျဖစ္ေနသလား?

ပ ည ာေရ းဝန္ႀ ကီးဌာနရဲ႕ Grade-3 ၊ Grade-6 သင္တန္းေတြဟာ လူသတ္ကြင္းျဖစ္ေနသလား?

အ ခု တစ္ေလာ ပညာေရးဌာနမွာ Grade-3 . Grade-6 သင္တန္းတက္ေရာက္ရင္း ကြယ္လြန္ခဲ့တဲ့ ဆရာဆရာမေတြဟာ မ်ားလာေနပါတယ္…

ျမန္ မ ာႏိုင္ငံရဲ႕ ဆိုးရြားလွတဲ့ ရာသီဥတု အပူဒဏ္ကို အံတုၿပီး သင္တန္းတက္ေနၾကရတာ…

ဒီေ န ရာ မွာ ေရာဂါအခံ႐ွိေသာဆရာဆရာမမ်ား၊ အသက္ႀကီးေသာဆရာဆရာမမ်ား၊ ကိုယ္ဝန္ေဆာင္ဆရာမမ်ား အေနနဲ႔ ဆိုးရြားတဲ့ အပူဒဏ္ေၾကာင့္ မလိုလားအပ္ေသာ ျပႆ နာမ်ား ၊ အသက္ေသသည္အထိ ျဖစ္ေနၾကရပါတယ္….

မေ န႔ က ဆရာမေလးတဟ္ေယာက္ Grade-3 သင္တန္းမွာ ကိုယ္ဝန္ပ်က္က်တယ္…

ေယာ က္်ားျဖစ္သူကို ဖုန္းဆက္ေခၚေတာ့ ေယာက္်ားက ဆိုင္ကယ္နဲ႔လာ၊ဆိုင္ကယ္Accidentျဖစ္တယ္

ဒီေ န႔ ၾကားရသတင္းက ေညာင္ဦးၿမိဳ႕နယ္က ဆရာမႀကီးတစ္ေယာက္ Grade-3သင္တန္းတက္ေနစဥ္မွာ ဆံုးပါးသြားတယ္…

အ ရင္ ခ႐ိုင္အဆင့္မွာ တနသၤာရီတိုင္းက ဆရာႀကီးတစ္ေယာက္ Grade-3 သရက္ခ႐ိုင္သင္တန္းမွာ လက္ေထာက္ပညာေရးမွဴးဆရာႀကီးတစ္ေယာက္ ရခိုင္ျပည္နယ္က ဆရာႀကီးတစ္ေယာက္ မလိုလားအပ္ဘဲ အသက္ေသဆံုးျခင္းေတြဟာ လူသတ္ကြင္းလို ျဖစ္ေနပါၿပီ…

ဒီ အ ပူ ဒ ဏ္ေအာက္ စာသင္ခန္းေတြမွာ ပန္ကာမ႐ွိ၊ေရမီးမျပည့္စံု ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ေနၿပီး သင္တန္းတက္ေနၾကတဲ့၊ အသက္ေသဆံုးသြားခဲ့တဲ့ ဆရာႀကီး၊ဆရာမႀကီးေတြအတြက္ ကူညီေထာက္ပံ့ေပးဖို႔ မေျပာနဲ႔ ဝမ္းနည္းေၾကာင္းသဝဏ္လႊာေတာင္ သနားငဲ့ညႇာစိတ္၊ကိုယ္ခ်င္းစာစိတ္တို႔နဲ႔ ထုတ္ျပန္ေပးျခင္းေတာင္ မ႐ွိတဲ့ ပညာေရးဝန္ႀကီးဌာနပါ…

အ ခု G3.G6 သင္တန္းဟာ ေလးရက္ပဲ ႐ွိပါေသးတယ္…

၁၀ ရက္ က်န္ပါေသးတယ္..

ဘာေ တြဆက္ၾကားရဦးမွာလဲ?

သ တင္း ဆိုးေတြေတာ့ မၾကားခ်င္ေတာ့ပါဘူး ဆရာဆရာမတို႔ေရ…

ဂ ႐ု စိုက္ေနထိုင္ၾကပါခင္ဗ်…

ပ ည ာေရး ဝန္ႀကီးဌာနက တာဝန္႐ွိသူေတြလည္းေအးေအးေဆးေဆးေနၾကပါ…

ေသ ဆံု းသြား တဲ့ ဆရာဆရာမေတြအတြက္ခင္ဗ်ားတို႔ မသိခ်င္ေယာင္ေဆာင္ေနပါ…

ဟန္ေဆာင္ေနပါ…

ဒီသင္တန္းႀကီး ၿပီးေျမာက္ပါတယ္…

ေအာင္ျမင္ေအာင္က်င္းပႏိုင္ပါတယ္ဆိုတဲ့ ဝမ္းေျမာက္ဖြယ္စကားနဲ႔ ေက်နပ္ေနၾကပါ…

ဦးရဲမင္းထြန္း – အလယ္တန္းျပ G6သင္တန္း မင္းဘူးခ႐ိုင္၊မေကြးတိုင္းေဒသႀကီး။

Credit – ရဲရင့္ထြန္း

  • Unicode Version

ပညာရေးဝန်ကြီးဌာနရဲ့ Grade-3 ၊ Grade-6 သင်တန်းတွေဟာ လူသတ်ကွင်းဖြစ်နေသလား?

အခုတစ်လော ပညာရေးဌာနမှာ Grade-3 . Grade-6 သင်တန်းတက်ရောက်ရင်း ကွယ်လွန်ခဲ့တဲ့ ဆရာဆရာမတွေဟာ များလာနေပါတယ်…

မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ ရာသီဥတု အပူဒဏ်ကို အံတုပြီး သင်တန်းတက်နေကြရတာ…

ဒီနေရာမှာ ရောဂါအခံရှိသောဆရာဆရာမများ၊ အသက်ကြီးသောဆရာဆရာမများ၊ ကိုယ်ဝန်ဆောင်ဆရာမများ အနေနဲ့ ဆိုးရွားတဲ့ အပူဒဏ်ကြောင့် မလိုလားအပ်သော ပြဿ နာများ ၊ အသက်သေသည်အထိ ဖြစ်နေကြရပါတယ်….

မနေ့က ဆရာမလေးတဟ်ယောက် Grade-3 သင်တန်းမှာ ကိုယ်ဝန်ပျက်ကျတယ်…

ယောက်ျားဖြစ်သူကို ဖုန်းဆက်ခေါ်တော့ ယောက်ျားက ဆိုင်ကယ်နဲ့လာ၊ဆိုင်ကယ်Accidentဖြစ်တယ်

ဒီနေ့ ကြားရသတင်းက ညောင်ဦးမြို့နယ်က ဆရာမကြီးတစ်ယောက် Grade-3သင်တန်းတက်နေစဉ်မှာ ဆုံးပါးသွားတယ်…

အရင် ခရိုင်အဆင့်မှာ တနင်္သာရီတိုင်းက ဆရာကြီးတစ်ယောက် Grade-3 သရက်ခရိုင်သင်တန်းမှာ လက်ထောက်ပညာရေးမှူးဆရာကြီးတစ်ယောက် ရခိုင်ပြည်နယ်က ဆရာကြီးတစ်ယောက် မလိုလားအပ်ဘဲ အသက်သေဆုံးခြင်းတွေဟာ လူသတ်ကွင်းလို ဖြစ်နေပါပြီ…

ဒီအပူဒဏ်အောက် စာသင်ခန်းတွေမှာ ပန်ကာမရှိ၊ရေမီးမပြည့်စုံ ချို့ချို့တဲ့တဲ့ နေပြီး သင်တန်းတက်နေကြတဲ့၊ အသက်သေဆုံးသွားခဲ့တဲ့ ဆရာကြီး၊ဆရာမကြီးတွေအတွက် ကူညီထောက်ပံ့ပေးဖို့ မပြောနဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာတောင် သနားငဲ့ညှာစိတ်၊ကိုယ်ချင်းစာစိတ်တို့နဲ့ ထုတ်ပြန်ပေးခြင်းတောင် မရှိတဲ့ ပညာရေးဝန်ကြီးဌာနပါ…

အခု G3.G6 သင်တန်းဟာ လေးရက်ပဲ ရှိပါသေးတယ်…

၁ဝရက် ကျန်ပါသေးတယ်..

ဘာတွေဆက်ကြားရဦးမှာလဲ?

သတင်းဆိုးတွေတော့ မကြားချင်တော့ပါဘူး ဆရာဆရာမတို့ရေ…

ဂရုစိုက်နေထိုင်ကြပါခင်ဗျ…

ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်းအေးအေးဆေးဆေးနေကြပါ…

သေဆုံးသွားတဲ့ ဆရာဆရာမတွေအတွက်ခင်ဗျားတို့ မသိချင်ယောင်ဆောင်နေပါ…

ဟန်ဆောင်နေပါ…

ဒီသင်တန်းကြီး ပြီးမြောက်ပါတယ်…

အောင်မြင်အောင်ကျင်းပနိုင်ပါတယ်ဆိုတဲ့ ဝမ်းမြောက်ဖွယ်စကားနဲ့ ကျေနပ်နေကြပါ…

ဦးရဲမင်းထွန်း – အလယ်တန်းပြ G6သင်တန်း မင်းဘူးခရိုင်၊မကွေးတိုင်းဒေသကြီး

About the author

Crypoetess

Leave a Comment