Shwe News

မူးယစ္ေဆးဝင္ေရာက္ဖမ္းဆီးသူ ရဲေမကို တရားခံအမ်ိဳးသမီးက သနပ္ခါးတုံးျဖင့္ထု

ဇူလိုင္လ ၂၄ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္ခန႔္က မအူပင္ၿမိဳ႕နယ္ ေညာင္ဝိုင္းေက်းရြာရွိ ေနအိမ္တစ္ခုကို သက္ဆိုင္ရာက သတင္းအရဝင္ေရာက္ရွာေဖြ စစ္ေဆးခဲ့ရာ တရားခံအမ်ိဳးသမီးက ရဲေမအား သနပ္ခါးတုံးျဖင့္ ထုႏွက္ခဲ့ေၾကာင္း သိရွိရသည္။

သတင္းအရ သက္ဆိုင္ရာမွ ညီအစ္မႏွစ္ဦးျဖစ္ေသာ မတင္တင္မိုး ႏွင့္ မခင္စႏၵာမိုး တို႔၏ေနအိမ္သို႔ သတင္းအရ ဝင္ေရာက္စစ္ေဆးခဲ့ရာ မတင္တင္မိုး၏ ခႏၶာကိုယ္အေပၚပိုင္းတြင္ လႊမ္းျခဳံထားေသာ အကၤ်ီအိပ္ကပ္အတြင္းမွ WY စာတန္းပါ ပန္းေရာင္ ၇၄ ျပားႏွင့္ WY စာတန္းပါ အစိမ္းေရာင္ ၂ ျပားတို႔အား စစ္ေဆးေတြ႕ရွိခဲ့သျဖင့္ ဖမ္းဆီးရန္ႀကိဳးစားစဥ္ တိုင္းရဲေမတစ္ဦးအား သနပ္ခါးတုံးျဖင့္ ထုရိုက္ခဲ့သည္။

သက္ဆိုင္ရာက အသြင္ယူကာ ဖမ္းဆီးခဲ့ဟန္တူၿပီး မတင္တင္မိုးတို႔ ညီအစ္မႏွစ္ဦးအား ဖမ္းဆီးေခၚေဆာင္ရာ ဗီဒီယိုတြင္ သူမအား ေထာင္ေခ်ာက္ဆင္ဖမ္းသည္ဟု ျပန္လည္စြပ္စြဲခဲ့တာကိုလည္း ေတြ႕ျမင္ရပါတယ္။

သတင္းရင္းျမစ္ – ေကာင္းျမတ္
Credit – popolay

  • Unicode

ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က မအူပင်မြို့နယ် ညောင်ဝိုင်းကျေးရွာရှိ နေအိမ်တစ်ခုကို သက်ဆိုင်ရာက သတင်းအရဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ တရားခံအမျိုးသမီးက ရဲမေအား သနပ်ခါးတုံးဖြင့် ထုနှက်ခဲ့ကြောင်း သိရှိရသည်။

သတင်းအရ သက်ဆိုင်ရာမှ ညီအစ်မနှစ်ဦးဖြစ်သော မတင်တင်မိုး နှင့် မခင်စန္ဒာမိုး တို့၏နေအိမ်သို့ သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ မတင်တင်မိုး၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် လွှမ်းခြုံထားသော အင်္ကျီအိပ်ကပ်အတွင်းမှ WY စာတန်းပါ ပန်းရောင် ၇၄ ပြားနှင့် WY စာတန်းပါ အစိမ်းရောင် ၂ ပြားတို့အား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးရန်ကြိုးစားစဉ် တိုင်းရဲမေတစ်ဦးအား သနပ်ခါးတုံးဖြင့် ထုရိုက်ခဲ့သည်။

သက်ဆိုင်ရာက အသွင်ယူကာ ဖမ်းဆီးခဲ့ဟန်တူပြီး မတင်တင်မိုးတို့ ညီအစ်မနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ရာ ဗီဒီယိုတွင် သူမအား ထောင်ချောက်ဆင်ဖမ်းသည်ဟု ပြန်လည်စွပ်စွဲခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

သတင်းရင်းမြစ် – ကောင်းမြတ်
Credit – popolay

About the author

Wai Phyo Oo

Leave a Comment