Shwe News

“ကျေးရွာမှ ဝိုင်းဝန်းကာကွယ်ထားရသော ကလေးများကို တတ်နိုင်သောအကူအညီများပေးကြပါရန်”










Facebook အပေါ်မှ ချစ်မိတ်ဆွေများ မှ အသိပညာရှင်များ အတတ်ပညာရှင်များ ၏ အကြံအဥာဏ်များ ကို အထူးဘဲ လိုအပ်လျှက်ရှိပါသည်။

Unicode

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်ဆားလင်းကြီးမြို့နယ် ခွန်သာ အုပ်စု ခွန်သာရွာအဖိုးဖြစ်သူ ဦးမြဲသည်ကလေးမများ နေထိုင်သော အိမ်နှင့် အိမ်ဝိုင်းအား ကလေးမများ၏ ဖခင် ဦးဝင်းမင်းဌေး အား တရားဆွဲဆိုခဲ့သည်။

ကလေးမများ၏ ဖခင်မှာ နောက်အိမ်ထောင်ပြုပြီး တရားစွဲသော အိမ်ဝိုင်းမှာ နေထိုင်ခြင်း လုံးဝ မရှိခဲ့ပါ။ထိုအိမ်ဝိုင်း မူရင်းပိုင်ရှင်မှာ (ဒေါ်ခင်ဝင်း) ၏ မိဘများ ဖြစ်သူ ဦးမာ+ဒေါ်ခင်သိန်း တို့ ပိုင်ဆိုင်သော အိမ်ဝိုင်းဖြစ်သည်မှာ ကျေးရွာလူထု သိရှိပြီး ဖြစ်ပါသည်။

ဦးမြဲ သည် နောက်အိမ်ထောင် ပြုထားသူဖြစ်ပြီး အရင်အိမ်ထောင် (ဒေါ်ခင်ဝင်း) သေဆုံးစဉ့် လာရောက်ခြင်း မရှိသလို သမီးဖြစ်သူ (မဌေးရီ) သေဆုံးခဲ့စဉ့်မှာလဲ လာရောက်ခဲ့ခြင်း မရှိသည်မှာ ဆွေမျိုးများ က သိရှိခဲ့ကြသည်။

(မဌေးရီ) ၏ ရင်သွေးများမှာ မစုချွန် ၁၄ နှစ့် မအီတူး ၁၁ နှစ့် မောင်သက်လွင်ဦး ၈ နှစ့် မောင်သက်လွင်ဦး အား အမျိုးအရင်းများမှ ခေါ်ယူ မွေးစားထားရပါသည်။

အမှု့လမ်းကြောင်းမှာဆားလင်းကြီး မြို့နယ်တရားမရုံးမှ ဥပဒေ အမိန့် ၉နည်း ၆(၁) (က) အရ တစ်ဖက်သက် အနိုင်ယူပြီး အိမ်ဝိုင်းအား ဖယ်ရှားခိုင်းသည်။

ကလေးမများ နေထိုင်သော အိမ်ဝိုင်းသည် ဦးမြဲ +(ဒေါ်ခင်ဝင်း) ပိုင်ဆိုင်ကြောင်း အထောက့်အထား မရှိသည်မှာ ကျေးရွာ က သိရှိခဲ့ပြီး ဖြစ်ပါသည်။

ကွယ်လွန်သူ ဒေါ်ခင်ဝင်း ၏ မိဘများ ပိုင်ဆိုင်သော မြေကွက်ဖြစ်သည် ဆိုတာ ကျေးရွာနေ ပြည်သူများ သိရှိထားသဖြင့် လက်ရှိကျန်ရစ်ခဲ့သော သားသမီး မြေးများသာ ပိုင်ဆိုင်နိုင်ကြောင်း လူမှု့ရေးအရ တွက်ဆမိပြီးကလေးမများ ပိုင်ဆိုင်သော အိမ်ဝိုင်း ဖြစ်သဖြင့် ကျေးရွာမှပထမ အကြိမ် ကျား/မ ၈၀ခန့် က အိမ်မဖျက်ဆီးဖို့ ဝိုင်းဝန်း တားမြစ်ခဲ့သည်။

ဒုတိယ အကြိမ် ထပ်မံဖျက်ဖို့ လာရောက်ခဲ့ရာမှာ လူအင်းအား ၄၀ခန့် တားမြစ်ပေးကြရပြန်သည်။

လူမမည် ကလေးမများ အတွက့်ရပ်ရွာနေ ပြည်သူများ ကောင်းမှု့ကြောင့် ကလေးမများ လက်ရှိမှာ နေထိုင်ကြရပြီး ဥပဒေဆိုင်ရာ နားမလည်ကြပါသဖြင့် လူအခွင့်အရေး အရ တတ်နိုင်သော အကူအညီများ ဝိုင်းဝန်းကူညီပေးကြဖို့ အကူအညီတောင်းခံအပ်ပါသည်။

Facebook အပေါ်မှ ချစ်မိတ်ဆွေများ မှ အသိပညာရှင်များ အတတ်ပညာရှင်များ ၏ အကြံအဉာဏ်များ ကို အထူးဘဲ လိုအပ်လျှက်ရှိပါသည်။

About the author

ilove

Leave a Comment